DVB Logo
Home
မြန်မာသတင်း
ဝါရင့်ဒါရိုက်တာ  ဦးခင်ဇော်ကွယ်လွန်
DVB
·
December 4, 2018
ဝါရင့်ဒါရိုက်တာ  ဦးခင်ဇော်ကွယ်လွန်
1 / 2
Donate to DVB

သရုပ်ဆောင်မင်းသမီး၊ လင်းဇာနည်ဇော်၊ ချစ်ချစ်ဇော်နဲ့ ဒါရိုက်တာ မိုက်တီးတို့ရဲ့ ဖခင် ၀ါရင့်ဒါရိုက်တာ ဦးခင်ဇော် အသက် ၉၁ နှစ်ဟာ  ဒီဇင်ဘာ ၃ ရက်ညက နေအိမ်မှာ ကွယ်လွန်သွားပါတယ်။

မနေ့ည ၁၂ နာရီလောက်က ကွယ်လွန်အနိစ္စရောက်သွားတဲ့ ဦးခင်ဇော်အတွက် မိသားစုနဲ့ ထပ်တူဝမ်းနည်းကြေကွဲရတယ်လို့  မြန်မာနိုင်ငံ ရုပ်ရှင်အစည်းအရုံး ဒုဥက္ကဋ္ဌ(၁) ဦးအေးကြူလေးက သူ့ရဲ့ ဖေ့စ်ဘွတ်ခ်မှာ ရေးသားထားပါတယ်။

ဒါရိုက်တာကြည်စိုးထွန်းကတော့ ဦးခင်ဇော်ဟာ ကျောင်းဆရာဘ၀ကနေ ရုပ်ရှင်လောကထဲ ရောက်လာသူဖြစ်ဖြစ်ပြီး ကလေးဇာတ်ကားတွေ ရိုက်ကူးရာမှာ ထူးထူးခြားခြား အောင်မြင်တဲ့ ဒါရိုက်တာဖြစ်တယ်လို့ ဒီဗွီဘီကို  ပြောပါတယ်။

“သူ ထူးထူးခြားခြားကတော့ ကလေးတွေဗျ။ ကလေးတွေနဲ့ပတ်သက်ပြီးတော့ တော်တော် ရိုက်တယ်။ ဥပမာ မို့မို့မြင့်အောင်တို့ ငယ်ငယ်တုန်းက ရိုက်တာ၊ ကလေးဇာတ်လမ်းလေးတွေ ရိုက်တာ သူက၊ နာမည်ကြီးတာဆို ဟိုဘက်ခြံက အပျိုဖြန်း တို့လို့ ပြောရမှာပဲ။”

ဦးခင်ဇော်ဟာ ပဲရော့ရုပ်ရှင်ခေတ်ကတည်းက ရုပ်ရှင်ရိုက်လာသူဖြစ်ပြီး ကွယ်လွန်သွားကြပြီ ဖြစ်တဲ့ ဒါရိုက်တာအေ၀မ်းမောင်လှမျိုး၊ ဒါရိုက်တာ မောင်နေမျိုးတို့နဲ့ ခေတ်ပြိုင်တွေ ဖြစ်ပါတယ်။

ဦးခင်ဇော် ကွယ်လွန်သွားတဲ့အပေါ် အနုပညာရှင်တွေက ၀မ်းနည်းကြေကွဲရကြောင်း ရေးသားထားခဲ့ကြတာပါ။

ဝါရင့်သရုပ်ဆောင် အကယ်ဒမီရန်အောင်ကလည်း "ဘဘဦးခင်ဇော်"ဘဝတစ်ပါးကူးပြောင်း သွားတဲ့အတွက် မိသားစုနဲ့ထပ်တူ ဝမ်းနည်းကြေကွဲရပါတယ်ခင်ဗျာ...။ "ဘဘ" ကောင်းရာ သုဂတိရောက်ပါစေခင်ဗျာ.."လို့ ရေးခဲ့တာကို တွေ့ရပါတယ်။

အကယ်ဒမီ မင်းသမီး ခင်ဇာခြည်ကျော်ကတော့ “ဇာလေးရဲ့ လက်ဦးဆရာ ဒါရိုက်တာ ဘဘ ဦးခင်ဇော် (ကေသီပန်) ဘဝတပါးသို့ ကူးပြောင်းသွားသည့်အတွက် မိသားစုနဲ့ထပ်တူဝမ်းနည်း ကြေကွဲရပါတယ်...!!”လို့ ရေးခဲ့တာပါ။

ဓာတ်ပုံ - အေးကြူလေး

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013