DVB Logo
Home
မြန်မာသတင်း
ချင်းပြည်နယ်ရှိ တောင်ဇလပ်ပန်းများထိန်းသိမ်းရေး ဥပဒေပြဋ္ဌာန်းပေးရန်လိုအပ်နေ
DVB
·
December 3, 2018
ချင်းပြည်နယ်ရှိ တောင်ဇလပ်ပန်းများထိန်းသိမ်းရေး ဥပဒေပြဋ္ဌာန်းပေးရန်လိုအပ်နေ
Donate to DVB

ချင်းပြည်နယ်ရဲ့ အမှတ်သားတခုဖြစ်တဲ့ တောင်ဇလပ်ပန်းတွေဟာ တဖြည်းဖြည်း ပျက်သုဉ်းနေတဲ့ အန္တရာယ်နဲ့ ရင်ဆိုင်နေရပြီး တောင်ဇလပ်ပန်းတွေ မျိုးသုဉ်းမယ့်အရေးက ကာကွယ်ဖို့ ချင်းပြည်နယ် အစိုးရအနေနဲ့ ဥပဒေတရပ်ပြဋ္ဌာန်းပေးဖို့ လိုအပ်လာပြီလို့ ကနေဒီ စိမ်းလန်းစိုပြေရေးအဖွဲ့ ဥက္ကဋ္ဌ ဦးငင်ရှင်းခွာက ပြောပါတယ်။

“၁၉၉၃ နောက်ပိုင်း ကနေဒီတစ်ဝိုက်က တောင်ဇလပ်တောတွေဟာ ဒီကနေ့မှာ ၅၀ ရာခိုင်နှုန်းကျော် ပျက်စီးနေပြီ။ ခုဆို ရွာတချို့လည်း ဒီနားရွှေ့လာတော့ ဒီအပင်တွေ ခုတ်ကြရင် မကြာခင် တောင်ဇလပ်ပြုန်းတော့မယ်။ ဒါကို ပြည်နယ် အစိုးရက တောင်ဇလပ်ပင်တွေအတွက် သီးသန့် ဥပဒေ ပြဋ္ဌာန်းပေးဖို့နဲ့ ဥပဒေအတိုင်း ဆောင်ရွက်ဖို့ လိုနေပြီ” လို့ ပြောပါတယ်။

တောင်ဇလပ်ပင်တွေအနေနဲ့ ချင်းပြည်နယ် တောင်ပိုင်း ခေါနုသုမ်တောင်တန်းနဲ့ မြောက်ပိုင်း တီးတိန်နယ် ကနေဒီ တောင်ကြောမှာပဲ အများအပြား ပေါက်ရောက်တဲ့ အပင်အမျိုးအစား ဖြစ်ပြီး ပင်လယ်ရေမျက်နှာပြင် အထက် ပေ ၄၀၀၀ ကျော်မှာပဲ ပေါက်လေ့ရှိတဲ့ အပင်အမျိုးအစား ဖြစ်ပါတယ်။

“တောင်ဇလပ်ဟာ ကြီးမားတဲ့ ရိုးရာသမိုင်းတော့ မသိဘူး။ ဒါပေမယ့် ဘိုးဘွားတွေ လက်ထက်ကတည်းက တေးသီးချင်း သီကျူးရာမှာ ထည့်သွင်းရေးသားကြတယ်။ အမြတ်တနိုး ထားကြတယ်။ ပြည်နယ်အမှတ်သားတခုဖြစ်ပါတယ်။ ဒါကြောင့် ကွယ်ပျောက်သွားမှာ စိုးတယ်။ ခုဆို အရင်နဲ့ မတူတော့ဘူး။ ကျေးငှက်တွေတောင် မရှိတော့ဘူး” လို့လည်း ဦးငင်ရှင်းခွာက ပြောပါတယ်။

ကနေဒီတောင်တန်း တောင်ဇလပ်ထိန်းသိမ်းရေးအတွက် သစ်တောနဲ့ သဘာပတ်ဝန်းကျင် ထိန်းသိမ်းရေးအနေနဲ့ သစ်တောဥပဒေအတိုင်းသာ ဆောင်ရွက်နေပြီး တောင်ဇလပ်ပင် ခုတ်ချိုးသူတွေကိုလဲ သီးသန့်တားမြစ်တာမျိုး မတွေ့ရဘဲ ကနေဒီ စိမ်းလန်းစိုပြေရေးအဖွဲ့အနေနဲ့ အပင်တွေမှာ အသိပေးစာကပ်တာနဲ့ ပညာပေးတာတွေနဲ့ပဲ ထိန်းသိမ်းနေရတယ်လို့ သိရပါတယ်။

မင်းရဲစစ်နိုင်

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013