DVB Logo
Home
မြန်မာသတင်း
ရှမ်းပြည်တောင်ပိုင်း ဖယ်ခုံမြို့နယ်တွင် မြေယာများ အသိမ်းခံရ
DVB
·
September 4, 2012
ရှမ်းပြည်တောင်ပိုင်း ဖယ်ခုံမြို့နယ်တွင် မြေယာများ အသိမ်းခံရ
1 / 2
Donate to DVB

ရှမ်းပြည်နယ်တောင်ပိုင်း ဖယ်ခုံမြို့နယ် ရွာသားတွေပိုင်တဲ့ မြေယာတွေမှာ  အစိုးရခွင့်ပြုချက်နဲ့ ကုမ္ပဏီတခုက သိမ်းယူပြီး သစ်မာပင်တွေ ၀င်ရောက်စိုက်ပျိုးနေတဲ့အတွက် ဒေသခံရွာသားတွေ အခက်တွေ့နေရပါတယ်။

ဖယ်ခုံမြို့နယ် ခေါင်န်းမိုင်းရွာနဲ့ ခေါင်းအိကျေးရွာက ဒေသခံတွေ လုပ်ကိုင် စားသောက်နေတဲ့ ရွှေ့ပြောင်းတောင်ယာမှာ ပြီးခဲ့တဲ့ ဇွန်လကစပြီး တက်လမ်း ဆောက်လုပ်ရေး ကုမ္ပဏီက အလံတိုင် လာစိုက်ထားတယ်လို့ ခေါင်န်မိုင်းရွာသူကြီး က ပြောပါတယ်။

“စားဝတ်နေရေးလည်း အရမ်းကျပ်တည်းနေကြတယ်။ ဒီကုမ္ပဏီကို ဖယ်ရှားပေးဖို့ ၊ မြေတွေမသိမ်းဖို့ အထူးပဲ မေတ္တာရပ်ခံချင်ပါတယ်။”

ကုမ္ပဏီက ခွင့်ပြုချက်ရထားတဲ့မြေတွေ ဟာ ခေါင်န်မိုင်းရွာအောက်ဘက်မှာ ဧက ၁၂၀ ရှိပြီး ခေါင်းအိ ရွာအနောက်ဘက်က ဧက ၅၀၀ ကိုလည်း နောက်ထပ် ခွင့်ပြုချက် တောင်းခံထားသေးတယ်လို့ ရွာသူကြီးက ပြောပါတယ်။

ကုမ္ပဏီက စိုက်ပျိုးရေးလုပ်ငန်းလုပ်ဖို့ ခွင့်ပြုချက်ရတာကို ဒေသခံ ရွာသားတွေကိုလည်း ကြိုတင် အသိမပေးသလို မြို့နယ်အုပ်ချုပ်ရေးမှူး၊ ကယန်းတိုင်းရင်းသားရေးရာဝန်ကြီးတွေလည်း မသိရဘဲ ပြည်နယ် သစ်တောဝန်ကြီးက ခွင့်ပြုခဲ့တာလို့ ဆိုပါတယ်။

ဇွန်လပိုင်းကစပြီး တက်လမ်းကုမ္ပဏီက အလံတိုင် လာစိုက်တာတွေ့တော့မှ  ရွာသားတွေက   မြို့နယ်မြေစာရင်းရုံးကို သွားမေးတဲ့အခါ မြေစာရင်းရုံးရဲ့ ပြောပြချက်အရ သိရတယ်လို့ ရွာသူကြီးက  ပြောပါတယ်။

ဒီကိစ္စနဲ့ပတ်သက်ပြီး ကုမ္ပဏီက တာဝန်ရှိသူတွေ၊ ရွာသားတွေ၊ ကယန်းဝန်ကြီးနဲ့ ကယန်းပါတီဝင်တွေပါ ခေါင်န်မိုင်းရွာ ဘုရားရှိခိုးကျောင်းမှာ တွေ့ဆုံညှိနှိုင်းခဲ့ပြီး ညှိနှိုင်းမှုမပြေလည်သေးသရွေ့ အလံစိုက်တာ၊ မြေတူးတာတွေ ဆိုင်းငံ့ထားဖို့ ပြောခဲ့ကြပေမယ့် ကုမ္ပဏီဘက်က မလိုက်နာဘဲ ဆက်လုပ်နေတယ်လို့ ဆိုပါတယ်။

ဒီအတိုင်းဆိုရင် ရွာသားတွေ ဆန္ဒပြဖို့ပဲရှိတယ်လို့ ကယန်းမျိုးဆက်သစ် လူငယ်အဖွဲ့ဝင် ခွန်းဘီတူးက ပြောပါတယ်။

“ကျနော်တို့က ဒါကို လုံးဝကန့်ကွက်ပြီးမှ တကယ်လို့ တက်လမ်းကုမ္ပဏီ က နောက်ဆုတ်ဖို့မရှိဘူးဆိုရင် ကျနော်တို့ ဆန္ဒပြမယ်။ ဆန္ဒပြလို့ မရဘူးဆိုရင် ဖွဲ့စည်းပုံခုံရုံးအထိ တက်ပြီးမှ တိုက်ပွဲဝင်ဖို့ပဲ ရှိတော့တယ်။”

အခုမြေသိမ်းခံရတဲ့ရွာသားတွေဟာ အရင်က ဘီလူးချောင်း နံဘေးမှာ နေထိုင်ခဲ့တာဖြစ်ပြီး ၁၉၇၀ ခုနှစ်မှာ အစိုးရက ဘီလူးချောင်း ရေအား လျှပ်စစ်စီမံကိန်းအတွက် မိုးဗြဲဆည် တည်ဆောက်လိုက်တော့ ဒီကုန်းတွင်းဘက်ကို ရွှေ့ပြောင်း ခံခဲ့ရတာမှာ ခုလို ထပ်ပြီးမြေယာ အသိမ်းခံနေရတာလို့ ခွန်းဘီတူးက ဆက်ပြောပါတယ်။

 

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013