DVB Logo
Home
မြန်မာသတင်း
ကီလို ၃၀ ကျော်လေးသည့် ကျောက်ပြင်နှင့် သနပ်ခါးဝတ်စုံဖြင့် မယ်စကြာဝဠာပြိုင်ပွဲဝင်မည့် မြန်မာအလှမယ်(ဓာတ်ပုံ)
DVB
·
December 6, 2018
ကီလို ၃၀ ကျော်လေးသည့် ကျောက်ပြင်နှင့် သနပ်ခါးဝတ်စုံဖြင့် မယ်စကြာဝဠာပြိုင်ပွဲဝင်မည့် မြန်မာအလှမယ်(ဓာတ်ပုံ)
1 / 5
Donate to DVB

၂၀၁၈ မယ်စကြာဝဠာအလှမယ်ပြိုင်ပွဲမှာ မြန်မာနိုင်ငံ ကိုယ်စားပြုအလှမယ် နှင်းသွေးယုအောင်က ကီလို ၃၀ ကျော်လေးတဲ့ မြန်မာ့သင်္ကေတ သနပ်ခါးဝတ်စုံနဲ့ ပါဝင် ယှဉ်ပြိုင်မယ်လို့ သိရပါတယ်။

ပြိုင်ပွဲရဲ့ နိုင်ငံအလိုက် အမျိုးသားဝတ်စုံပြိုင်ပွဲမှာ သူ့အနေနဲ့ ဒီဝတ်စုံနဲ့ ယှဉ်ပြိုင်သွားမှာဖြစ်ကာ သနပ်ခါးတုံးကို ကျောက်ပြင်မှာ သွေးလိမ်းတဲ့ ပုံစံနဲ့ တင်ဆက်သွားမယ်လို့ ဆိုပါတယ်။

ဒီဝတ်စုံဒီဇိုင်းကိုတော့ ဒီဇိုင်နာ Seng Latt(Maka)က ဖန်တီးချုပ်လုပ်ပေးထားတာဖြစ်ပြီး သူ့ရဲ့ ဖေ့စ်ဘွတ်ခ်ပေါ်မှာတော့ ဒီဝတ်စုံနဲ့ပတ်သက်ပြီး ခုလိုဖော်ပြထားခဲ့တာပါ။

“Miss Universe Myanmar အတွက် သနပ်ခါး NC လေး လုပ်ထားပါတယ်။ ပွဲ တိုင်းမြင်နေကျ ရွှေရောင်ဘလင်းဘလင်းတွေကြားမှာ သဘာဝဆန်တဲ့ အရောင်နဲ့ ရိုးရှင်းပြီး အဓိက ပြချင်တဲ့ မြန်မာ့သနပ်ခါးကို ပေါ်လွင်အောင် သနပ်ခါးကို ဘယ်လိုအသုံးပြုရတယ်ကိုပါ တခါတည်းတွဲမြင်အောင် သူမကိုယ်တိုင် ကျောက်ပြင်ထက်က သနပ်ခါးအဖြစ် Design ပြုလုပ်ထားတာဖြစ်ပါတယ်။ Kg 30 ကျော် လေးတဲ့ ကျောက်ပြင်ကို ထမ်းပြီး မြန်မာ့သနပ်ခါးကို ကမ္ဘာသိအောင် ချပြမယ့် Miss Universe Myanmar နှင်းသွေးကိုလည်းအားပေးကြပါအုံးနော်”

အသက် ၂၁ နှစ်အရွယ် အလှမယ် နှင်းသွေးယုအောင်ဟာ ပဲခူးတိုင်းကိုယ်စားပြု အလှမယ်အဖြစ် ၀င်ရောက်ယှဉ်ပြိုင်ခဲ့တာဖြစ်ပြီး ၂၀၁၈ ခုနှစ် မယ်စကြာဝဠာအလှမယ် အဖြစ် ရွေးချယ်ခံခဲ့ရတာ ဖြစ်ပါတယ်။

မယ်စကြာဝဠာအလှမယ်ပြိုင်ပွဲရဲ့ အမျိုးသားဝတ်စုံပြိုင်ပွဲမှာတော့ ၂၀၁၆ ခုနှစ်က မြန်မာကိုယ်စားပြု အလှမယ်အဖြစ် သွားရောက်ယှဉ်ပြိုင်ခဲ့တဲ့ အလှမယ် ထက်ထက်ထွန်းက ရုပ်သေးမင်းသမီးနဲ့ ဆိုင်းဝိုင်းအပြင်အဆင်တင်ဆက်မှုနဲ့ ပထမဆုံးအကြိမ် ဆုရရှိခဲ့ဖူးပါတယ်။

၆၇ ကြိမ်မြောက် ကျင်းပတဲ့ အခုနှစ်ရဲ့ မယ်စကြာဝဠာပြိုင်ပွဲကိုတော့ ထိုင်းနိုင်ငံက အိမ်ရှင်အဖြစ် လက်ခံကျင်းပနေတာဖြစ်ပြီး နိုင်ငံပေါင်း ၉၄ နိုင်ငံက အလှမယ်တွေ ပါဝင် ယှဉ်ပြိုင်နေကြပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013