DVB Logo
Home
မြန်မာသတင်း
မုံရွာစီးပွားရေးတက္ကသိုလ်တွင် သုတေသနပညာ ဘွဲ့လွန်ဒီပလိုမာသင်တန်းဖွင့်မည်
DVB
·
December 5, 2018
မုံရွာစီးပွားရေးတက္ကသိုလ်တွင် သုတေသနပညာ ဘွဲ့လွန်ဒီပလိုမာသင်တန်းဖွင့်မည်
Donate to DVB

သုတေသနလုပ်ငန်းတွေအတွက် အထောက်ကူ ဖြစ်စေနိုင်မယ့် ဘွဲ့လွန် ဒီပလိုမာသင်တန်းကို မုံရွာစီးပွားရေးတက္ကသိုလ်မှာ  ဒီဇင်ဘာ ၁၉ ရက်ကစပြီး ၉ လကြာ ဖွင့်လှစ် သင်ကြားဖို့ရှိနေပါတယ်။

ဘာသာရပ်အသီးသီးရှိ မဟာဘွဲ့၊ ပါဂူဘွဲ့အတွက် သုတေသနဆောင်ရွက်ချက်တွေ၊ လုပ်ငန်းပိုင်းအသီးသီးရှိ သုတေသန လုပ်ငန်းတွေကို စနစ်တကျဆောင်ရွက်ရာမှာ အထောက်ပံ့ဖြစ်စေဖို့ ရည်ရွယ်ဖွင့်လှစ်တာလို့  မုံရွာစီပွားရေးတက္ကသိုလ် စာရင်းအင်းပညာဌာနမှ ပါမောက္ခ ဒေါက်တာ ဒေါ်ကြိုင်ကြိုင်သက်ကပြောပါတယ်။

"ဒီသင်တန်းဟာ နိုင်ငံအကျိုးစီးပွားဖွံ့ဖြိုးရေးအတွက် အရေးပါအထောက်ကူပြုစေတဲ့ သင်တန်းတခုပါ။ လူတိုင်းလူတိုင်းဟာ စာရင်းအင်းပညာရပ်ကို သိကျွမ်းရင်းနှီးနေရမယ်လေ၊ နောက်ပြီး ဒီသင်တန်းဟာ ဘာသာရပ်တိုင်း၊ လုပ်ငန်းတိုင်းအတွက် သုတေသနပြုရာမှာ ပြုစုထား တဲ့ ဒေတာအချက်လက်တွေကို ထောက်ဆပြီး ဆုံးဖြတ်ချက်ချရာမှာ အထောက်ကူဖြစ်စေနိုင်ဖို့ ဖြစ်ပါတယ်"

သင်တန်းကို ဘာသာရပ်တခုခုနဲ့ ဘွဲ့ရရှိသူတိုင်း တက်ရောက်နိုင်မှာဖြစ်ပြီး  သင်တန်းသား ဦးရေ ၆၀ ခန့် ခန့်မှန်းတယ်လို့ သိရပါတယ်။

သင်တန်းအချိန်တွေကတော့ သင်တန်းဖွင့်တဲ့ရက်က စတင်ကာ တနင်္လာနေ့မှ သောကြာနေ့ထိ  မနက် ၇ နာရီမှ ၉ နာရီအထိ တက်ရောက်ရမှာဖြစ်ပါတယ်။

ဒါ့အပြင် စနေနေ့တွေမှာလည်း ပညာရေးဝန်ကြီးဌာမှ ပညာရှင်တွေက လာရောက်ပို့ချ ပေးသွားမှာဖြစ်ပြီး ကျန်ရက်တွေမှာတော့ မုံရွာစီးပွားရေးတက္ကသိုလ်ပါမောက္ခချုပ် ဒေါက်တာစိုးဝင်းနဲ့ စီးပွားရေးတက္ကသိုလ် စာရင်းအင်းဌာန ဝါရင့်ဆရာတွေက ပို့ချပေးသွားမှာပါ။

သင်တန်းတက်ရောက်မယ့်ကာလ ၉ လအတွင်းမှာ ၃ လတဖြတ်စီ တက်ရောက်ရမှာဖြစ်ပြီး သင်တန်းကြေး ကျပ် ၁၈၀,၀၀၀ ကိုတော့ တကြိမ်တည်းပေးသွင်းရမှာဖြစ်ပါတယ်။

သင်တန်းဝင်ခွင့်လျှောက်လွှာတွေကိုတော့ နိုဝင်ဘာ ၃၀ ရက်က စတင်ကာ မုံရွာမြို့ စီးပွားရေးတက္ကသိုလ် စာရင်းအင်းဌာနမှာ ဝယ်ယူရရှိနိုင်ပါတယ်။

 

ရန်နိုင်စိုး

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013