DVB Logo
Home
မြန်မာသတင်း
မြန်မာလူဦးရေထက်ဝက်ခန့် အိမ်ရာမဲ့ဖြစ်နေ
DVB
·
December 4, 2018
မြန်မာလူဦးရေထက်ဝက်ခန့် အိမ်ရာမဲ့ဖြစ်နေ
Donate to DVB

မြန်မာပြည်လူဦးရေရဲ့ထက်ဝက်ခန့်ဟာ အိမ်ရာချို့တဲ့မှုနဲ့ရင်ဆိုင်နေရတယ်လို့ ကမ္ဘာ့ဘဏ်နဲ့ ပြည်သူ့အင်အားဦးစီးဌာနတို့ မနေ့က ပူးပေါင်းထုတ်ပြန်တဲ့  ‘မြန်မာနိုင်ငံရှိ ရှုထောင့်နယ်ပယ်စုံ လူမှုဘ၀ဖူလုံရေး” အစီရင်ခံစာမှာ ဖော်ပြပါတယ်။

၂၀၁၄ခုနှစ် သန်းခေါင်စာရင်းကိုအခြေခံပြီး မြန်မာနိုင်ငံရဲ့ လူမှုဘ၀ဖူလုံရေးကို ရှုထောင့် နယ်ပယ်စုံကနေ အသေးစိတ်ဆန်းစစ်လေ့လာပြီး ဒီအစီရင်ခံစာကို ထုတ်ပြန်ထားတယ်လို့ ဆိုပါတယ်။

မြန်မာပြည်သူတွေအကြား အိမ်ရာချို့တဲ့မှု ၄၈ ဒသမ ၈ ရာခိုင်နှုန်း၊ အိမ်အသုံးအဆောင် ပစ္စည်းချို့တဲ့မှု ၄၁ ဒသမ ၅ ရာခိုင်နှုန်း၊ ရေနဲ့မိလ္လာချို့တဲ့မှု ၄၁ ဒသမ ၄ ရာခိုင်နှုန်းရှိနေတာ ဖြစ်ပါတယ်။

ချို့တဲ့မှုအနည်းဆုံးဟာ ကျန်းမာရေးအုပ်စုမှာဖြစ်ပြီး နိုင်ငံလူဦးရေရဲ့ ၁၂ ရာခိုင်နှုန်းပဲ ကျန်းမာရေးချို့တဲ့မှုနဲ့ ရင်ဆိုင်နေရတယ်လို့ အစီရင်ခံစာမှာ ဖော်ပြထားပါတယ်။ ကျန်းမာရေးချို့တဲ့ မှု အတွေ့ရနည်းပေမယ့် မသန်စွမ်းမှုနဲ့ သေနှုန်းညွှန်းကိန်းမြင့်မားမှုတွေကို သတိပြုဖို့လိုတယ်လို့ လည်း အစီရင်ခံစာက ထောက်ပြထားပါတယ်။

ဒါ့အပြင် ရေ၊ မိလ္လာနဲ့ မီးအလင်းရောင်လက်လှမ်းမီရယူသုံးစွဲနိုင်မှု၊ အိမ်အသုံး အဆောင် ပစ္စည်းပိုင်ဆိုင်မှုတွေမှာချို့တဲ့မှုနဲ့ မြန်မာပြည်သူတွေ ပိုမိုရင်ဆိုင်နေကြရတယ်လို့လည်း အစီရင်ခံစာ က ဖော်ပြပါတယ်။

မြန်မာနိုင်ငံအတွင်းမှာရှိတဲ့ အိမ်ထောင်စုအားလုံးနဲ့ တဦးချင်းစီရဲ့ ပညာရေး၊ ကျန်းမာရေး၊ အိမ်အကြောင်းအရာ၊ စွမ်းအင်အသုံးပြုမှုနဲ့ အိမ်အသုံးအဆောင်ပစ္စည်း စတဲ့ အချက်အလက်တွေ လည်း ဒီအစီရင်ခံစာမှာ ဖော်ပြထားတယ်။

ပြည်နယ်တိုင်းဒေသအလိုက်ကြည့်ရင် ရခိုင်ပြည်နယ်ဟာ ရှုထောင့်နယ်ပယ်စုံချို့တဲ့မှု အမြင့်မားဆုံးဖြစ်ပြီး ရန်ကုန်တိုင်းက အနည်းဆုံးဖြစ်ပါတယ်။

ချို့တဲ့မှုမြင့်တဲ့ ပြည်နယ်တိုင်းတွေထဲမှာ ဧရာဝတီတိုင်း၊ ကရင်ပြည်နယ်၊ တနင်္သာရီတိုင်း၊ ချင်းပြည်နယ်နဲ့ ရှမ်းပြည်နယ်တို့ ပါဝင်ပါတယ်။ မန္တလေးတိုင်း၊ နေပြည်တော်နဲ့ ကချင်ပြည်နယ်တို့ ကတော့ ချို့တဲ့မှုနိမ့်တဲ့ ပြည်နယ်တိုင်းတွေ ဖြစ်ပါတယ်။

၂၀၁၄ ခုနှစ်က ကောက်ယူခဲ့တဲ့ သန်းခေါင်စာရင်းဟာ ၁၉၈၃ခုနှစ်နောက်ပိုင်း ပထမဆုံး အကြိမ် ကောက်ယူခဲ့တဲ့ သန်းခေါင်စာရင်းဖြစ်ပြီး အခု အစီရင်ခံစာဟာ ပြည်သူလူထုရဲ့ လူမှုဘ၀ ဖူလုံရေးကို ငွေကြေးမဟုတ်တဲ့ ရှုထောင့်ကနေ သုံးသပ်တင်ပြထားတာ ဖြစ်ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013