DVB Logo
Home
မြန်မာသတင်း
ခရီးသွားဧည့်သည်များပြားလာသဖြင့် ကျောက်ကြီးခမောက်များ အရောင်းသွက်
DVB
·
December 6, 2018
ခရီးသွားဧည့်သည်များပြားလာသဖြင့် ကျောက်ကြီးခမောက်များ အရောင်းသွက်
Donate to DVB

ပဲခူးတိုင်း စစ်တောင်းမြစ် အရှေ့ဘက်အခြမ်းရှိ  ကျောက်ကြီးမြို့မှာ ဒေသထွက်ကုန်လည်းဖြစ် အမှတ်ရလက်ဆောင်လည်းဖြစ်တဲ့ ကျောက်ကြီးခမောက် လုပ်ငန်းက အရင်ကထက် ပိုမို အရောင်းသွက်လာပါတယ်။

ခမောက်ရောင်းချသူ တဦးက “ခမောက် တခုဖြစ်ဖို့က ဝါးကိုခွေ ရေထဲမှာ ရက် ၂ဝ လောက်စိမ်ထားရပါတယ်။ ဝါးဖက်တွေကတော့ ကျနော်တို့ဒေသမှာ ရှားပါးလာတော့ ဧရာဝတီတိုင်းဘက်ကို လှမ်းမှာရပါတယ်။ ခမောက် တလုံးကို ၁၀၀၀ ကနေ ၂၀၀၀ ကျပ်အထိ ရောင်းရပါတယ်။ ခရီးသွားတွေကလည်း ကျောက်ကြီး အမှတ်တရအဖြစ် ခမောက်ကို ဝယ်သွားကြလို့ တမြို့လုံး ပျမ်းမျှဆို အရင်က ဒေသတွင်းလောက်ပဲ တလ ၅၀၀ လောက်ရောင်းနေရတာကနေ အခုဆို ၅ ဆလောက် ပိုမိုအရောင်းသွက်လာပါတယ်” လို့ ပြောပါတယ်။

ကျောက်ကြီးဒေသ ခမောက် လုပ်ငန်းက ရာသီမရွေးဝယ်လို့ရပြီး ရာသီအလိုက်ထွက်ရှိတဲ့ ဒူးရင်းသီး၊ မင်းဂွတ်သီး၊ အုန်းထန်းလျက်တို့ကလည်း ထင်ရှားတဲ့ ဒေသထွက်ကုန်တွေ ဖြစ်ပါတယ်။

ပွင့်လင်းရာသီရောက်လာတဲ့အချိန် မြန်မာပြည်အနှံ့ ခရီးသွားလာကြတဲ့ ဒေသတွေထဲမှာ ပဲခူးတိုင်း ကျောက်ကြီးမြို့လည်း အပါအဝင်ဖြစ်ပါတယ်။ ကျောက်ကြီးမြို့က ရဟန္တာ ရှင်သီဝလိ ခြေတော်ရာနဲ့ စပ်လဲရေတံခွန်တို့ဟာ အလွန်ထင်ရှားတဲ့အတွက် ခရီးသွား ဧည့်သည်တွေ စိတ်ဝင်တစား လာကြပါတယ်။

ခရီးသွား ဧည့်သည်တဦးက “ကျမတို့က ရန်ကုန်ကနေ ညဘက်ထွက်လာပြီး ရှင်သီဝလိခြေတော်ရာကို မနက် အစောရောက် ခဏနား ဘုရားဖူးပြီးတာနဲ့ နေ့လယ်ပိုင်းဆို အနီးအနားလျှောက်လည်ပြီး စပ်လဲရေတံခွန်မှာ သွားရောက်အပန်းဖြေပါတယ်။ ညနေဘက် ပြန်ထွက်လာဆိုတော့ ၁ ရက်တာ ခရီးအဖြစ် လာကြတာပါ” လို့  ပြောပါတယ်။

ကျောက်ကြီးဒေသက အရင်က အမဲရောင်နယ်မြေတခုဖြစ်ပြီး  အန်စီအေလက်မှတ်ထိုးပြီး ၂၀၁၅ နောက်ပိုင်းမှာတော့ ဒေသအတွင်းသွားလာခွင့် ပိုမိုရရှိလာပြီး ခရီးသွား ဘုရားဖူးတွေ ပိုမိုများပြားလာတယ်လို့ သိရပါတယ်။

ဗိုလ်သူရိန်

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013