DVB Logo
Home
မြန်မာသတင်း
လူသတ်မှုဖြင့် ထောင်ထွက်လာသည့်  မြန်မာလူငယ်ကို ထိုင်းလက်ဝှေ့ကလပ် ကမ်းလှမ်း
DVB
·
December 4, 2018
လူသတ်မှုဖြင့် ထောင်ထွက်လာသည့်  မြန်မာလူငယ်ကို ထိုင်းလက်ဝှေ့ကလပ် ကမ်းလှမ်း
1 / 2
Donate to DVB

ထိုင်းနိုင်ငံတောင်ပိုင်း၊ ရနောင်းမြို့မှာ လွန်ခဲ့တဲ့ ၃ နှစ်ကျော်က နောင့်အက်ပဲလ် ဆိုသူ အထက်တန်းကျောင်းသူ ၁ ဦး အသတ်ခံရတာနဲ့ ပတ်သက်ပြီး မြန်မာအလုပ်သမား ၄ ဦးကို ရနောင်း ခရိုင်တရားရုံးက ထောင်ဒဏ်ရော ငွေဒဏ်ပါ ပြစ်ဒဏ်အသီးသီးချမှတ်ခဲ့ပါတယ်။

အဲဒီထဲမှာ အသက် ၁၈ နှစ်အောက်လူငယ် ၂ ဦးပါဝင်ပြီး ထိုင်းဥပဒေအရ ပြစ်ဒဏ်ကျလူ ငယ်တွေဟာ အသက် ၁၈ နှစ်ပြည့်ရင် လွတ်မြောက်ခွင့်ရှိတဲ့အတွက် ပြီးခဲ့တဲ့ ဧပြီလက ကျော်စိုး ၀င်းဆိုသူ လူငယ်တစ်ဦး လွတ်လာကာ ဒီဇင်ဘာ ၃ ရက်မှာတော့ မိုးဇင်အောင်ဆိုသူ လူငယ်တစ်ဦး ထပ်မံလွတ်မြောက်လာပါတယ်။

မနေ့ မွန်းလွဲ ၁ နာရီက လွတ်မြောက်လာတဲ့ မိုးဇင်အောင်မှာ လူငယ်အကျဉ်းထောင် (လူငယ်လေ့ကျင့်ရေးစခန်း)ထဲမှာ လက်ဝှေ့ထိုး၊ ဘောလုံးကန်စတဲ့ အားကစားနည်းတွေ သင်ယူ တတ်မြောက်ပြီး ထူးလည်းထူးချွန်ကာ ဆုတွေလည်းရခဲ့တဲ့အတွက် ထိုင်းတောင်ပိုင်း ကရပီခရိုင်ရှိ လက်ဝှေ့နည်းပြဆရာတဦးက သဘောကျပြီး ထောင်ကလွတ်ရင် သူတို့ကလပ်ထဲလာနေဖို့ ကမ်း လှမ်းခြင်းခံရတယ်လို့ ဒီအမှုမှာ လိုက်လံကူညီဆောင်ရွက်ပေးနေတဲ့ ထိုင်းတောင်ပိုင်း အခြေစိုက်  ပညာရေးနဲ့ ဖွံ့ဖြိုးတိုးတက်ရေးဖောင်ဒေးရှင်း FED မှ အလုပ်သမားရေးရာ တာဝန်ခံ ကိုမင်းဦး က ဒီဗွီဘီကို ပြောပါတယ်။

“ပြစ်မှုအမျိုးမျိုးနဲ့ လူငယ်လေ့ကျင့်ရေးစခန်းရောက်လာတဲ့ လူငယ်တွေဟာ အားကစားတွေ၊ သက်မွေးဝမ်းကျောင်းပညာတွေ သင်ရတယ်။ အဲဒီမှာ မိုးဇင်အောင်က လက်ဝှေ့ထိုးအားကစား နည်းမှာ တော်တယ်၊ ပြိုင်ပွဲတွေမှာ အနိုင်ရတယ်၊ ဘန်ကောက်ထိ သွားပြိုင်ရတာလည်း ရှိတယ်။ ထောင်ပေါင်းစုံက လူငယ်တွေချင်း ပြိုင်ကြတာ၊ သူက ဆုရတယ်။ လက်ရည်ကောင်းတာ့ ကရပိလ က်ဝှေ့ကလပ် နည်းပြဆရာက သဘောကျပြီး သူတို့ကလပ်ထဲဝင်ဖို့ ကမ်းလှမ်းထားတာပါခင်ဗျ။”

ဒါပေမယ့် လောလောဆယ်တော့ ကလပ်ထဲလိုက်သွားလို့မရသေးကြောင်း၊ ယမန်နေ့က လွတ်ပေးလိုက်တယ်ဆိုပေမယ့်လည်း အပြင်ကိုလိုက်လာလို့မရသေးဘဲ   ရဲတပ်ဖွဲ့က ခေါ်သွားပြီး ထိုင်းလူဝင်မှုကြီးကြပ်ရေးထံ အပ်နှံမှာဖြစ်ကြောင်း၊ ထိုင်းလ၀ကလည်း မြန်မာအာဏာပိုင် လက်ထဲပြန်အပ်ကာ မြန်မာပြည်ပြန်ပို့ခံရမှာဖြစ်ပြီး  ဘယ်လောက်ကြာမှ ထိုင်းထဲပြန်ဝင်လာရမှန်း မသိသေးဘူးလို့ သူကဆက်ပြောပါတယ်။

ထိုင်းနိုင်ငံမှာ လက်ရွေးစင်လက်ဝှေ့သမား တဦးအနေနဲ့ ၀င်ငွေသိန်းနဲ့ချီ ရရှိနိုင်လို့  လက်ဝှေ့ထူးချွန်သူ မိုးဇင်အောင်အနေနဲ့ အနာဂတ် အလားအလာကောင်းပေမယ့်လည်း တဘက်မှာ ထိုင်းနိုင်ငံ ပြစ်မှုဆိုင်ရာဥပဒေအရ နိုင်ငံခြားသားတစ်ယောက်ဟာ ထိုင်းနိုင်ငံမှာ ပြစ်မှုကျူးလွန်ရင် ပြည်နှင်ဒဏ် ၅ နှစ်ထိ ကျခံရမှာ ဖြစ်ပါတယ်။

ရနောင်းက အထက်တန်းကျောင်းသူ အသတ်ခံရမှုနဲ့ ပတ်သက်ပြီး လက်ရှိ ရနောင်း ခရိုင်အ ကျဉ်းထောင်မှာ စိန်ကတုံး နဲ့ ဝေလင်း တို့ ၂ ဦး ကျန်ရှိနေပါသေးတယ်။

သူတို့ ၂ ဦးမှာ စိန်ကတုံးက ထောင်ဒဏ် ၈ နှစ်၊ ဝေလင်းက ၆ နှစ် ပြစ်ဒဏ်ကျခံထားရပြီး သူတို့တွေ လွတ်မြောက်ဖို့အတွက် FED ဖောင်ဒေးရှင်းနဲ့ ထိုင်းရှေ့နေများကောင်စီက အယူခံ လျှောက်ထားပေးလျှက်ရှိရာမှာ လာမယ့် ဒီဇင်ဘာ ၁၂ ရက်နေ့မှာလည်း  ထိုင်းအမြင့်ဆုံးဋီကာ တရားရုံး ကို အယူခံဝင်ပေးဖို့ရှိနေတယ်လို့ ကိုမင်းဦးက ပြောပါတယ်။

ရနောင်းမြို့မှ အသက် ၁၉ နှစ်ရွယ် အထက်တန်းကျောင်းသူ နောင်းအက်ပဲလ်မှာ လွန်ခဲ့တဲ့ ၂၀၁၅ ခုနှစ် စက်တင်ဘာလက သူမနေအိမ်မှလမ်းထိပ်သို့ထွက်လာစဉ် ဓားဒဏ်ရာ ၁၇ ချက်နဲ့ သေဆုံးခဲ့ရတာပါ။

အခင်းဖြစ်ပွားချိန်မှာ လူငယ်တစ်စု ဘုန်းကြီးကျောင်းလမ်းကြားထဲပြေးဝင်ပြီး မြန်မာစကား တွေပါ ပြောဆိုသံကြားတယ်လို့ မျက်မြင်သက်သေတွေက ထွက်ဆိုတဲ့အတွက် အဲဒီအနီးတ၀ိုက်က မြန်မာအလုပ်သမားလူငယ်တချို့ကို  ရဲတပ်ဖွဲ့က ခေါ်ယူစစ်ဆေးပြီး ၄ ဦးကို လူသတ်မှုနဲ့ ပြစ်ဒဏ်တွေချမှတ်ခဲ့ပါတယ်။

    သူတို့ ၄ ဦးမှာ လူသတ်ကြောင်း သက်သေအထောက်အထားခိုင်လုံမှုမရှိဘဲ ဖမ်းဆီး ထောင်ချခံရတာကြောင့် သူတို့လွတ်မြောက်ရေးအတွက် လူ့အခွင့်အရေးဆိုင်ရာ ထိုင်းရှေ့နေများ ကောင်စီ၊ FED ဖောင်ဒေးရှင်းနဲ့ ထိုင်းမြန်မာသံရုံးကပါ ပူးပေါင်းဆောင်ရွက်ပေးခဲ့သလို ကုန်ကျစရိတ်အ၀၀ကိုလည်း မက်စ်မြန်မာကုမ္ပဏီဥက္ကဌ ဦးဇော်ဇော်က ထောက်ပံ့ကူညီခဲ့ပါတယ်။

ဒါပေမယ့် ထိုင်းရဲတပ်ဖွဲ့၊ ထိုင်းအာဏာပိုင်နဲ့  ထိုင်းတရားရုံးကတော့ အပြစ်ပေးအရေးယူ ခဲ့ပါတယ်။

ဓာတ်ပုံ - onenee.com

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013