DVB Logo
Home
မြန်မာသတင်း
ကြည့်ရှုသူ ၃ သန်းခွဲနီးပါးရှိနေသည့် သမီးသမက်ခမည်းခမက်ရုပ်ရှင် (နမူနာ)
DVB
·
December 4, 2018
ကြည့်ရှုသူ ၃ သန်းခွဲနီးပါးရှိနေသည့် သမီးသမက်ခမည်းခမက်ရုပ်ရှင် (နမူနာ)
Donate to DVB

မြန်မာအချစ်ဟာသရုပ်ရှင်ကားတကားဖြစ်တဲ့ သမီးသမက် ခမည်းခမက် ရုပ်ရှင်ဇာတ်ကားကြီးကို လာမယ့် ဒီဇင်ဘာလ ၇ ရက်နေ့ ရုံတင်ပြသတော့မှာ ဖြစ်ပါတယ်။

ဒီကားကိုတော့ လပ်ကီးဆဲဗင်းရုပ်ရှင်ထုတ်လုပ်ရေးက တင်ဆက်လိုက်တာဖြစ်ပြီး ညာလက်တော်ရဲ့ ဇာတ်လမ်းကို ရာဇ၀င်ကိုက ဇာတ်ညွှန်းခွဲထားပေးခဲ့တာဖြစ်ပါတယ်။ ဒီကားကိုတော့ ဒါရိုက်တာ ကိုဇော်(အရုဏ်ဦး)က ရိုက်ကူးပုံဖော်ပေးထားပါတယ်။

သမီးသမက် ခမည်းခမက်ဆိုတဲ့ ရုပ်ရှင်ကားနာမည်အတိုင်းပဲ ဒီကားထဲမှာတော့ လူမှုဝန်းကျင်မှာဖြစ်လေ့ဖြစ်ထရှိတဲ့ ယောက္ခမနဲ့ သမက်၊ ယောက္ခမနဲ့ ချွေးမစတဲ့ သူ တွေကြားက ပဋိပက္ခတွေ၊ ပြဿနာတွေ၊ အလွဲအချော်တွေကို ဟာသပုံစံနှော ရိုက်ကူး တင်ဆက်ထားခဲ့တာကို ပရိသတ်တွေက ရှုစားကြရမှာပါ။

ဒီကားထဲမှာတော့ ၀ါရင့်သရုပ်ဆောင် မင်းသားမင်းသမီးတွေဖြစ်ကြတဲ့ ပြေတီဦး၊ မိုးအောင်ရင်၊ ရဲအောင်၊ ခိုင်သင်းကြည်၊ တက္ကသိုလ်ဂွမ်းပုံ၊ ဗေလုဝတို့နဲ့အတူ တခြားဟာသ သရုပ်ဆောင်တွေ အများကြီးက အားဖြည့် ပါဝင်ထားကြတာဖြစ်ပါတယ်။

သမီးသမက် ခမည်းခမက်ရုပ်ရှင်ကားရဲ့အထူးပွဲကိုတော့ ရန်ကုန်မြို့၊ သမ္မတ ရုပ်ရှင်ရုံမှာ ပြီးခဲ့တဲ့ နိုဝင်ဘာ ၂၈ ရက်ကပြုလုပ်ခဲ့ပြီး ဖေ့စ်ဘွတ်ခ်ပေါ်မှာတော့ ဒီရုပ်ရှင် Trailer ဟာ ၀င်ရောက်ကြည့်ရှုကြတဲ့ အကြိမ်ရေ ၃ သန်းခွဲနီးပါး ရှိနေခဲ့တာ ဖြစ်ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013