DVB Logo
Home
မြန်မာသတင်း
အလုပ်သမားအရေးလှုပ်ရှားသူ ကိုရဲမင်းဖမ်းဆီးခံရသည့်ကိစ္စ မမှန်​သတင်းလွှင့်မှုများကို သတိပေး
DVB
·
December 4, 2018
အလုပ်သမားအရေးလှုပ်ရှားသူ ကိုရဲမင်းဖမ်းဆီးခံရသည့်ကိစ္စ မမှန်​သတင်းလွှင့်မှုများကို သတိပေး
Donate to DVB

ထိုင်းနိုင်​ငံ​ရောက်​ မြန်​မာအလုပ်​သမားအ​ရေး ကူညီ​ဆောင်​ရွက်​​ပေး​နေ​တဲ့ ACC မဟာမိတ်​အဖွဲ့တည်​​ထောင်​သူ ကိုရဲမင်းဖမ်းဆီးခံရတာနဲ့ ပတ်​သက်​ပြီး မမှန်​သတင်း ထုတ်​လွှင့်မှု​ တွေ​ကို မြန်​မာသံရုံးရဲ့ အလုပ်​သမားသံအရာရှိရုံးက သတိပေးလိုက်ပါတယ်။

မမှန်သတင်းကြောင့် ထိုင်း-မြန်​မာ နှစ်​နိုင်​ငံချစ်​ကြည်​​ရေးကို ထိခိုက်​လာရင်​ တည်​ဆဲ ဥပ​ဒေ​တွေနဲ့အညီ နှစ်​နိုင်​ငံ ပူး​ပေါင်း​ဆောင်​ရွက်​သွားမယ်​လို့ ထိုင်းနိုင်​ငံဆိုင်​ရာ မြန်​မာသံရုံး အလုပ်​သမားသံအရာရှိ ရုံးက ဒီဇင်​ဘာ ၃ ရက်​​စွဲနဲ့ ထုတ်​ပြန်​​ကြေညာလိုက်တာပါ​။

ကိုရဲမင်းကို မြန်​မာသံရုံးကဖမ်းခိုင်းတာဖြစ်တယ်၊ အလုပ်​သမားအ​ရေး ဆောင်​ရွက်​သူဖြစ်လို့ ထိုင်းအစိုးရက အ​ကြောင်းပြချက်​မရှိပဲ ဖမ်းဆီးတယ်​ဆိုတဲ့ သတင်း​တွေထွက်​လာတာ​ကြောင့် သံရုံးက ခုလိုပေးကြေညာချက် ထုတ်ပြန်လိုက်တာလို့ဆိုပါတယ်။

အဲ့ဒီလို သတင်းအမှား​တွေကို ဆိုရှယ်​မီဒီယာ​တွေမှာ ​ဖော်​ပြခဲ့ပြီး နိုဝင်​ဘာလဆန်းပိုင်းက ကိုရဲမင်းရုံးထုတ်​မှာ လူစုလူ​ဝေးဖြစ်​​ပေါ်ခဲ့တဲ့အတွက်​ ထိုင်းနိုင်ငံ၊ သတင်းရဲတပ်ဖွဲ့ (Special Branch)က တိုင်ကြားလာတယ်​လို့လည်း ထုတ်​ပြန်​ချက်​မှာ​ဖော်​ပြထားပါတယ်​။

ကိုရဲမင်းဟာ ထိုင်းနိုင်ငံမှာ တရားမဝင်​​နေထိုင်​တာ​ကြောင့် ဖမ်းဆီးခံရတာဖြစ်​ပြီး တခြား အမှု​တွေလည်းရှိ​နေတာ​ကြောင့် ဖမ်းဆီးထားတာလို့ ထိုင်းနိုင်​ငံဆိုင်​ရာ မြန်​မာသံရုံး အလုပ်​သမား သံအရာရှိ ဦးစန်း​မောင်​ဦးက ​ပြောပါတယ်​။

ကာယကံရှင်​​တွေအ​နေနဲ့ ကိုယ်​နဲ့သက်​ဆိုင်​တဲ့ အမှု​တွေကို ထိန်​ချန်​ထားပြီး သက်​ဆိုင်​ရာ နိုင်​ငံနဲ့ မြန်​မာနိုင်​ငံအကြား အမြင်​မှား​အောင်​ ​လူစုလူ​ဝေးဖြစ်​​အောင်​ ဆောင်​ရွက်​ခဲ့တာ​တွေကြောင့် ထိုင်းနိုင်​ငံဆိုင်​ရာ မြန်​မာသံအမတ်​ကြီးက အခုလို ​ကြေညာချက်​ထုတ်​ပြန်​ခိုင်းတာလို့ အလုပ်​သမား သံအရာရှိ ဦးစန်း​မောင်​ဦးက​ပြောပါတယ်​။

ကိုရဲမင်း​ခေါ် ရဲမင်းကြည်ကို ရန်​ကုန်​တိုင်း​ဒေသကြီး သုဝဏ္ဏရဲစခန်းကလည်း ဖမ်းဝရမ်း ထုတ်ထားတယ်လို့လည်း သံရုံးထုတ်​ပြန်​ချက်​မှာ ​ဖော်​ပြထားပါတယ်​။

ကိုရဲမင်းဟာ ​အောက်​တိုဘာ ၁၈ ရက်​​က ဘန်ကောက်မြို့အနီး မဟာချိုင်​မြို့ရှိ လူဝင်​မှု ကြီးကြပ်​​ရေးရုံးသို့ သွား​ရောက်​စဉ်​ ဖမ်းဆီးထိန်းသိမ်းခံခဲ့ရတာဖြစ်​ပါတယ်​။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013