DVB Logo
Home
မြန်မာသတင်း
ရခိုင်အရေး သမ္မတရပ်တည်ချက် ထောက်ခံကြောင်း ဆက်လက်ဆန္ဒပြ
DVB
·
September 4, 2012
ရခိုင်အရေး သမ္မတရပ်တည်ချက် ထောက်ခံကြောင်း ဆက်လက်ဆန္ဒပြ
Donate to DVB

မန္တလေးမြို့မှာ ရခိုင်အရေးနဲ့ ပတ်သက်ပြီး သမ္မတ ဦးသိန်းစိန်ရဲ့ ရပ်တည်ချက်ကို ထောက်ခံကြောင်း ရဟန်းရှင်လူ ပြည်သူတွေက တတိယနေ့အဖြစ် ဆန္ဒဖော်ထုတ်ခဲ့ကြပါတယ်။

[caption id="attachment_30280" align="alignleft" width="300" caption="စက်တင်ဘာ ၂ ရက်နေ့က ဆန္ဒပြစဉ်"][/caption]

ဆန္ဒပြသူတွေက “ရိုဟင်ဂျာ အလိုမရှိ၊ မြန်မာပြည်က ထွက်သွားပေးပါ။ သမ္မတကြီးကို ထောက်ခံပါတယ်” အစရှိတဲ့ ကြွေးကြော်သံတွေနဲ့ ဆန္ဒပြခဲ့ကြပါတယ်။

ဆန္ဒပြသူ ရဟန်း အပါး ၄၀၀ လောက်နဲ့ ပြည်သူ ၄၀၀ လောက် စုစုပေါင်း ၈၀၀ လောက်ရှိကြောင်း လိုက်ပါသတင်းယူနေတဲ့ ဒီဗွီဘီသတင်းထောက်က ပြောပါတယ်။

ဆန္ဒပြရဟန်းသံဃာတွေဟာ သက်ဆိုင်ရာ ကျောင်းတိုက် အသီးသီးကနေ မြတောင်ကျောင်းတိုက်မှာ နေ့လည် ၁၂ နာရီခွဲလောက်မှာ စုဝေးပြီး လမ်းလျှောက်ချီတက် ဆန္ဒဖော်ထုတ်ခဲ့ကြတာပါ။

ဆန္ဒပြနေကြတဲ့ သူတွေကြားထဲကို လုံထိန်းတွေ ၀င်ရောက် ကာပေးနေကြပေမယ့် တားဆီးတာတော့ မလုပ်ကြဘူးလို့လည်း သိရပါတယ်။

ရိုဟင်ဂျာအရေးအပေါ် သမ္မတရဲ့ရပ်တည်ချက် ထောက်ခံဆန္ဒပြပွဲကို စက်တင်ဘာ ၂ ရက်နေ့က ရဟန်းရှင်လူ အင်အား ၁ ထောင်ကျော်လောက် ကျင်းပခဲ့ပေမယ့် စက်တင်ဘာ ၃ ရက်နေ့မှာတော့ အာဏာပိုင်တွေဘက်က ခွင့်မပြုခဲ့ပေမယ့် အချို့သံဃာတွေနဲ့ ပြည်သူတွေက ဆန္ဒပြခဲ့ကြပါတယ်။

မနေ့က စက်တင်ဘာ ၃ ရက် ညနေပိုင်းနဲ့ ညပိုင်းတွေမှာ မန္တလေးက ရဟန်းတွေ သီတင်းသုံးတဲ့ ကျောင်းတိုက်တွေကို အာဏာပိုင်တွေ ရောက်လာကြပြီး ဆန္ဒပြပွဲထဲ မပါကြဖို့ လာရောက် လျှောက်ထားခဲ့ကြတယ်လို့လည်း ဒီဗွီဘီ သတင်းထောက်က ပြောပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013