DVB Logo
Home
မြန်မာသတင်း
မိန်းကလေးများကို တရုတ်နိုင်ငံသို့ လူကုန်ကူးခဲ့သူ ၂ ဦးအား ထောင်ဒဏ်နှစ် ၄၀ ချမှတ်
DVB
·
December 4, 2018
မိန်းကလေးများကို တရုတ်နိုင်ငံသို့ လူကုန်ကူးခဲ့သူ ၂ ဦးအား ထောင်ဒဏ်နှစ် ၄၀ ချမှတ်
Donate to DVB

နေပြည်တော်ပတ်ဝန်းကျင်က မိန်းကလေးတွေကို တရုတ်နိုင်ငံပို့ဆောင်ဖို့ လူကုန်ကူး ခဲ့သူတွေကို ထောင်ဒဏ် နှစ် ၄၀ စီချမှတ်လိုက်တယ်လို့ ရဲတပ်ဖွဲ့က ထုတ်ပြန်ပါတယ်။

လူကုန်ကူးမှုကျူးလွန်သူ ပျဉ်းမနားမြို့နယ်က အသက် ၂၄ နှစ်အရွယ် မျိုးမင်းအောင်နဲ့ ပြင်ဦးလွင်မြို့၊ ရွာသစ်ရွာနေ အသက် ၄၇ နှစ်အရွယ် ဒေါ်စန်းမြင့်တို့ကို နေပြည်တော်၊ ဒက္ခိဏခရိုင်တရားရုံးက လူကုန်ကူးမှုတားဆီး ကာကွယ်ရေး ဥပဒေပုဒ်မတွေနဲ့ တရားစွဲပြီး အလုပ်ကြမ်းနဲ့ ထောင်ဒဏ် စုစုပေါင်း ထောင်ဒဏ်နှစ် ၄၀ ကို နိုဝင်ဘာ ၂၈ ရက်က ချမှတ်ခဲ့တာလို့ ဆိုပါတယ်။

မျိုးမင်းအောင်ဟာ ပျဉ်းမနား၊ မြို့လယ်ကျောင်းတိုက်က ရဟန်းအဖြစ်နဲ့ ဒီအမှုမှာ ပါဝင်ခဲ့ပြီး

နေပြည်တော်ပတ်ဝန်းကျင်က အသက် ၂၂ နှစ်၊ ၂၉ နှစ်နဲ့ ၃၃ နှစ်အရွယ် အမျိုးသမီး ၄ ယောက်ကို ပြင်ဦးလွင်မြို့အထည်ဆိုင်မှာ အလုပ်လုပ်ရမယ်၊ မန္တလေးမြို့မှာ အိမ်ဖော်လုပ်ရမယ်လို့ ဒေါ်စန်းမြင့်နဲ့အတူ လိမ်လည်စည်းရုံးလို့ တရုတ်နိုင်ငံကို ပို့ဆောင် တရုတ်မယားအဖြစ် ရောင်းစားခဲ့ကြတယ်လို့ ရဲတပ်ဖွဲ့က သတင်းထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။

သူတို့ကို ၂၀၁၇ ဇူလိုင် ၄ ရက်က ဖမ်းမိခဲ့ပြီး ဒီအမှုမှာ ပါဝင်ခဲ့တဲ့ ရခိုင်ပြည်နယ်၊ မာန်အောင်မြို့နယ်က အသက် ၂၁ နှစ်အရွယ် အာကာလင်းကတော့ ထွက်ပြေး တိမ်းရှောင်နေပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013