DVB Logo
Home
မြန်မာသတင်း
ကျောင်းသန့်ရှင်းရေးနှင့် လုံခြုံရေးအတွက် ရတနာပုံတက္ကသိုလ်​ကျောင်းသား ထပ်မံဆန္ဒပြ
DVB
·
December 5, 2018
ကျောင်းသန့်ရှင်းရေးနှင့် လုံခြုံရေးအတွက် ရတနာပုံတက္ကသိုလ်​ကျောင်းသား ထပ်မံဆန္ဒပြ
1 / 6
Donate to DVB

မန္တလေးမြို့ရှိ ရတနာပုံတက္ကသိုလ်​ကျောင်းအတွင်း သန့်ရှင်းရေးနဲ့ လုံခြုံရေးဝန်ထမ်း တိုးမြှင့်ချထားပေးဖို့​ ရတနာပုံတက္ကသိုလ် ကျောင်းသားများသမဂ္ဂက  ကျောင်း​ဝင်း​ပေါက်​မှာ ဒုတိယအကြိမ်​ ဆန္ဒပြ​တောင်းဆိုခဲ့ကြပါတယ်​။

ရတနာပုံတက္ကသိုလ်ကျောင်းသားများသမဂ္ဂ အနေနဲ့ မန္တလေးတိုင်းဒေသကြီး အစိုးရအဖွဲ့ရုံးက တာဝန်​ရှိသူတွေနဲ့ သွားရောက်ဆွေးနွေးတင်ပြခဲ့ပေမဲ့ ဖြေရှင်းမ​ပေးခဲ့တဲ့အတွက် မနေ့က ဆန္ဒပြကြတာလို့ သိရပါတယ်။

ရတနာပုံတက္ကသိုလ် ကျောင်းသားများသမဂ္ဂ စည်းရုံးရေးမှူး ကိုရဲမျိုးဆွေက​ “ကျေန်ာတို့ ကတော့ မရမချင်း နေ့တိုင်းဆန္ဒပြသွားမှာဖြစ်​တယ်​။ ကျနော်တို့ ဆန္ဒပြနေရင် ကျောင်းကဆရာ ဆရာမတွေ လုံခြုံရေးယူပေးမယ်။ ဒီအခြေအနေမျိုးမှာတော့ ဘယ်သူခိုးမှ လာခိုးမယ်လို့ မထင်ဘူး” လို့ ပြောပါတယ်​။

ဆန္ဒပြတောင်းဆိုရာမှာ ကျောင်းတွင်းလုံခြုံရေး တိုးမြှင့်ပေးရေး၊ ပျက်စီးနေတဲ့ သန့်စင်ခန်း​တွေကို အမြန်ဆုံးပြုပြင်ပေးရေး၊ သန့်ရှင်းရေးဝန်ထမ်းတွေ တိုးမြှင့်ချထားပေးရေး စတဲ့အချက်​တွေကို တောင်းဆိုခဲ့ကြပါတယ်​။

ရတနာပုံတက္ကသိုလ် ကျောင်းသားများသမဂ္ဂ ဥက္ကဋ္ဌ ကိုကျော်သီဟရဲကျော်က “ခုကျနော်တို့ တောင်းဆိုတာတွေကို ခေါင်းရှောင်ပြီး ကျောင်းထုတ်မယ်အဝေးသင် ပြောင်းမယ်ပဲပြောနေတယ်​။ ကျနော်တို့ကတော့ တောင်းဆိုစရာရှိတာကို ဆက်​လက်​တောင်းဆိုသွားမှာဖြစ်​တယ်”​လို့ ​ပြောပါတယ်​။

ရတနာပုံတက္ကသိုလ်မှာ ကျောင်းသား ၂၀၀၀၀ကျော်၊  ဆရာ ၇၀၀ ကျော်ရှိကာ လုံခြုံရေးနဲ့ သန့်ရှင်းရေးဝန်ထမ်းကတော့ ၃၀ ကျော်သာရှိ​နေတဲ့အတွက်​ လုံလောက်မှုမရှိဖြစ်နေတာပါ။

ဒါ့အပြင် စာသင်ခန်း​တွေမှာ အခန်းတံခါး​တွေပျက်စီးနေပြီး အိမ်သာတွေ သန့်ရှင်းမှု မရှိတာ ရေရရှိမှု အားနည်းတာတွေ ရှိ​နေပါတယ်။

ပြီးခဲ့တဲ့ပညာသင်နှစ်မှာ ကျောင်းတွင်း ဆိုင်​ကယ်​အပ်​နှံရာမှာ ဆိုင်ကယ်အစီး ၂၀ ကျော် ခိုးယူခံရလို့ ပျောက်ဆုံးသွားခဲ့ပြီး ကျောင်းလုံခြုံရေးအတွက်  နိုဝင်​ဘာ ၂၉ ရက်​​က ကျောင်းသားတွေ ပထမအကြိမ်​ ဆန္ဒပြ​တောင်းဆိုခဲ့ကြပါတယ်​။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013