DVB Logo
Home
မြန်မာသတင်း
မီဒီယာဖွံ့ဖြိုးရေးလုပ်နေချိန် ဝိုင်းဖွတာနှောက်တာမဖြစ်သင့်ဟု မီဒီယာကောင်စီ ဥက္ကဋ္ဌပြော
DVB
·
December 6, 2018
မီဒီယာဖွံ့ဖြိုးရေးလုပ်နေချိန် ဝိုင်းဖွတာနှောက်တာမဖြစ်သင့်ဟု မီဒီယာကောင်စီ ဥက္ကဋ္ဌပြော
Donate to DVB

ပြန်ကြားရေးဝန်ကြီးရဲ့ပြောဆိုမှုအပေါ် ကန့်ကွက်တဲ့ မီဒီယာအဖွဲ့တွေအနေနဲ့ မီဒီယာ ဖွံ့ဖြိုးရေးလုပ်ဆောင်နေချိန်မှာ ဝိုင်းပြီးဖွတာ၊ နှောက်တာမျိုးမဖြစ်သင့်ဘူးလို့ မြန်မာနိုင်ငံ သတင်းမီဒီယာ ကောင်စီ ဥက္ကဋ္ဌက ပြောကြားလိုက်ပါတယ်။

ဒီဇင်ဘာ ၅ ရက်နေ့ နေပြည်တော်မှာကျင်းပတဲ့ မြန်မာမီဒီယာ ဖွံ့ဖြိုးမှုဖိုရမ် ပိတ်ပွဲအခမ်းအနားမှာ မိန့်ခွန်းပြောဆိုစဉ် မြန်မာနိုင်ငံ သတင်းမီဒီယာကောင်စီ ဥက္ကဋ္ဌ ဟံသာဝတီ ဦးအုန်းကြိုင်က အခုလိုပြောဆိုလိုက်တာပါ။

“ပြန်ကြားရေးဝန်ကြီးနဲ့ ကျနော်တို့ မီဒီယာအဖွဲ့အစည်းတွေ အမြင်ချင်းကွဲလွဲတာဟာ တိုးတက်တဲ့ အစဉ်လာတခုလို့ပဲ ကျနော်တို့ လက်ခံလိုပါတယ်။ တခုပဲရှိတယ် ဒီလို ကျနော်တို့ ဒီမိုကရေစီရှင်သန်ရေး၊ မီဒီယာ ဆက်လက်ရှင်သန်ရေးအတွက် ကြိုးစားတဲ့နေရာမှာ ဖွတာ နှောက်တာတော့မဖြစ်သင့်ဘူး။ ဒါလေးတခုတော့ ကျနော် တောင်းပန်ချင်တယ်။ တခုခုဆိုရင် ကျနော်တို့ ဝိုင်းပြီးတော့ ဖွကြတယ်။ ဘယ်လိုဘဲ ရည်ရွယ်ချက်ကောင်းကောင်း ဖွတာနှောက်တာနဲ့တင်  ပျက်စီးသွားခဲ့ရတယ်”

ဒီဇင်ဘာ ၅ ရက်က နေပြည်တော်မှာ ကျင်းပတဲ့ မြန်မာသတင်းမီဒီယာ ဖွံ့ဖြိုးရေးဖိုရမ် မှာ ပြန်ကြားရေးဝန်ကြီးက မီဒီယာလွတ်လပ်ခွင့်ကိစ္စနဲ့ ပတ်သက်ပြီး ပြည်ပထောက်ပံ့ယူထားတဲ့ အဖွဲ့အစည်းတွေနဲ့ လူပုဂ္ဂိုလ်တို့ရဲ့ လက်အောက်က မီဒီယာသမားတွေရဲ့ ဘက်လိုက်မှု ရှိမရှိ မေးခွန်းထုတ်စရာဖြစ်တယ်လို့ ပြောဆိုတဲ့အပေါ်  မီဒီယာနဲ့ အရပ်ဖက်အဖွဲ့တွေက ကြေညာချက်ထုတ်ပြန် ကန့်ကွက်ခဲ့တာဖြစ်ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013