DVB Logo
Home
မြန်မာသတင်း
ပြန်ကြားရေးဝန်ကြီးပြောကြားချက် မီဒီယာနှင့် အရပ်ဖက်အဖွဲ့အစည်းများကန့်ကွက်
DVB
·
December 5, 2018
ပြန်ကြားရေးဝန်ကြီးပြောကြားချက် မီဒီယာနှင့် အရပ်ဖက်အဖွဲ့အစည်းများကန့်ကွက်
1 / 2
Donate to DVB

မီဒီယာဖွံ့ဖြိုးတိုးတက်ရေးညီလာခံမှာ ပြန်ကြားရေးဝန်ကြီးက နိုင်ငံပိုင်မီဒီယာရဲ့ အခန်းကဏ္ဍနဲ့ မီဒီယာလွတ်လပ်ခွင့်တွေအကြောင်း ပြောဆိုသွားတာနဲ့ ပတ်သက်ပြီး မီဒီယာနဲ့ အရပ်ဘက်အဖွဲ့အစည်းတွေက အပြင်းအထန်  ကန့်ကွက်လိုက်ပါတယ်။

ဒီကနေ့မနက် နေပြည်တော်မှာ စတင်ကျင်းပနေတဲ့ ၇ ကြိမ်မြောက် မီဒီယာ ဖွံ့ဖြိုးတိုးတက်ရေး ညီလာခံမှာ  ပြန်ကြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာဖေမြင့်က အဖွင့်အမှာ စကားပြောရာမှာ မီဒီယာလွတ်လပ်ခွင့်ကိစ္စ ထည့်သွင်းပြောသွားတာဖြစ်ပါတယ်။

“ကျနော်တို့ အနေနဲ့ မီဒီယာဖွံ့ဖြိုးတိုးတက်ရေး၊ မီဒီယာ လွတ်လပ်ခွင့်၊ စာနယ်ဇင်း လွတ်လပ်ခွင့်ကို စဉ်းစားတဲ့အခါမှာ အယ်ဒီတာများ၊ သတင်းစာသမားများ၊ ကိုယ်တိုင်ရေးသား သူများသည် ဘယ်လောက် Independent ဖြစ် (လွတ်လပ်) ပါသလဲ။ အယ်ဒီတာသည် စာနယ်ဇင်း ထုတ်လုပ်သူရဲ့ သြဇာကို ဘယ်လောက် လွန်ဆန်နိုင်သလဲ၊ ထုတ်လုပ်သူသည်ရော သူ့ထံမှာ ကြော်ငြာတွေ အများကြီး ထည့်ပြီး ငွေရေးကြေးရေးအားဖြင့် ပံ့ပိုးနေသူရဲ့ သြဇာကို ဘယ်လောက်လွန်ဆန်နိုင်သလဲ။ ကျနော်တို့ ပြောတဲ့ Editorial Policy ဟာ ဘယ်သူ့လက်ထဲမှာရှိလဲ။ အယ်ဒီတာ့ လက်ထဲမှာရှိသလား၊ မရှိဘူးလား၊ ဂျာနယ်လစ် လက်ထဲမှာ ရှိသလား၊ မရှိဘူးလား စဉ်းစားဖို့လိုပါတယ်။ အဲဒီ ပေါ်လစီမရှိဘူး ဆိုရင် freedom of Press, Freedom of Expression (စာနယ်ဇင်းလွတ်လပ်ခွင့်၊ လွတ်လပ်စွာဖော်ထုတ်ပြပိုင်ခွင့်) ရော သူ့လက်ထဲမှာရှိလား စဉ်းစားဖို့ လိုပါတယ်။ အဲဒီတော့ Freedom of Expression ပြောတဲ့အခါမှာ အစိုးရတွေရဲ့ ချုပ်ခြယ်မှုကနေ လွတ်လပ်အောင် ဆိုတဲ့သဘောကိုပဲ အာရုံပြုပြီး ပြောလေ့၊ လုပ်လေ့ရှိပါတယ်။ ဒါသည်လည်းပဲ အရေးကြီးပါတယ်၊ လုပ်ကို လုပ်ရမယ့် ကိစ္စဖြစ်ပါတယ်။ သို့သော် စာနယ်ဇင်းသမားများအနေနဲ့ မိမိတို့ကို ငွေကြေးအရ လွှမ်းမိုးနေသူရဲ့ သြဇာအောက်က လွတ် မြောက်ဖို့ကိုလည်း ကြိုးစားသင့်တယ်။ ဒီအတွက်လည်း အားထုတ်ဖို့ လိုလိမ့်မယ်။ စဉ်းစားသုံးသပ်ဖို့ လိုလိမ့်မယ်လို့ ပြောချင်ပါတယ်”

ဝန်ကြီးရဲ့ ပြောဆိုချက်နဲ့ ပတ်သက်လို့ မီဒီယာနဲ့ အရပ်ဘက်အဖွဲ့အစည်း ၁၆ ခုက ကြေညာချက်ထုတ်ပြန် ကန့်ကွက်လိုက်တာဖြစ်ပါတယ်။

ပြန်ကြားရေးဝန်ကြီးအနေနဲ့ နိုင်ငံပိုင် ဘဏ္ဍာငွေကိုသုံးပြီး တည်ဆဲအစိုးရနဲ့ တပ်မတော်ရဲ့ သြဇာခံနေတဲ့ ဝါဒဖြန့်ချိရေး မီဒီယာတွေ ဆက်လက်တည်ရှိနေတာကို စိုးရိမ်သင့်တယ်လို့လည်း မီဒီယာနဲ့ အရပ်ဖက် အဖွဲ့အစည်းတွေရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။

ဒါ့အပြင် ပြန်ကြားရေးဝန်ကြီးဌာနဟာ အများပြည်သူကို သတင်းအချက်အလက် ပေးတဲ့အလုပ်နဲ့ အများပြည်သူကို အသိပညာဖွံ့ဖြိုးတိုးတက်အောင်လုပ်ပေးနေပြီး အစိုးရရဲ့ ပုံနှိပ်နဲ့ အသံလွှင့် မီဒီယာတွေဟာ အစိုးရနဲ့ ပြည်သူကြားမှာဆက်သွယ်ပေါင်းကူးပေးနေတယ်လို့ လည်း ပြောသွားပါတယ်။

မီဒီယာနဲ့ အရပ်ဘက်အဖွဲ့အစည်းတွေရဲ့ ထုတ်ပြန်ချက်မှာ အစိုးရက မီဒီယာကိုတာဝန်ယူ သတင်းထုတ်ပြန်နေမယ်ဆိုရင် ဒါဟာ ဝါဒဖြန့်ချိတာပဲဖြစ်ပြီး နိုင်ငံပိုင်မီဒီယာက မီဒီယာရဲ့ တာဝန်ဖြစ်တဲ့ အစိုးရကို ထောက်ပြဝေဖန်ထိန်းကျောင်းဖို့ မဖြစ်နိုင်ဘူးလို့လည်း ဖော်ပြပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013