DVB Logo
Home
မြန်မာသတင်း
ပြည်တွင်းစက်သုံးဆီဈေးနှင့် ရွှေဈေးနှုန်း ဆက်တိုက်ကျဆင်း
DVB
·
December 4, 2018
ပြည်တွင်းစက်သုံးဆီဈေးနှင့် ရွှေဈေးနှုန်း ဆက်တိုက်ကျဆင်း
Donate to DVB

မြန်မာပြည်တွင်းမှာ စက်သုံးဆီဈေးတွေဟာ ပြီးခဲ့တဲ့ ၂ လကထက် တလီတာကို ကျပ် ၂၀၀ ဝန်းကျင် အထိ ကျဆင်းလာပါတယ်။

ပြီးခဲ့တဲ့ ရက်တွေကတည်းက ကျဆင်းလာနေတာဖြစ်ပြီး ဒီဇယ်ဈေးကတော့ ၅၀ ကျပ်ဝန်းကျင်ပဲ လျော့လာသေးတာပါ။

စက်သုံးဆီအသင်းရဲ့ ဒီနေ့ ဒီဇင်ဘာ ၄ ရက် ဈေးနှုန်းတွေအရ ရန်ကုန်မှာ ဒီဇယ်တလီတာကို ၉၉၅ ကျပ်ကနေ ၁၀၁၀ ကျပ်၊ မန္တလေးမှာ ၁၀၂၀ ကျပ်၊ ရန်ကုန်မှာ အဆင့်မြင့်ဒီဇယ် တလီတာကို ၁၀၁၀ ကျပ်ကနေ ၁၀၂၅ ကျပ်၊ မန္တလေးမှာ ၁၀၃၅ ကျပ်၊ ရန်ကုန်မှာ အောက်တိန်း ၉၂ တလီတာကို ၈၄၀ ကျပ်ကနေ ၈၅၅ ကျပ်၊ မန္တလေးမှာ ၉၀၀ ကျပ်၊ ရန်ကုန်မှာ အောက်တိန်း ၉၅ တလီတာကို ၈၉၅ ကျပ်ကနေ ၉၂၅ ကျပ်၊ မန္တလေးမှာ ၉၆၀ ကျပ်အထိ သတ်မှတ်ထားပါတယ်။

ပြီးခဲ့တဲ့စက်တင်ဘာလကုန်ပိုင်းက ဒီဇယ်တလီတာကို ရန်ကုန်မှာ ၁ဝ၆၅ ကျပ်၊ မန္တလေးနဲ့ စစ်ကိုင်းမှာ ၁၁၁ဝ ကျပ်၊ အဆင့်မြင့် ဒီဇယ်တလီတာကို ရန်ကုန်မှာ ၁ဝ၇၅ ကျပ်၊ မန္တလေးနဲ့ စစ်ကိုင်းမှာ ၁၁၂၅ ကျပ်၊ ၉၂ အောက်တိန်း တလီတာကို ရန်ကုန်မှာ ၁ဝ၃၅ ကျပ်၊ မန္တလေးနဲ့ စစ်ကိုင်းမှာ ၁၁၁ဝ ကျပ်၊ ၉၅ အောက်တိန်း တလီတာကို ရန်ကုန်မှာ ၁ဝ၈၅ ကျပ်၊ မန္တလေးမှာ ၁၁၆ဝ ကျပ် ဖြစ်ခဲ့ပါတယ်။

ပုဂ္ဂလိက စက်သုံးဆီအရောင်းဆိုင်တွေကတော့ ရန်ကုန်မှာ အသင်းက သတ်မှတ် နှုန်းထားတွေထက် လျှော့ရောင်းနေတာ၊ အနိမ့်ဆုံးသတ်မှတ်နှုန်းနဲ့ ရောင်းတာတွေရှိပြီး မန္တလေးမှာတော့ သတ်မှတ်နှုန်းထက် တလီတာမှာ ၁၀ ကျပ်ဝန်းကျင် ပိုပြီး ရောင်းနေကြတာကို တွေ့ရပါတယ်။

ဈေးကွက်ထဲက အချက်အလက်တွေအရ ဒီနေ့မှာ စက်သုံးဆီဈေး၊ ဒေါ်လာဈေးနဲ့ ရွှေဈေးတွေ ထပ်ပြီး ကျနေတာကို တွေ့ရပါတယ်။

ရန်ကုန်တိုင်း ရွှေလုပ်ငန်းရှင်များအသင်းရဲ့ ဈေးနှုန်းတွေအရ ရွှေဈေးဟာ မနေ့မနက်ပိုင်းက အကယ်ဒမီ မီးလင်းတကျပ်သားကို ၁,၀၂၀,၅၀၀ ကျပ်ရှိခဲ့ပြီး ဒီနေ့ နေ့လယ် ၂ နာရီမှာတော့ ကျပ် ၁,၀၀၁,၅၀၀ အထိ ကျဆင်းလာပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013