DVB Logo
Home
မြန်မာသတင်း
ပြောင်းလဲနေသည့် ယနေ့ သီးနှံဈေးနှုန်းများ
DVB
·
December 4, 2018
Donate to DVB

မတ်ပဲ

ရန်ကုန် ဘုရင့်နောင်ကုန်စည်ဒိုင်မှာ မတ်ပဲက ပိဿာ ၆၀ ဝင် တအိတ်ကို ၇၄၉၅၀   ပေါက်ဈေးရှိပြီး တအိတ်ကို ၄၅၅၀ ကျပ် ဈေးကျဆင်းသွားပါတယ်။ မန္တလေး ပွဲစားကုန်သည်စက်ပိုင် အသင်းမှာတော့ တအိတ်ကို ၇၀၀၀၀ ကနေ ၇၅၀၀၀ ရှိပြီး တအိတ်ကို ၅၀၀၀ ကျပ် ဈေးကျဆင်းသွားပါတယ်။ ရန်ကုန်နဲ့ မန္တလေးကုန်စည်ဒိုင် တအိတ်ကို ၅၀ ကျပ် ဈေးကွာခြားမှုရှိပါတယ်။

ပဲစင်းငုံနီ

ရန်ကုန် ဘုရင့်နောင်ကုန်စည်ဒိုင်မှာ ပဲစင်းငုံနီက တအိတ်ကို ၇၄၇၅၀ ပေါက်ဈေးရှိပြီး တအိတ်ကို ၂၄၅၀ ကျပ် ဈေးကျဆင်းသွားပါတယ်။ မန္တလေး ပွဲစားကုန်သည်စက်ပိုင် အသင်းမှာတော့ တအိတ်ကို ၇၃၀၀၀ ပေါက်ဈေးရှိပြီး တအိတ်ကို ၄၀၀၀ ကျပ် ဈေးကျဆင်းသွားပါတယ်။ ရန်ကုန်နဲ့ မန္တလေးကုန်စည်ဒိုင် တအိတ်ကို ၁၇၅၀ ကျပ် ဈေးကွာခြားမှုရှိပါတယ်။

ကုလားပဲ v2

မန္တလေး ပွဲစားကုန်သည်စက်ပိုင်အသင်းမှာ ကုလားပဲ v2 က ၅၇ ဒသမ ၂၅ ပိဿာဝင် တအိတ်ကို ၇၅၀၀၀ ကနေ ၇၇၀၀၀ ပေါက်ဈေးရှိပြီး တအိတ်ကို ၁၀၀၀ ကျပ် ဈေးကျဆင်းသွားပါတယ်။ ပခုက္ကူကုန်စည်ဒိုင်မှာတော့ တအိတ်ကို ၇၅၉၀၀ ပေါက်ဈေးရှိပြီး တအိတ်ကို ၆၀၀ ကျပ် ဈေးကျဆင်းသွားပါတယ်။ မန္တလေးနဲ့ ပခုက္ကူကုန်စည်ဒိုင် တအိတ်ကို ၁၁၀၀ ကျပ် ဈေးကွာခြားမှုရှိပါတယ်။

နှမ်းနက်(စမုံ)

မန္တလေး ပွဲစားကုန်သည်စက်ပိုင်အသင်းမှာတော့ နှမ်းနက်(စမုံ) က ၄၅ ပိဿာဝင် တအိတ်ကို ၂၃၀၀၀၀ ကနေ ၂၄၅၀၀၀ ရှိပြီး တအိတ်ကို ၅၀၀၀ ကျပ် ဈေးကျဆင်းသွားပါတယ်။  အောင်လံ ကုန်စည်ဒိုင်မှာတော့ တအိတ်ကို ၂၃၅၀၀၀ ကနေ ၂၄၀၀၀၀ ပေါက်ဈေးရှိပြီး တအိတ်ကို ၅၀၀၀ ကျပ် ဈေးကျဆင်းသွားပါတယ်။ မန္တလေးနဲ့ အောင်လံကုန်စည်ဒိုင် တအိတ်ကို ၅၀၀၀ ဈေးကွာခြားမှုရှိပါတယ်။

နှမ်းဖြူ

မန္တလေး ကုန်စည်ဒိုင်မှာ နှမ်းဖြူက တအိတ်ကို ၁၆၅၀၀၀ ကနေ ၁၇၅၀၀၀ ပေါက်ဈေးရှိပြီး တအိတ်ကို ၂၅၀၀ ကျပ် ဈေးကျဆင်းသွားပါတယ်။ မုံရွာကုန်စည်ဒိုင်မှာတော့ တအိတ်ကို ၁၆၅၀၀၀ ကနေ ၁၇၂၅၀၀ ပေါက်ဈေးရှိပြီး မန္တလေးနဲ့ မုံရွာကုန်စည်ဒိုင် တအိတ်ကို ၂၅၀၀ ကျပ် ဈေးကွာခြားမှုရှိပါတယ်။

ပဲတီစိမ်း

မန္တလေး ပွဲစားကုန်သည်စက်ပိုင်အသင်းမှာ ပဲတီစိမ်းက ၅၆ ဒသမ ၂၅ ပိဿာဝင် တအိတ်ကို ၉၆၀၀၀ ကနေ ၁၀၆၀၀၀ ပေါက်ဈေးရှိပြီး တအိတ်ကို ၃၀၀၀ ကျပ် ဈေးကျဆင်းသွားပါတယ်။ မကွေးကုန်စည်ဒိုင်မှာတော့ တအိတ်ကို ၉၈၄၀၀ ပေါက်ဈေးရှိပါတယ်။ မန္တလေးနဲ့ မကွေးကုန်စည်ဒိုင် တအိတ်ကို ၇၆၀၀ ကျပ် ဈေးကွာခြားမှုရှိပါတယ်။

ဖော်ပြထားတဲ့ သီးနှံဈေးနှုန်းတွေက အချိန်နဲ့အမျှ ပြောင်းလဲနိုင်ပါတယ်။

သတင်း – AMIA

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013