DVB Logo
Home
မြန်မာသတင်း
ပြောင်းလဲနေသည့် ယနေ့ သီးနှံဈေးနှုန်းများ
DVB
·
December 5, 2018
ပြောင်းလဲနေသည့် ယနေ့ သီးနှံဈေးနှုန်းများ
Donate to DVB

မတ်ပဲ

ရန်ကုန် ဘုရင့်နောင်ကုန်စည်ဒိုင်မှာ မတ်ပဲက ပိဿာ ၆၀ ဝင် တအိတ်ကို ၇၇၀၀၀  ပေါက်ဈေးရှိပြီး တအိတ်ကို ၂၀၅၀ ကျပ် ဈေးတက်လာပါတယ်။ မန္တလေး ပွဲစားကုန်သည်စက်ပိုင်အသင်းမှာတော့ တအိတ်ကို ၇၀၀၀၀ ပေါက်ဈေးရှိပြီး တအိတ်ကို ၅၀၀၀ ကျပ် ဈေးကျဆင်းသွားပါတယ်။ ရန်ကုန်နဲ့ မန္တလေးကုန်စည်ဒိုင် တအိတ်ကို ၇၀၀၀ ကျပ် ဈေးကွာခြားမှုရှိပါတယ်။

ပဲစင်းငုံနီ

ရန်ကုန် ဘုရင့်နောင်ကုန်စည်ဒိုင်မှာ ပဲစင်းငုံနီက တအိတ်ကို ၇၆၃၀၀ ပေါက်ဈေးရှိပြီး တအိတ်ကို ၁၅၅၀ ကျပ် ဈေးတက်လာပါတယ်။ မန္တလေး ပွဲစားကုန်သည်စက်ပိုင်အသင်းမှာတော့  တအိတ်ကို ၆၈၀၀၀ ကနေ ၇၃၀၀၀ ပေါက်ဈေးရှိပြီး ဈေးအပြောင်းအလဲ မရှိပါဘူး။ ရန်ကုန်နဲ့ မန္တလေးကုန်စည်ဒိုင် တအိတ်ကို ၃၃၀၀ ကျပ် ဈေးကွာခြားမှုရှိပါတယ်။

ကုလားပဲ v2

မန္တလေး ပွဲစားကုန်သည်စက်ပိုင်အသင်းမှာ ကုလားပဲ v2 က ၅၇ ဒသမ ၂၅ ပိဿာဝင် တအိတ်ကို ၇၄၀၀၀ ကနေ ၇၅၀၀၀ ပေါက်ဈေးရှိပြီး တအိတ်ကို ၂၀၀၀ ကျပ် ဈေးကျဆင်းသွားပါတယ်။ ပခုက္ကူကုန်စည်ဒိုင်မှာတော့ တအိတ်ကို ၇၃၅၀၀ ပေါက်ဈေးရှိပြီး တအိတ်ကို ၂၄၀၀ ကျပ် ဈေးကျဆင်းသွားပါတယ်။ မန္တလေးနဲ့ ပခုက္ကူကုန်စည်ဒိုင် တအိတ်ကို ၁၅၀၀ ကျပ် ဈေးကွာခြားမှုရှိပါတယ်။

နှမ်းနက်(စမုံ)

မန္တလေး ပွဲစားကုန်သည်စက်ပိုင်အသင်းမှာတော့ နှမ်းနက်(စမုံ) က ၄၅ ပိဿာဝင် တအိတ်ကို ၂၂၀၀၀၀ ကနေ ၂၄၀၀၀၀ ရှိပြီး တအိတ်ကို ၅၀၀၀ ကျပ် ဈေးကျဆင်းသွားပါတယ်။ အောင်လံကုန်စည်ဒိုင်မှာတော့ တအိတ်ကို ၂၂၀၀၀၀ ကနေ ၂၃၀၀၀၀ ပေါက်ဈေးရှိပြီး တအိတ်ကို ၁၀၀၀၀ ကျပ် ဈေးကျဆင်းသွားပါတယ်။ မန္တလေးနဲ့ အောင်လံကုန်စည်ဒိုင် တအိတ်ကို ၁၀၀၀၀ ဈေးကွာခြားမှုရှိပါတယ်။

နှမ်းဖြူ

မန္တလေး ကုန်စည်ဒိုင်မှာ နှမ်းဖြူက တအိတ်ကို ၁၆၅၀၀၀ ကနေ ၁၇၃၀၀၀ ပေါက်ဈေးရှိပြီး တအိတ်ကို ၂၀၀၀ ကျပ် ဈေးကျဆင်းသွားပါတယ်။ မုံရွာကုန်စည်ဒိုင်မှာတော့ တအိတ်ကို ၁၅၉၀၀၀ ကနေ ၁၆၈၀၀၀ ပေါက်ဈေးရှိပြီး တအိတ်ကို ၄၅၀၀ ကျပ် ဈေးကျဆင်းသွားပါတယ်။ မန္တလေးနဲ့ မုံရွာကုန်စည်ဒိုင် တအိတ်ကို ၅၀၀၀  ကျပ် ဈေးကွာခြားမှုရှိပါတယ်။

စားအုန်းဆီ

မန္တလေး ပွဲစားကုန်သည်စက်ပိုင်အသင်းမှာ စားအုန်းဆီက တပိဿာကို ၁၅၅၀ ကနေ ၁၅၆၀ ပေါက်ဈေးရှိပြီး တပိဿာကို ၁၀ ကျပ် ဈေးကျဆင်းသွားပါတယ်။ မြင်းခြံကုန်စည်ဒိုင်မှာတော့ တပိဿာကို ၁၆၁၀ ကနေ ၁၆၂၀ ပေါက်ဈေးရှိပြီး ဈေးအပြောင်းအလဲ မရှိပါဘူး။ မန္တလေးနဲ့ မြင်းခြံ တပိဿာကို ၆၀ ကျပ် ဈေးကွာခြားမှုရှိပါတယ်။

ဖော်ပြထားတဲ့ သီးနှံတွေထဲက နှမ်းမျိုးစုံဈေးကတော့ ကျဆင်းသွားပါတယ်။ ဒီဇင်ဘာ ပထမအပတ်ကတည်းက ဈေးကျဆင်းခဲ့တာ ဖြစ်ပါတယ်။ ဂျပန်နိုင်ငံက အဓိကဝယ်ယူတဲ့ နှမ်းနက်(စမုံ) ဈေးက တခြား ပြည်ပဝယ်ယူမှုတွေနဲ့ နှိုင်းယှဉ်လိုက်ရင် ဈေးအလွန်များနေတဲ့အတွက် ဝယ်ယူမှုတွေ လျော့ချလိုက်ပြီး ဈေးကျဆင်းသွားခဲ့တာလို့ သိရပါတယ်။

လက်ရှိမှာ နှမ်းအသစ်တွေကလည်း ဆက်တိုက်ကို ဝင်လာတဲ့အတွက် ဈေးကလည်း ကျဆင်းသွားပါတယ်။

ဖော်ပြထားတဲ့ သီးနှံဈေးနှုန်းတွေက အချိန်နဲ့အမျှ ပြောင်းလဲနိုင်ပါတယ်။

သတင်း – AMIA

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013