DVB Logo
Home
မြန်မာသတင်း
“မန္တလေးကို လှည့်တောင်မကြည့်အားဘူး” ရန်ကုန်မြို့တော်ဝန် (ရုပ်သံ)
DVB
·
December 4, 2018
“မန္တလေးကို လှည့်တောင်မကြည့်အားဘူး” ရန်ကုန်မြို့တော်ဝန် (ရုပ်သံ)
Donate to DVB



မန္တလေးမြို့ရဲ့ ဖွံ့ဖြိုးတိုးတက်မှု အခြေအနေကို ကြည့်ဖို့ အချိန်မရှိတဲ့အကြောင်းနဲ့  ကြည့်ခိုင်းနေသူတွေ အားနေကြလား မသိဘူးလို့ ရန်ကုန်မြို့တော်ဝန်က ပြောကြားလိုက်ပါတယ်။

ရန်ကုန်နဲ့ မန္တလေးမြို့တို့ရဲ့ ဖွံ့ဖြိုးတိုးတက်မှု အခြေအနေနဲ့ ပတ်သက်လို့ မီဒီယာတွေက နှိုင်းယှဉ်မေးတဲ့ မေးခွန်းကို ဖြေကြားရာမှာ ရန်ကုန်မြို့တော်ဝန် ဦးမောင်မောင်စိုးက ပြောသွားတာပါ။

မန္တလေးမြို့ဟာ လူဦးရေ ၁ သန်းကျော်ပဲရှိပြီး သူ့အတိုင်းအတာနဲ့သူ လုပ်နေသလို သူ့အနေနဲ့ ရန်ကုန်လို လူဦးရေ ၇ သန်းကျော်ရှိတဲ့ Mega City ကို ကိုင်တွယ်နေရတာကြောင့် ရန်ကုန်နဲ့ မန္တလေးကို အိမ်တအိမ် သန့်ရှင်းအောင်လုပ်ရတာနဲ့ ရပ်ကွက်တခု သန့်ရှင်းအောင်လုပ်ရတဲ့ ပုံစံမျိုးလို့ မြို့တော်ဝန်က နှိုင်းယှဉ်ပြောပါတယ်။

“တရပ်ကွက်လုံးသန့်အောင် ရှင်းဖို့နဲ့ အိမ်တအိမ်သန့်အောင်ရှင်းဖို့ ဘယ်ဟာလွယ်မလဲ၊ အိမ်တအိမ်က ရှင်းရတာလွယ်တယ်။ တရပ်ကွက်လုံးကျတော့ အိမ်တအိမ်ထက်စာရင်တော့ ဘယ်လွယ်မလဲ။ ကျနော်တော့ အဲဒီလိုပဲခံယူတယ်။ ဒါ ကြိုက်ရင်ကြိုက်၊ မကြိုက်ရင်နေ၊ ကျနော်တို့သည် အရှိန်တော့ မလျော့ပါဘူး။ သို့သော်လည်း ကိုယ့်ဟာနဲ့ကိုယ် လုံးလည်ချာနေတာ။ မန္တလေးကို လှည့်တောင်မကြည့်အားဘူး။ ဒါ အမှန်ပြောတာ။ မန္တလေးက ကျနော့်ကို လာလာလာလာ၊ ကြည့်ကြည့်ကြည့်ကြည့် ပြောနေတာ ကျနော်အံ့သြတယ်။ အားများနေကြလား မသိဘူး။ ကျနော် လုံးဝကို ဟိုဒင်းမဖြစ်ဘူး။ တိုးတက်ရင်ကောင်းတယ်။ မန္တလေးတိုးတက်ရင် ပိုကြိုက်တယ်" လို့ မြို့တော်ဝန် ဦးမောင်မောင်စိုးက ပြောပါတယ်။

ရန်ကုန်ဟာ စီးပွားရှာလို့ကောင်းပြီး လူဦးရေထူထပ်တာကြောင့် မန္တလေးမြို့တိုးတက်ရင် လူဦးရေ ပျံ့နှံ့သွားနိုင်တယ်လို့ ဆိုပါတယ်။

အလားတူ တခြား တိုင်းဒေသကြီးနဲ့ ပြည်နယ်တွေလည်း တိုးတက်လာရင် လူဦးရေ ပျံ့နှံ့သွားနိုင်တာကြောင့် တိုးတက်စေချင်တယ်၊ သူ့အနေနဲ့ ကိုယ့်အလုပ်ကိုယ်လုပ်နေတာကြောင့် တခုနဲ့တခု နှိုင်းယှဉ်ပြီး ပြောဖို့ အချိန်မရှိဘူးလို့လည်း ပြောသွားပါတယ်။

ရန်ကုန်တိုင်းဒေသကြီး ဖွံ့ဖြိုးရေးလုပ်ငန်းတွေအတွက် ပြင်သစ်ချေးငွေရယူရေး ကိစ္စနဲ့ ပတ်သက်လို့ ပြည်သူ့ငွေစာရင်း ပူးပေါင်းကော်မတီ၊ လွှတ်တော်ကိုယ်စားလှယ်တွေနဲ့ တွေ့ဆုံဆွေးနွေးဖို့ ဒီဇင်ဘာ ၃ ရက်က ပြည်ထောင်စုလွှတ်တော်ကို ရောက်လာတဲ့ ရန်ကုန်တိုင်း မြို့တော်ဝန်ကို မီဒီယာတွေက မေးမြန်းခဲ့ကြတာ ဖြစ်ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013