DVB Logo
Home
မြန်မာသတင်း
ဒေါ်လာဈေးသိသိသာသာကျဆင်း၊ ရွှေဈေး ကျပ် ၁၀ သိန်းအောက်ရောက်ရှိ
DVB
·
December 4, 2018
ဒေါ်လာဈေးသိသိသာသာကျဆင်း၊ ရွှေဈေး ကျပ် ၁၀ သိန်းအောက်ရောက်ရှိ
Donate to DVB

မြန်မာကျပ်ငွေနဲ့ အမေရိကန်ဒေါ်လာ လဲလှယ်နှုန်းဟာ ဒီကနေ့ တရက်အတွင်းမှာပဲ သိသိသာသာကျဆင်းသွားပြီး ရွှေဈေးကတော့ ဒီနေ့မှာ အခေါက်ရွှေ တကျပ်သားကို  ကျပ် ၁၀ သိန်းအောက်ကို ရောက်ခဲ့ပါတယ်။

မနေ့ညနေပိုင်းကတဒေါ်လာကို ကျပ် ၁၅၆၀ ဝန်းကျင်ရှိခဲ့ပြီး ဒီနေ့မနက်မှာတော့ ၁၅၄၅ ကျပ်ဝန်းကျင်နဲ့ ဈေးကွက်ဖွင့်လာခဲ့ပါတယ်။ ပုဂ္ဂလိကဘဏ်တချို့ရဲ့ ဈေးနှုန်းတွေကတော့ ညနေပိုင်းမှာ တဒေါ်လာကို ၁၅၀၀ ကျပ်အထိ ဖြစ်သွားပါတယ်။

ပြင်ပငွေလဲကောင်တာတွေမှာ တဒေါ်လာကို ၁၅၀၀ ကျပ်ဝန်းကျင်နဲ့ ဝယ်ပြီး ၁၅၂၀ကျပ် ဝန်းကျင်နဲ့ ပြန်ရောင်းနေကြတာပါ။

ရွှေဈေးဟာလည်း ကျပ် ၁၀ သိန်းအောက်ကို ဒီကနေ့ မွန်းလွဲပိုင်းမှာ ကျဆင်းသွားတယ်လို့ ရန်ကုန်တိုင်း ရွှေလုပ်ငန်းရှင်များအသင်း စည်းရုံးရေးမှူး ဦးအေးချိုကပြောပါတယ်။

“ဒီနေ့မနက်က ၁,၀၀၃,၀၀၀ ကျပ်နဲ့ ဖွင့်တယ်။ နေ့လယ်မှာ ၉၈၄,၀၀၀ ကျပ် အထိ ကျသွားတယ်။ အခု ဈေးကွက်ပိတ်ချိန်မှာတော့ ၁၀,၁၁,၀၀၀ ကျပ်နဲ့ ပိတ်ပါတယ်”

အကယ်ဒမီ မီးလင်းအခေါက်ရွှေဈေးဟာ မနေ့မနက်ပိုင်းက ၁,၀၂၀,၅၀၀ ကျပ်နဲ့ဖွင့်ပြီး ညနေမှာတော့ ၁,၀၁၁,၂၀၀ နဲ့ ပိတ်သွားပါတယ်။

ဒါကြောင့် မနေ့ကနဲ့စာရင် သိပ်မကွာပေမယ့် ဒီနေ့မှာ ကျပ် ၁၀ သိန်းအောက်အထိ ကျခဲ့တာဖြစ်ပြီး နိုဝင်ဘာ ၃၀ ရက်နေ့က တကျပ်သားကို ၁,၀၃၂,၅၀၀ ကျပ် ရှိခဲ့ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013