DVB Logo
Home
မြန်မာသတင်း
နိုင်ငံအလိုက် အာရှအကယ်ဒမီဆု ဒီဗွီဘီသတင်းဌာနရရှိ  
DVB
·
December 4, 2018
နိုင်ငံအလိုက် အာရှအကယ်ဒမီဆု ဒီဗွီဘီသတင်းဌာနရရှိ  
Donate to DVB

ဒီဗွီဘီသတင်းဌာနရဲ့ Close-up အစီအစဉ်က ထုတ်လွှင့်ခဲ့တဲ့ မိန်းမလှကျွန်းနဲ့ အနီးတဝိုက်က မိကျောင်းအန္တရာယ်ရှိတဲ့ရွာတွေအကြောင်းရိုက်ထားတဲ့ ရုပ်သံဟာ အခုအနှစ်အတွက် အာရှအကယ်ဒမီ ဖန်တီးမှုဆု (Asian Academy Creative Awards )ရဲ့ National Winner ဆု ရရှိသွားတယ်။

နိုင်ငံအလိုက်ရွေးချယ်ပေးအပ်တဲ့   National Winner ဆုတွေအဖြစ် မြန်မာနိုင်ငံအတွက် ဆုအမျိုးအစား၎ဆု ရွေးချယ်ထားရာမှာ အကောင်းဆုံး သဘာဝသမိုင်းနဲ့ သားရိုင်း တိရစ္ဆာန်ဆု အမျိုးအစားမှာ ဒီဗွီဘီ Close-Up အစီအစဉ်က ရွေးချယ်ခံထားရတာပါ။

အကောင်းဆုံး ရုပ်သံကြော်ငြာဆုကိုတော့  Multi Verse Advertising ကဖန်တီးထားတဲ့ နက်စ်ကဖေး ရှယ်ကော်ကြော်ငြာက ရရှိပါတယ်။

အကောင်းဆုံး သတင်းတပုဒ်ဆုကိုတော့ ဘီဘီစီ သတင်းထောက် ဂျိုနသန်ဟက်ဒ်ရဲ့ In Search of the Truth in Rakhine ရခိုင်မှာ အမှန်တရားရှာဖွေခြင်းဆိုတဲ့သတင်းနဲ့ ရရှိပါတယ်။အကောင်းဆုံး ရုပ်သံမှတ်တမ်းအစီအစဉ်ကိုတော့ ချန်နယ်ကေရဲ့ Left and Right ရုပ်သံမှတ်တမ်းကို ရွေးချယ်ထားပါတယ်။

အာရှအကယ်ဒမီဆုပေးပွဲကိုတော့ လာမယ့် ဒီဇင်ဘာ ၇ ရက်နေ့ ည ၇နာရီ စင်ကာပူနိုင်ငံရှိ Capitol Theatre ကျင်းပမှာဖြစ်ပြီး ဒေသတွင်းနိုင်ငံတွေအလိုက် ရရှိတဲ့ ဆုတွေကိုကြေညာ ဆုချီးမြှင့်ပေးသွားမှာ ဖြစ်ပါတယ်။

ဓာတ်ပုံ- AAA

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013