DVB Logo
Home
မြန်မာသတင်း
လားရှိုးတွင် ရှမ်းရိုးရာ နှစ်သစ်ကူးပွဲတော်ကျင်းပ
DVB
·
December 6, 2018
လားရှိုးတွင် ရှမ်းရိုးရာ နှစ်သစ်ကူးပွဲတော်ကျင်းပ
1 / 4
Donate to DVB

နှစ်စဉ် နတ်တော်လဆန်း ၁ ရက်မှာ ကျရောက်တဲ့ ရှမ်းတိုင်းရင်းသားရိုးရာ နှစ်သစ်ကူးပွဲနဲ့ ကောက်ဦးအလှူပွဲကို နေရာဒေသ အသီးသီးမှာ ကျင်းပနေရာမှာ ဗဟိုရှမ်းနှစ်သစ်ကူး ပွဲတော်ကိုတော့  ရှမ်းပြည်မြောက်ပိုင်း လားရှိုးမြို့မှာ ကျင်းပနေပါတယ်။

ရှမ်းသက္ကရာဇ် ၂၁၁၂ ကုန်ဆုံးပြီး ၂၁၁၃ နှစ်ကို ကူးပြောင်းမယ့်နေ့ရက်ကတော့ ဒီနှစ် ဒီဇင်ဘာ ၈ ရက်နေ့မှာ ကျရောက်ပေမယ့်လည်း လားရှိုးက ပွဲတော်ကိုတော့  ဒီဇင်ဘာလ ၆ ရက်မှ ၈ ရက်နေ့ထိ ၃ ရက်တိုင် ကျင်းပသွားဖို့ ရှိနေတာပါ။

မြန်မာနိုင်ငံလုံးဆိုင်ရာ ဗဟိုရှမ်းတိုင်းရင်းသားစာပေနဲ့ ယဉ်ကျေးမှုကော်မတီက ဦးဆောင်ပြီး ဗဟိုနှစ်သစ်ကူးပွဲကို အရင်က ကျိုင်းတုံ၊ တောင်ကြီးစတဲ့မြို့ကြီးတွေမှာ ကျင်းပခဲ့ပြီး ဒီနှစ်ဟာ လားရှိုးအလှည့်ရောက်တာလို့ လားရှိုးရှမ်းစာပေယဉ်ကျေးမှု ဥက္ကဋ္ဌ ဦးစိုင်းကျော်ဌေးက ဒီဗွီဘီကို ပြောပါတယ်။

“ကျနော်တို့ပြည်နယ်မှာ တိုက်ပွဲတွေလည်းရှိနေ၊ စစ်ပြေးရှောင်တွေလည်း ဒုက္ခရောက်နေ တဲ့ကြားက အခုလိုပွဲတော်ကျင်းပတော့ ဝေဖန်ပြောဆိုမှုတွေလည်း ရှိနေတာပေါ့နော်။  ဒါပေမယ့် ပျော်ရွှင်ဖို့ ပွဲလုပ်တာတော့ မဟုတ်ဘူးလို့ ပြောချင်ပါတယ်။ ကျနော်တို့ လားရှိုးမှာ အလှည့်ကျ လုပ်ဖို့ အရင်ကတည်းက ဆုံးဖြတ်ထားတာရှိတယ်၊ ပြီးတော့ ရိုးရာ ပွဲတော်ဆက်လက်ထိန်းသိမ်းမြှင့်တင်ဖို့၊ ပွဲတော်ထဲကနေ တန်ဖိုးရှိတဲ့ အကျိုးကျေးဇူးရှိတဲ့အရာတွေ အများကြီးထွက်လာမယ်လို့ ကျနော်တို့ မျှော်လင့်ပါတယ်။”

ဒီပွဲတော်မှာ ဒေသအသီးသီးက ရှမ်းမျိုးနွယ်စုတွေ လာရောက်ဆုံဆည်းဖလှယ်ခွင့်ရသလို ရှမ်းစာဆိုတော်များဂုဏ်ပြုပွဲ၊ ပညာရှင်တွေရဲ့စာပေဟောပြောပွဲတွေကနေ ဗဟုသုတတွေ အ များကြီး ရမယ်လို့လည်း ဆိုပါတယ်။

ပွဲတော်နဲ့အတူ ဌာနဆိုင်ရာအသီးသီးရဲ့ ပညာပေးပြခန်း၊ ယဉ်ကျေးမှုပြခန်း၊ ဒေသထွ က်ကုန်နဲ့ အစားအစာရောင်းချပွဲ၊ အားကစားပြိုင်ပွဲ၊ ထူးချွန်သူများ ဂုဏ်ပြုပွဲတွေလည်း ထည့်သွင်း ကျင်းပမှာ ဖြစ်ပါတယ်။

ရှမ်းနှစ်သစ်ကူးပွဲအထိမ်းအမှတ် စာဆိုတော်များဂုဏ်ပြုပွဲနဲ့ စာပေဟောပြောပွဲကိုတော့  လားရှိုးမြို့ ရပ်ကွက် ၁၂ ရှိ ရှမ်းစာပေယဉ်ကျေးမှုအသင်းတိုက်မှာ ကျင်းပမှာပါ။

ပညာပေးပြခန်းတွေ၊ ယဉ်ကျေးမှုအကပဒေသာ၊ ခေတ်ဟောင်းပြဇာတ်စင်၊ တေးဂီတ ဖျော်ဖြေပွဲစင်၊ အလှမယ်ပြိုင်ပွဲ၊ အားကစားပြိုင်ပွဲနဲ့ ကံစမ်းမဲဖောက်ပွဲတွေကတော့ လားရှိုးမြို့ ရပ်ကွက်  ၁ ရှိ ချယ်ရီမြိုင်အိမ်ရာဝင်းထဲမှာ ကျင်းပနေတာပါ။

စာပေဟောပြောပွဲဖွင့်ပွဲအခမ်းအနားကို ဒီကနေ့မနက် ၉ နာရီက ကျင်းပခဲ့ပြီး  နှစ်သစ်ကူး အလံတင်ပွဲနဲ့ မုခ်ဦးဖွင့်ပွဲအခမ်းအနားကိုတော့ ဒီကနေ့ ညနေ ၃ နာရီမှာ ကျင်းပပါတယ်။

နှစ်သစ်ကန်တော့ပွဲ ၊ ကောက်သစ်အလှူပွဲနဲ့ သံဃာတော်များဆွမ်းဆက်ကပ်ခြင်း ၊ နှစ်သ စ်ကူးပရိတ်တရားတော်ဖတ်ကြားခြင်းတွေကိုတော့ ဒီဇင်ဘာ ၈ ရက်နေ့မှာ ကျင်းပဖို့ရှိပါတယ် ။  

     ပွဲတော်ကို  မြန်မာနိုင်ငံအရပ်ရပ်ရှိ  မြို့ပေါင်း ၉၀ ကျော်က ရှမ်းစာပေယဉ်ကျေးမှုအဖွဲ့တွေ ဖိတ်ကြားထားပါတယ်။

ရှမ်းသက္ကရာဇ်မှာ ရှေးယခင်ကတည်းက ရှိခဲ့ပေမယ့် လက်ရှိ ၂၁၁၃ ခုနှစ်သက္ကရာဇ် ( ၀က်နှစ် )ကိုတော့ မောရှမ်းပြည်ထောင်စတင်တည်ထောင်တဲ့နှစ်က စတင်ပြန်လည် ရေတွက်ပါတယ်။ ရှမ်းတို့ဒေသကို ဗုဒ္ဓဘုရားရှင်ရဲ့ ပိဋကတ်သုံးပုံစတင်ရောက်ရှိတဲ့ နတ်တော်လဆန်း ၁ ရက်ကို နှစ်သစ်ကူးနေ့ အဖြစ်သတ်မှတ်ခဲ့ပါတယ်။  

ဓာတ်ပုံ - Sai Tiger Tai

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013