DVB Logo
Home
မြန်မာသတင်း
နှမ်းဖြိုင်ဖြိုင်ထွက်ချိန်တွင် နှမ်းဈေနှုန်းထိုးမကျရန် တောင်သူများမျှော်လင့်
DVB
·
December 6, 2018
နှမ်းဖြိုင်ဖြိုင်ထွက်ချိန်တွင် နှမ်းဈေနှုန်းထိုးမကျရန် တောင်သူများမျှော်လင့်
Donate to DVB

မြန်မာပြည်တွင်း နှမ်းအရောင်းအဝယ်ဈေးကွက်မှာ အခုနှစ် နှမ်းတစ်တင်းကို ကျပ် ၈ဝဝဝဝ ဝန်းကျင်ရှိနေတာကြောင့် နှမ်းစိုက် တောင်သူတွေအနေနဲ့ ဒီဈေးထက်ကျမသွားဖို့ မျှော်လင့်နေကြပါတယ်။

ခုလက်ရှိအနေနဲ့ ပခုက္ကူနှမ်းဈေးကွက်မှာ ဈေးအနည်းငယ်အေးနေပြီး နောက်တပတ် လောက်ထိ အနည်းငယ် အတက်အကျရှိနိုင်တယ်လို့ မြို့ခံ နှမ်းကုန်သည်တဦးက ပြောပါတယ်။

“ဒီဇင်ဘာ ၃ ရက်နေ့က မုန်တောလို့ခေါ်တဲ့ နာမည်ကြီး စမှန်နှမ်းက တတင်း ကျပ် ၈၃ဝဝဝ ရှိပြီး ပြင်နှမ်းကတော့ အောက်စ ၆၅ဝဝဝ နဲ့ ထိပ်စ ၈ဝဝဝဝ ပေါက်ပါတယ်။ ဒီဇင်ဘာ ၄ ရက်နေ့မှာတော့၊ မုန်တောက ၈၂၊  ပြင်နှမ်းမှာတော့ ၆၅ နဲ့ ၈၁ ရှိပါတယ်။ ဒီနေ့တော့ မုန်တောတောင်မမြင်မိဘူးဗျ၊ ပြင်နှမ်းက ၆၅ နဲ့ ၇၈ ထိတော့ အရောင်းအဝယ် ဖြစ်နေတာတော့ရှိပါတယ်။”

ဒီနှစ်မှာ နှမ်းပေါ်စကတည်းက နှမ်းတစ်တင်းကို ကျပ် ၈ဝဝဝဝ ကျော်ရှိနေတာကြောင့် တောင်သူတွေ နှမ်းဖြိုင်ဖြိုင်ရတဲ့အချိန်မှာ နှမ်းဈေးကျမသွားရင်တော့ တောင်သူတွေ အတွက် အတော်လေးကို အခြေအနေကောင်းသွားမယ်လို့ နှမ်း တောင်သူ ဦးထွန်းလင်းစိုးကပြောပါတယ်။

မနှစ်က တောင်သူတွေအနေနဲ့ ပဲစိမ်းငုံဈေးပျက်ခဲ့တာကြောင့် ခုနှစ်မှာ ပဲစိမ်းငုံ မစိုက် သလောက်ရှိခဲ့ပြီး နှမ်းကို ပိုအားထားစိုက်ပျိုးခဲ့ကြပါတယ်။ ဒီနှစ်မှာ နှမ်းစိုက်မှုပိုများလာခဲ့သိလို ရာသီဥတု မှန်ကန်အောင်စိုက်နိုင်ခဲ့သူတွေအတွက်လည်း နှမ်းအထွက်တိုးခဲ့ပါတယ်။

တောင်သူ ဦးတင့်လွင်က “ပဲစိမ်းငုံက မနှစ်က ဈေးကွက်ပျက်တော့ မစိုက်ပါဘူးခင်ဗျ၊ နှမ်းကတော့ မနှစ်ကထက် အများကြီးပိုစိုက်ပါတယ်။ ပဲစိမ်းငုံမစိုက်တဲ့အကွက်တွေရော၊ ကောင်းလည်း ကောင်းပါတယ်။ မနှစ်က ကျနော်တို့ နှမ်းကြီးမှာ ၃ဝ လောက်ရတယ်။ ဒီနှစ်မှာတော့ နှမ်းကြီးဆိုလိုရှိရင် ၆ဝ/ ၇ဝ လောက်တော့ရပါတယ် ခန့်မှန်းခြေ အကုန်တော့ မသိမ်းရသေးဘူး”လို့ ပြောပါတယ်။

ပခုက္ကူနှမ်းဈေးကွက်မှာ ဒီဇင်ဘာ ၅ ရက်နေ့ ပခုက္ကူကုန်စည်ဒိုင်ပေါက်ဈေးတွေကတော့ နှမ်း ညို ကျပ် ၅၂ဝဝဝ ၊ နှမ်းစမုံ (ပြင်)ထိပ်စ  ကျပ် ၇၈ဝဝဝ နဲ့ နှမ်းစမုံ (ပြင်) အောက်စ ကျပ် ၆၅ဝဝဝ အကြား အရည်အသွေးအလိုက် ဈေးနှုန်း အစားစာရှိပါတယ်။ ဈေးနှုန်းဟာ တစ်တင်းဈေးနှုန်းဖြစ်ပြီး အချိန်ကိုလိုက်လို့လည်း ဈေးနှုန်းပြောင်းလဲနိုင်ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013