DVB Logo
Home
မြန်မာသတင်း
ကြည့်မြင်တိုင်မြို့နယ်တွင်  နောက်ဖေးလမ်းကြားများ စတင်ရှင်းလင်း
DVB
·
December 4, 2018
ကြည့်မြင်တိုင်မြို့နယ်တွင်  နောက်ဖေးလမ်းကြားများ စတင်ရှင်းလင်း
1 / 12
Donate to DVB

ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီရဲ့ ပွင့်လင်းရာသီ နောက်ဖေးလမ်းကြား အမှိုက်သိမ်းဆည်းရှင်းလင်းမှုတွေကို ဒီဇင်ဘာ ၄ရက်ကစပြီး ကြည့်မြင်တိုင်မြို့နယ်မှာ စတင် လုပ်ဆောင်နေပါတယ်။

နောက်ဖေးလမ်းကြားအမှိုက်သိမ်းဆည်းမှုတွေကို ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီ၊ တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ်တွေနဲ့ ရပ်ကွက်နေပြည်သူတွေ ပူးပေါင်းကာ ဆောင်ရွက်နေတာပါ။

သန့်ရှင်းရေးလုပ်ငန်းတွေဆောင်ရွက်ရာမှာ နောက်ဖေးလမ်းကြားရှိ အမှိုက် သိမ်းဆည်းမှုတွေအပြင် လမ်းကြားမှာရှိနေတဲ့ သစ်ပင်တွေကိုခုတ်ထွင် ရှင်းလင်းတာတွေနဲ့ ကျူးကျော်နေအိမ်၊ ဆိုင်ခန်းတွေ၊ အမိုး၊ အဖီတွေကိုပါ ဖယ်ရှားရှင်းလင်း လုပ်ဆောင်နေတာပါ။

ကြည့်မြင်တိုင်မြို့နယ်မှာတော့ ရပ်ကွက်၁၂ခုက နောက်ဖေးလမ်းကြား ၇၀ ကို နှစ်လအတွင်း ရှင်းလင်းပေးသွားပြီး ပြီးစီးပါက အဲဒီ လမ်းကြားတွေမှာ ကွန်ကရစ်ခင်းပေးသွားဖို့ လည်း အစီအစဉ်ရှိနေပါတယ်။

ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီအနေနဲ့ အစိုးရသစ်တက်လာပြီးနောက်ပိုင်း ၂၀၁၆ခုနှစ်ကစတင်ကာ နောက်ဖေးလမ်းကြားတွေကို ရှင်းလင်းလာတာဖြစ်ပြီး လက်ရှိမှာတော့ မြို့တွင်းမြို့နယ်တွေမှာ နောက်ဖေးလမ်းကြားတွေကို ရှင်းလင်းပေးထားပြီး ဖြစ်ပါတယ်။

သတင်းဓာတ်ပုံ - ဆုဆုသွယ်

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013