DVB Logo
Home
မြန်မာသတင်း
ဘိလပ်မြေစက်ရုံစီမံကိန်း ဖျက်သိမ်းရန် တောင်းဆိုသည့် တောင်သူ ၅ ဦးကို ဖမ်းဆီးရုံးထုတ်
DVB
·
December 4, 2018
ဘိလပ်မြေစက်ရုံစီမံကိန်း ဖျက်သိမ်းရန် တောင်းဆိုသည့် တောင်သူ ၅ ဦးကို ဖမ်းဆီးရုံးထုတ်
Donate to DVB

မန္တလေးတိုင်းဒေသကြီး၊ ပုသိမ်ကြီးမြို့နယ်အတွင်း ကျောက်မီးသွေးစွမ်းအင်သုံး ဘိလပ်မြေစက်ရုံစီမံကိန်း အမြန်​ဆုံး ဖျက်သိမ်းပေးဖို့ တောင်းဆိုခဲ့ကြတဲ့ ဒေသခံ တောင်သူတွေကို ဖမ်းဆီးပြီး မြို့နယ်တရားရုံးမှာ မနေ့က ရုံးထုတ်​စစ်ဆေးပါတယ်။

ပုသိမ်ကြီးမြို့နယ်၊ ဒဟတ္တောကျေးရွာအုပ်စု၊ အောင်သပြေကျေးရွာအနီးမှာ မြင့်ရင်းနှီးမြှုပ်နှံမှု ကုမ္ပဏီက ကျောက်မီးသွေးစွမ်းအင်သုံး ဘိလပ်မြေစက်ရုံ တည်ဆောက်နေတာကို ဖျက်သိမ်းပေးဖို့ ဒေသခံတွေက တောင်းဆိုခဲ့ကြတာပါ။

အောင်သပြေကျေးရွာက ဒေသခံတောင်သူ​တွေဖြစ်​ကြတဲ့ ဦးရွှေအုန်းနဲ့အတူ ၅ ဦးကို ကုမ္ပဏီက ပုဒ်မ ၃၄၁ နဲ့ တရားစွဲကာ ထောင်ဒဏ် ၁ လ ချမှတ်ခဲ့ပြီး ခုအခါမှာ ငြိမ်းစုစီဥပဒေ၊ လမ်းတံတားဥပဒေတွေနဲ့အတူ တရားစွဲထားတဲ့အတွက်​ ထပ်မံရုံးထုတ်စစ်ဆေးတာ ဖြစ်​ပါတယ်​။

ဖမ်းဆီးထောင်ချခံထားရတဲ့ ဒေသခံတောင်သူ ဦးရွှေအုန်းက “မန္တလေးတိုင်းဒေသကြီး အစိုးရအဖွဲ့ အ​နေနဲ့ ကျနော်တို့ကို ဒီပုံစံဖြစ်အောင် လုပ်လိုက်တာပါပဲ​လေ။ ခုလို ခြေထိပ်၊ လက်ထိပ်နဲ့ ရုံးထုတ်ရအောင်ပေါ့။ အစိုးရအဖွဲ့ကိုယ်တိုင် ဒေသခံပြည်သူဘက်မှာမရှိဘဲ ကုမ္ပဏီလုပ်ငန်းရှင်ပေါ်မှာပဲ ရပ်တည်ပေးနေတယ်။ ဒီနေ့ကတော့ ပိတ်ဆို့မှုနဲ့ တရားစွဲတဲ့အပေါ် ရုံးထုတ်တာပါ” လို့ ပြောပါတယ်​။

ကျောက်မီးသွေးစွမ်းအင်သုံး ဘိလပ်မြေစက်ရုံကြောင့် သဘာဝပတ်ဝန်းကျင် ထိခိုက်မှု​နဲ့ လေထုညစ်ညမ်းမှု​တွေ ဖြစ်​​ပေါ်စေနိုင်တဲ့အတွက် ဒေသခံတောင်သူတွေက ကန့်ကွက်​နေကြတာလည်း ဖြစ်ပါတယ်​။

ဒါ့အပြင် ဘိလပ်မြေစက်ရုံ အဝင်လမ်းမကြီး ဖောက်လုပ်ဖို့အတွက် ရွာအဝင်လမ်းက ကျွန်းပင် ၃၇၀ ကျော်နဲ့အတူ တခြားအပင် ၇၀၀ ကျော်လည်း ခုတ်လှဲ ဖျက်ဆီးခံခဲ့ရပါတယ်​။

စက်ရုံစီမံကိန်းမလုပ်ဖို့ ဒေသခံတွေအနေနဲ့ ၂၀၁၄ ခုနှစ်ကစတင်​ပြီး သက်ဆိုင်ရာ အဆင့်ဆင့်ကို တိုင်စာတွေ၊ ကန့်ကွက်စာတွေကိုလည်း အကြိမ်ကြိမ်တင်ပြခဲ့​ပေမယ့် အရေးယူ ဆောင်ရွက်ပေးခဲ့တာ မရှိပါဘူး။

စီမံကိန်းရှိ စက်ရုံဧရိယာအ​နေနဲ့ ဧက ၂၀၀ ကျော်နဲ့ ထုံးကျောက်တောင်ဧက ၆၀၀ ကျော်ရှိပြီး စီမံကိန်းဧရိယာထဲမှာ အောင်သပြေ၊ တောင်ပုလု၊ သရက်ကိုင်း၊ မြက်သာ၊ ထုံးဘို၊ တောင်ကန်၊ ပြည်သာယာ စတဲ့ကျေးရွာတွေနဲ့ ထိစပ်နေတဲ့ မြေဧက​တွေလည်း ပါဝင်​ပါတယ်​။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013