DVB Logo
Home
မြန်မာသတင်း
အန်အယ်လ်ဒီအစိုးရလက်ထက် ထုတ်ယူသုံးစွဲထားသည့် ပြည်ပချေးငွေ ဒေါ်လာ သန်း ၉၀ ကျော်ရှိ
DVB
·
December 3, 2018
အန်အယ်လ်ဒီအစိုးရလက်ထက် ထုတ်ယူသုံးစွဲထားသည့် ပြည်ပချေးငွေ ဒေါ်လာ သန်း ၉၀ ကျော်ရှိ
Donate to DVB

လက်ရှိအစိုးရလက်ထက် ပြည်ပကနေ ချေးငွေယူဖို့ စာချုပ်ချုပ်ထားတာ အမေရိ ကန်ဒေါ်လာသန်းပေါင်း ၃၈၀၀ ကျော် လောက်ရှိပြီး ထုတ်ယူသုံးစွဲထားတဲ့ချေးငွေက သန်း ၉၀ ကျော်ရှိတယ်လို့ စီမံကိန်းနဲ့ ဘဏ္ဍာရေးဝန်ကြီးဌာနရဲ့ စာရင်းတွေအရ သိရပါတယ်။

၂၀၁၇-၁၈ ခုနှစ်၊ အစိုးရရဲ့ ကြွေးမြီဆိုင်ရာနှစ်ပတ်လည်အစီရင်ခံစာမှာ ဖော်ပြထား တာဖြစ်ပြီး ခေတ်အဆက်ဆက်ချေးငွေတွေထဲမှာ တရုတ်နိုင်ငံကို အများဆုံး ပေးဆပ်နေရတယ်လို့ ဆိုပါတယ်။

၁၉၈၈ ခုနှစ်မတိုင်ခင် ထုတ်ယူသုံးစွဲခဲ့တဲ့ ပြည်ပချေးငွေပေါင်း အမေရိကန်ဒေါ်လာသန်း ၅၂၅၅ ကျော်ရှိပြီး စစ်အစိုးရလက်ထက် ၁၉၈၈ကနေ ၂၀၁၁ခုနှစ် အထိ ထုတ်ယူသုံးစွဲခဲ့တဲ့ ပြည်ပချေးငွေပေါင်းကတော့  ဒေါ်လာသန်း ၃၈၈၀ ကျော်ရှိပါတယ်။

ကြံ့ခိုင်ရေးပါတီဦးဆောင်တဲ့ အစိုးရလက်ထက် ၂၀၁၁-၁၂ ခုနှစ်ကနေ ၂၀၁၅-၁၆ အထိ စာချုပ်ချုပ်ခဲ့တဲ့ ပြည်ပချေးငွေပမာဏက ဒေါ်လာသန်း ၇၂၄၁ ကျော်ရှိပြီး ထုတ်ယူသုံးစွဲခဲ့တဲ့ ပြည်ပချေးငွေပေါင်းကတော့  ဒေါ်လာသန်း ၃၃၅၀ နီးပါးရှိပါတယ်။

၂၀၁၁ ခုနှစ်ကနေ ၂၀၁၆ ခုနှစ်အထိမှာတော့ ဂျပန်နိုင်ငံ အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေး အေဂျင်စီဆီက ချေးငွေအများဆုံးရခဲ့တယ်လို့ ဆိုပါတယ်။ စာရင်းဇယား တွေမှာတော့တရုတ်နိုင်ငံ ဆီကနေ အများဆုံးထုတ်ယူသုံးစွဲခဲ့ပြီး အများဆုံးပြန်ရမယ်လို့ တွေ့ရပါတယ်။

၂၀၁၆ ခုနှစ်ကနေ လက်ရှိအချိန်ထိမှာတော့ ကမ္ဘာ့ဘဏ်က ချေးယူတာ အများဆုံးဖြစ်ပါတယ်။ ချေးငွေစာချုပ်တန်ဖိုးအရ သန်းပေါင်း ၃၈၄၄ ကျော်ဖြစ်ပြီး ထုတ်ယူသုံးစွဲတာကတော့ ၉၁ သန်းကျော် ရှိပါတယ်။

ကာလအဆက်ဆက်ချေးခဲ့တာတွေမှာ ဒေါ်လာ ၆၈၉၁ သန်းကျော်နဲ့ ဂျပန်နိုင်ငံက အများဆုံးဖြစ်ပေမယ့် တကယ်တမ်းထုတ်ယူသုံးစွဲတာမှာတော့ တရုတ်နိုင်ငံဆီက သန်းပေါင်း ၅၁၁၈ ကျော် ထုတ်ခဲ့လို့ အများဆုံးဖြစ်ပါတယ်။ လက်ရှိမှာလည်း တရုတ်နိုင်ငံကို သန်းပေါင်း ၄၀၀၀ ကျော် ပေးဆပ်ဖို့ ကျန်နေတုန်း ဖြစ်ပါတယ်။

ဝန်ကြီးဌာနအလိုက် အများဆုံးထုတ်ယူသုံးစွဲခဲ့တာကတော့ လျှပ်စစ်နဲ့ စွမ်းအင်ဝန်ကြီးဌာနဖြစ်ပြီး သန်းပေါင်း ၄၁၀၀ ကျော်၊ ဒုတိယက စီမံကိန်းနဲ့ ဘဏ္ဍာရေး ဝန်ကြီးဌာနဖြစ်ပြီး သန်းပေါင်း ၃၂၀၀ ကျော်၊ တတိယကတော့ သန်းပေါင်း ၁၉၀၀ ကျော် ထုတ်ယူထားတဲ့ ပို့ဆောင်ရေးနဲ့ ဆက်သွယ်ရေး ဝန်ကြီးဌာန ဖြစ်ပါတယ်။

မြန်မာနိုင်ငံအနေနဲ့ စုစုပေါင်း ပေးဆပ်ဖို့ ကျန်နေတဲ့ ပြည်ပချေးငွေ စုစုပေါင်း ကတော့ အမေရိကန်ဒေါ်လာသန်းပေါင်း ၁၀၂၀၀ ကျော် ဖြစ်ပါတယ်။

၂၀၁၁ ခုနှစ်ကနေ ၂၀၁၆ ကာလအထိ ချေးငွေတွေကနေ ၄၆ ရာခိုင်နှုန်းလောက်ကို ထုတ်ယူသုံးစွဲခဲ့ပြီး ၂၀၁၆ နောက်ပိုင်း ချေးခဲ့တာမှာတော့ ထုတ်ယူနိုင်ဖို့ဆောင်ရွက်နေဆဲဖြစ်လို့ လတ်တလောမှာ ချေးငွေရဲ့ ၂ ရာခိုင်နှုန်းလောက်ကိုပဲ ထုတ်ယူသုံးစွဲနိုင်သေးတယ်လို့ စီမံကိန်းနဲ့ ဘဏ္ဍာရေး ဝန်ကြီးဌာနက အစီရင်ခံထားပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013