DVB Logo
Home
မြန်မာသတင်း
စွန့်ပစ်ပလတ်စတစ်ကနေ အမှိုက်အိတ်ထုတ်
DVB
·
September 4, 2012
စွန့်ပစ်ပလတ်စတစ်ကနေ အမှိုက်အိတ်ထုတ်
Donate to DVB

ရန်ကုန်မြို့မှာ ပလတ်စတစ်လုပ်ငန်းရှင် ၃ ဦး စုပေါင်းပြီး စွန့်ပစ်ပလတ်စတစ်ကနေ အမှိုက်အိတ်တွေ ထုတ်လုပ်ရောင်းချနေတယ်လို့ မြန်မာနိုင်ငံ ပလတ်စတစ်လုပ်ငန်းရှင်များ အသင်း အလုပ်အမှုဆောင် ဦးလှဝင်းက ပြောပါတယ်။

အမှိုက်အိတ်အဖြစ်သတ်မှတ်ထားတဲ့ အစိမ်းရောင်နဲ့ အပြာရောင်အိတ်တွေ ထုတ်တယ်လို့ ဦးလှဝင်းက ရှင်းပြပါတယ်။

စည်ပင်သာယာက အမှိုက်ပုံတွေကနေ အမှိုက်တွေကို သယ်လာပေးပြီး အဲဒီအိတ်တွေကို လုပ်ငန်းရှင်တွေက ပြန်လည်သန့်စင်ပြီး ထုတ်ကြတာဖြစ်ပါတယ်။ စည်ပင်သာယာက မြို့မှာ အမှိုက်တွေ စနစ်တကျ စွန့်ပစ်စေချင်တဲ့ ရည်ရွယ်ချက်နဲ့ သူတို့ဆီကို အမှိုက်တွေ လာပို့တာလို့ ဦးလှဝင်းက ရှင်းပြပါတယ်။

“သူတို့ရဲ့ ရည်ရွယ်ချက်က ရန်ကုန်မြို့မှာ အမှိုက်တွေ စနစ်တကျ စွန့်ပစ်စေချင်တဲ့အခါမှာ ကျနော်တို့ တကယ့်ကော်စေ့ အစစ်ကနေထုတ်ရင် ဈေးကြီးတယ်။ အမှိုက်ကနေ ပြန်ထုတ်တဲ့ အခါ ဈေးပေါနိုင်တယ်။ အမှိုက်ထည့်မှာဖြစ်တဲ့အတွက် အိတ်ကလည်း အရည်အသွေး အရမ်းမြင့်ဖို့ မလိုဘူး။ သူတို့လာပို့တယ်။ ဒီကနေ သန့်စင်တဲ့အလုပ်သမားတွေနဲ့ ပြန်လုပ်ပြီး စွန့်ပစ်အမှိုက်အိတ်က ထုတ်လုပ်ထားသော အိတ်ဆိုပြီးတော့ ဈေးကွက်ကို ဖြန့်တယ်။”

အမှိုက်အိတ်လုပ်တဲ့ စွန့်ပစ်အမှိုက်ပလတ်စတစ်တွေထဲမှာ ကြွပ်ကြွပ်အိတ်အမျိုးအစားတွေတော့ မပါဘူးလို့ သူက ပြောပါတယ်။ လတ်တလောမှာ အမှိုက်အိတ်သုံးစွဲမှုဟာ လျာထားချက်ရဲ့ သုံးပုံတပုံနီးပါးပဲ လိုက်ပါသုံးစွဲသေးတယ်လို့ ဆိုပါတယ်။

ပလတ်စတစ်လုပ်ငန်းရှင်တွေက လွန်ခဲ့တဲ့ ၂ နှစ်ခန့်ကစပြီး  စွန့်ပစ်အမှိုက် ပလတ်စတစ်ကနေ လူသုံးကုန် ပြန်လည်ထုတ်လုပ်ဖို့နဲ့ လောင်စာထုတ်လုပ်ဖို့ ကြိုးပမ်းခဲ့ကြတယ်လို့ သူက ရှင်းပြပါတယ်။

အခုအခါ ဘုတလင်မြို့ဘက်မှာ စွန့်ပစ်ပလတ်စတစ်ကနေ လောင်စာထုတ်လုပ်နိုင်အောင် စမ်းသပ်နေပြီး သူတို့လုပ်ငန်းရှင်တွေက ငွေကြေးထောက်ပံ့ကူညီနေပြီး ခုထိတော့ မအောင်မြင်သေးဘူးလို့ ဦးလှဝင်းက ရှင်းပြသွားပါတယ်။

အရင်အစိုးရလက်ထက်က ပလတ်စတစ်လုပ်ငန်းကို အားမပေးတာကြောင့် ရင်းနှီးမြှုပ်နှံသူတွေ စိတ်ဝင်စားခြင်းမရှိပေမယ့် ဈေးကွက်စီးပွားရေး ပွင့်လင်းလာတဲ့အခါမှာ ဂျပန်နိုင်ငံဘက်က စီးပွားရေးလုပ်ငန်းရှင်တွေ လာရောက်မေးမြန်းကြတယ်လို့ ဦးလှဝင်းက ရှင်းပြပါတယ်။

“ဈေးကွက်စီးပွားရေးပွင့်တဲ့အခါ ဂျပန်တို့ဘာတို့က လာကြတယ်၊ လုပ်ချင်ကြတယ်။ ၁ လ ဖိတ်တယ်လေ။ သူတို့ ဒီမှာလုပ်ပြီးတော့ ကုန်ချောကို ဂျပန်ကို ပြန်သယ်ချင်တယ်၊ တခြားနိုင်ငံတွေကိုပေါ့. ဒီမှာလုပ်ပြီး ပြန်သယ်ဖို့။ ဒါတွေဆွေးနွေးတယ်။ လက်တွေ့တော့ မဖြစ်သေးဘူး။”

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013