DVB Logo
Home
မြန်မာသတင်း
မကွေးမြို့တွင် ဆိုင်ကယ် ၂၈ စီး ခိုးယူသူဖမ်းဆီးရမိ
DVB
·
December 6, 2018
မကွေးမြို့တွင် ဆိုင်ကယ် ၂၈ စီး ခိုးယူသူဖမ်းဆီးရမိ
Donate to DVB

မကွေးတိုင်း၊ မကွေးမြို့နယ်မှာ မသင်္ကာတဲ့ ဆိုင်ကယ်တစီးကို ရပ်တန့်စစ်ဆေးရာကနေ ဆိုင်ကယ် ၂၈ စီးခိုးယူမှုပါ ဖော်ထုတ်နိုင်ခဲ့တယ်လို့  တိုင်းရဲတပ်ဖွဲ့က သတင်းထုတ်ပါတယ်။

ဒီဇင်ဘာ ၄ ရက် ည ၇ နာရီခွဲလောက်က မကွေးတိုင်း ရဲတပ်ဖွဲ့မှူးရုံးက ပူးပေါင်းအဖွဲ့ဟာ မကွေးမြို့၊ ဗိုလ်ချုပ်ပန်းခြံအနီး ၀ပ်ကင်းဆောင်ရွက်နေတုန်း နံပါတ်မပါ ဒါရမ်း-၁၂၅ ဖြူ/ပြာရောင် ဆိုင်ကယ် ၁ စီးကို လူ ၂ ယောက် စီးလာတာကို မသင်္ကာဖွယ် တွေ့ရှိခဲ့တာပါ။

အဲဒီလူ ၂ ယောက်ကို စစ်ဆေးခဲ့ရာမှာ မကွေးမြို့နယ်၊ သာယာကုန်း ကျေးရွာနေ လင်းလင်း(ခ)၀ဏ္ဏနဲ့ တရွာတည်းနေ ညီဖြစ်သူ ဆန်းထွန်းလင်း(ခ)ရဲထက် ၂၅ နှစ် တို့ဖြစ်ပြီး ဆိုင်ကယ် ပိုင်ဆိုင်ကြောင်း အထောက်အထား တစုံတရာ ပြောဆိုပြသနိုင်ခြင်း မရှိခဲ့ဘူးလို့ သိရပါတယ်။

ရဲအုပ် အေးမင်းထွန်းက  လင်းလင်းနဲ့ ဆန်းထွန်းလင်းတို့ကို တရားလို ပြုလုပ်တိုင်တန်းလို့ မကွေးမြို့၊ မြို့မရဲစခန်းက ရာဇသတ်ကြီးပုဒ်မ ၃၈၀/ကျင့် ၅၄ နဲ့ အမှုဖွင့်ဆောင်ရွက်ခဲ့တယ်လို့ တိုင်းရဲသတင်းမှာ ဖော်ပြပါတယ်။

မကွေးမြို့မရဲစခန်းမှူး ဒုရဲမှူး သန်းဝင်းဦးစီးအဖွဲဟာ  တရားခံ လင်းလင်း(ခ)၀ဏ္ဏ၊ ဆန်းထွန်းလင်း (ခ) ရဲထက်တို့ကို  အသေးစိတ်စစ်ဆေးရာမှာ မကွေးမြို့နယ်အတွင်း စုစုပေါင်း ဆိုင်ကယ် ၂၈ စီး  ခိုးယူရောင်းချထားရှိခဲ့ကြောင်း စစ်ဆေးပေါ်ပေါက်ခဲ့ပါတယ်။

ဒီဇင်ဘာ ၅ ရက်မှာ သူတို့ ခိုးယူထားတဲ့ ဆိုင်ကယ်တွေကို ရဲစခန်းက  လိုက်လံ သိမ်းဆည်းကာ ပိုင်ရှင်တွေလိုက်လံစုံစမ်းနေပြီး တရားခံနှစ်ယောက်ကို ဥပဒေနဲ့ အညီ အရေးယူမယ်လို့ ရဲသတင်းမှာ ဖော်ပြပါတယ်။

 

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013