DVB Logo
Home
မြန်မာသတင်း
မြန်မာပြည်တွင်ထုတ်လုပ်သည့် လေအိပ်ရထားတွဲများ စတင်ပြေးဆွဲမည်
DVB
·
December 4, 2018
မြန်မာပြည်တွင်ထုတ်လုပ်သည့် လေအိပ်ရထားတွဲများ စတင်ပြေးဆွဲမည်
Donate to DVB

မြန်မာနိုင်ငံမှာထုတ်လုပ်တဲ့ လေအိပ်ရထားတွဲတွေကို မန္တလေး-မြစ်ကြီးနား ရထားလမ်းပိုင်းမှာ စတင်ပြေးဆွဲဖို့   ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေး ဝန်ကြီးဌာနက စီစဉ်နေပါတယ်။

၂၀၁၇ ဒီဇင်ဘာက စတင်တည်ဆောက်ခဲ့တဲ့ လေအိတ်ရထားတွဲ ၂၁ တွဲဟာ အခုလပိုင်း ပြီးစီးမှာဖြစ်ပြီး ရှေ့နှစ်ဆန်းပိုင်းမှာ  မန္တလေး-မြစ်ကြီးနားရထားလမ်းပိုင်းအတွက် ပြေးဆွဲမယ်လို့ ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေး ပြည်ထောင်စုဝန်ကြီး ဦးသန့်စင်မောင်က ဒီကနေ့ ပြည်ထောင်စု လွှတ်တော်မှာ ပြောပါတယ်။

“ရန်ကုန်-မန္တလေးနဲ့ ရန်ကုန်-ပြည်ကို ရထားတွဲ ၃၉ တွဲနဲ့ သုံးထားတာဖြစ်ပါတယ်။ ကျန်တဲ့ ၂၁ တွဲကို ကျနော်တို့ဘာသာကျနော်တို့ လေအိတ်စနစ်နဲ့ တွဲတွေကို ဆောက်တတ်အောင် တည်ဆောက်နေပါတယ်။ မနှစ်က ဒီဇင်ဘာကနေဆောက်တာ အခု ၂၁ တွဲပြီးတော့မှာ ဖြစ်ပါတယ်။ ၂၁ တွဲ ဒီလထဲပြီးရင် ကျနော်တို့ ရှေ့လထဲမှာ မန္တလေး-မြစ်ကြီးနား လေအိပ်ရထား တစ်စဉ်း အစုန်၊အဆန် နေ့စဉ်ပြေးဆွဲသွားမှာဖြစ်ပါတယ်”

၂၀၁၈-၁၉ ဘဏ္ဍာနှစ်အတွင်းမှာ ရထားတွဲဆိုင်း ၅၀ ကို ကိုယ်တိုင်တည်ဆောက်နိုင်ဖို့ ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာနအနေနဲ့ တင်ပြခဲ့ပြီး ရထားတွဲဆိုင်း ၁၅ တွဲသာ တည်ဆောက်ဖို့ ခွင့်ပြုပေးခဲ့တယ်လို့လည်း ဝန်ကြီးက ပြောပါတယ်။

မြန်မာ့မီးရထားကဏ္ဍအတွက် ရထားသံလမ်းကနေ ရထားတွဲဆိုင်းအထိ ထုတ်လုပ်နိုင်ခြင်း မရှိတဲ့အတွက် ခေတ်အဆက်ဆက်က အစိုးရတွေအနေနဲ့ ပြည်ပချေးငွေရယူပြီး အသုံးပြု ခဲ့ရလို့ အစိုးရက ချေးယူထားတဲ့ ပြည်ပချေးငွေရယူထားတဲ့ အများဆုံးဌာနတွေထဲမှာ အဆင့် ၃ နေရာမှာ တည်ရှိနေပါတယ်။

ခေတ်အဆက်ဆက်အစိုးရအနေနဲ့ မြန်မာ့မီးရထားကဏ္ဍအတွက် ပြည်ပချေးငွေရယူ သုံးစွဲ ခဲ့တာဟာ ပြီးခဲ့တဲ့ ဦးသိန်းစိန်အစိုးရလက်ထက်အထိ အမေရိကန်ဒေါ်လာ ၁ ဒသမ ၂၇၉ ဘီလီယံ အထိရှိပါတယ်။

မြန်မာနိုင်ငံထဲမှာ ရထားလမ်းပိုင်း ၃၇ ခုရှိနေပြီး ရထားလမ်းပိုင်းအားလုံးကို အစိုးရအနေနဲ့ အရှုံးခံပြေးဆွဲနေရတယ်လို့လည်း ပြည်ထောင်စုဝန်ကြီးက ပြောပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013