DVB Logo
Home
မြန်မာသတင်း
ထူးထူးခြားခြား ဆိုင်းနှင့် တွဲဖက်သီဆိုသည့် သာဒီးလူ၏ ရန်သူတော်ခြောက်ပါးသီချင်း (ရုပ်သံ)
DVB
·
December 5, 2018
ထူးထူးခြားခြား ဆိုင်းနှင့် တွဲဖက်သီဆိုသည့် သာဒီးလူ၏ ရန်သူတော်ခြောက်ပါးသီချင်း (ရုပ်သံ)
Donate to DVB

    “လူလူချင်းပဲ ငဲ့ညှာသနားရမယ်… ဒါလေးတောင်နင်မသိတက်ဘူးကွယ်… အချိန် ကြာလာတာနဲ့အမျှ သြော်… မေတ္တာသဘောကကွယ်… တိရစ္ဆာန်တွေတောင် သံယော ဇဉ်တွယ်လာကြတယ်”

ဒီသီချင်းစာသားတွေကို ကြားလိုက်တာနဲ့ ပရိသတ်တွေက လူငယ်ကြိုက်တေးသံ ရှင် သာဒီးလူရဲ့ ရန်သူတော်ခြောက်ပါးသီချင်းထဲက စာသားတွေမှန်း သိကြပြီး ဖြစ်မှာပါ။

ဒီသီချင်းဟာ ပရိသတ်သိကြတဲ့ သူ့ရဲ့ နာမည်ကြီးသီချင်းတွေထဲက တပုဒ်ဖြစ်ပြီး Version ပြောင်းပြီး Cover Song အနေနဲ့ သီဆိုမှုများတဲ့ သီချင်းတပုဒ်လည်း ဖြစ်ပါ တယ်။

ဒီတခါမှာတော့ ပုံမှန်မြင်တွေ့နေကျပုံစံနဲ့မဟုတ်ပဲ ဆိုင်းတွေ၊ ဗုံတွေနဲ့ တီးခတ်သီ ဆိုထားခဲ့တဲ့ ထူးခြားတဲ့ ရန်သူတော်ခြောက်ပါးကို ပရိသတ်တွေက ခံစားနားဆင်ကြရမှာ ဖြစ်ပါတယ်။

“အရိပ်မရှိတော့ ပူတယ်… အရိပ်ရှိတော့ ယူတယ်… ချွဲချွဲနွဲ့နွဲ့နဲ့ ပြောတတ်တဲ့ စ ကားလှလှရယ်… နင်ဟာ ရန်သူတော်ငါးပါးလား… တပါးတော့ ဖြစ်နိုင်သလား… ဒါဆိုရန် သူတော်ခြောက်ပါးဖြစ်အောင် တပါးထပ်ပေါင်းရမလား”

ဒီသီချင်းကိုတော့ သော်ဇင်ဖြိုးအမည်နဲ့ အသုံးပြုတဲ့ ဖေ့စ်ဘွတ်ခ်အင်တာနက်လူမှု ကွန်ရက်စာမျက်နှာပေါ်မှတဆင့် ပြီးခဲ့တဲ့ ဒီဇင်ဘာလ ၂ ရက်နေ့က မျှဝေထားခဲ့တာဖြစ် ပြီး ရေပန်းစားနေခဲ့တာ ဖြစ်ပါတယ်။

ထူးခြားဆန်းသစ်တဲ့ ပုံစံနဲ့ တီးခတ်သီဆိုထားခဲ့တဲ့ ဒီသီချင်းရုပ်သံဗွီဒီယိုဖိုင်ကို မူ ရင်းအဆိုတော် သာဒီးလူကိုယ်တိုင်ကလည်း တဆင့်ပြန်လည်မျှဝေခဲ့ပြီး “မိမိကိုယ်မိမိ ဂုဏ်ယူဖွယ်ရာ ထိုသူတို့အား လေးစားပါ၏” လို့ရေးထားခဲ့တာကိုလည်း တွေ့ရပါတယ်။

သာဒီးလူဟာ ပြယုဂ်၊ ကျွန်တော်ရူးနေသည် စတဲ့ တကိုယ်တော် တေးအယ်လ် ဘမ် ၂ ချပ်ထွက်ရှိခဲ့ပြီးဖြစ်ကာ သူ့ရဲ့ ပြည့်တန်ဆာ၊ လိုသလိုသုံး၊ ဟစ်ဟော့ပ်အဆို တော် J-Me နဲ့ တွဲဖက်သီဆိုထားတဲ့ ဂျူဒီသီချင်းတွေဟာ လူသိများတဲ့ သီချင်းတွေ ဖြစ်ပါ တယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013