DVB Logo
Home
မြန်မာသတင်း
နမ္မတူမြစ်တွင် ပျောက်ဆုံးနေသည့် ကိုးရီးယားအမျိုးသမီးအားတွေ့ရှိသူ ဒေါ်လာ ၅၀၀၀ ဆုချမည်
DVB
·
December 3, 2018
နမ္မတူမြစ်တွင် ပျောက်ဆုံးနေသည့် ကိုးရီးယားအမျိုးသမီးအားတွေ့ရှိသူ ဒေါ်လာ ၅၀၀၀ ဆုချမည်
Donate to DVB

ရှမ်းပြည်မြောက်ပိုင်း၊ ကျောက်မဲခရိုင်၊ သီပေါမြို့နယ် နမ္မတူမြစ်တွင်း နစ်မြုပ်ပျောက်ဆုံးနေတဲ့ ကိုးရီးယား အမျိုးသမီးတဦးကို  ရှာဖွေတွေ့ရှိသူအနေနဲ့ ဆုငွေ အမေရိကန်ဒေါ်လာ ၅၀၀၀ ရရှိမှာဖြစ်ပါတယ်။

အသက် ၄၅ နှစ်အရွယ် ကိုရီးယားနိုင်ငံသူ Miss Houng Young Heo ဆိုသူမှာ ပြီးခဲ့တဲ့ နိုဝင်ဘာ ၂၃ ရက်က နမ္မတူမြစ်ထဲ ဘောကျွတ်ကွင်းနဲ့ စုန်ဆင်းကစားစဉ် ရေစီးနဲ့အတူ ပျောက်ဆုံး သွားခဲ့တာဖြစ်ပြီး   ကယ်ဆယ်ရေးအဖွဲ့က နေ့စဉ်ရှာဖွေနေပေမယ့် ဒီကနေ့ (ဒီဇင်ဘာ ၃ ရက်) နေ့ထိ ရှာလို့မတွေ့သေးပါဘူး။

ပျောက်ဆုံးနေသူ Miss Houng ရဲ့ ဆွေမျိုးတွေကတော့ သူမအားရှာဖွေတွေ့ရှိသူကို အမေရိကန်ဒေါ်လာ ၅၀၀၀ ဆုချမယ်လို့ ကြေညာထားကြောင်း သီပေါမြို့နယ် ရဲစခန်း တာဝန်ကျရဲအရာရှိတစ်ဦးက ဒီဗွီဘီကိုပြောပါတယ်။

“အခုသီပေါကို သူ့အစ်ကိုလည်းရောက်နေတယ်လေ။ သူ့အစ်ကိုကိုယ်တိုင်ပြောတာ တွေ့တဲ့ လူကို ဒေါ်လာ ငါးထောင်ပေးမယ်တဲ့ ပြီးခဲ့တဲ့  နိုဝင်ဘာ ၃၀ တုန်းကပြောတာ။ ကျနော်တို့ကတော့ တာဝန်အရ ပျောက်ဆုံးသွားတဲ့နေ့ကတည်းကစ နေ့တိုင်းလိုက်ရှာပါတယ်။ နမ္မတူမြစ်ကြော တလျှောက်လုံးမှာပေါ့။ ဆုငွေထုတ်ပေးမယ်ဆိုတော့ မြစ်ကြောင်းနားတလျှောက်  လိုက်ရှာပေး တဲ့လူတွေ ပိုများလာတယ်။”

ပျောက်ဆုံးနေတဲ့ ကိုးရီးယားသူကို တွေ့ရှိဖို့  သီပေါမြို့နယ် ရဲတပ်ဖွဲ့၊ မီးသတ်၊ လ၀က၊ ကြက်ခြေနီ၊ ထွေအုပ်၊ ဟိုတယ်နဲ့ ခရီးသွားလုပ်ငန်းအေဂျင်စီ၊ ဟိုတယ်နဲ့ ခရီးညွှန်ကြားမှုအဖွဲ့၊ ကိုးရီးယားကောင်စစ်ဝန်ရုံးက တာဝန်ရှိသူတွေ၊  ရေငုပ်ကျွမ်းကျင်သူတွေ၊ နယ်မြေကျွမ်းကျင်သူ တွေပါ လူအင်အား တနေ့ ၃၀ ကျော် စက်လှေ ၂ စီးနဲ့ လိုက်လံရှာဖွေနေပြီး ရှာဖွေတဲ့ဧရိယာဟာ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေ တိုက်ပွဲဖြစ်တဲ့နေရာနဲ့ နီးလာတာကြောင့် ဒီကနေ့တော့ ခေတ္တရပ်နားထားတယ်လို့ ဆိုပါတယ်။

ပြီးခဲ့တဲ့ ဒီဇင်ဘာ ၁ ရက်နေ့ကတော့ သီပေါမြို့ရဲ့ အရှေ့မြောက်ဘက် ၁၂ မိုင်အကွာမှာ အလောင်းတလောင်းကို တွေ့ရှိခဲ့ပြီး သီပေါဆေးရုံကို သယ်ဆောင်ခဲ့ကြောင်း၊ ဒါပေမယ့် မန္တလေး ဆေးရုံကြီးက ဒီအန်အေ စစ်ဆေးရာမှာတော့ လွန်ခဲ့တဲ့ ၃ လကျော်က သေဆုံးခဲ့တဲ့ အမျိုးသား အလောင်းတလောင်းသာဖြစ်တယ်လို့ သီပေါရဲတပ်ဖွဲ့က ပြောပါတယ်။

ပျောက်ဆုံးသူမှာ လေယာဉ်ပြုပြင်ရေးဌာနမှ အင်ဂျင်နီယာတဦးဖြစ်ပြီး အိမ်ထောင်မရှိ အပျိုကြီးတဦး ဖြစ်ပါတယ်။

နိုဝင်ဘာ ၂၃ ရက်က သူမဟာ နိုင်ငံခြားသားအဖော် ၅ ဦးနဲ့အတူ ရေဆင်းကစားခဲ့ပြီး ဘောကွင်းကျွတ်သွားတာကြောင့် လှိုင်းအောက်မှာ နစ်မြုပ်သွားတာပါ။

ပျောက်ဆုံးသွားတဲ့နေရာဟာ သီပေါမြို့နဲ့ မိုင် ၄၀ ကျော်အကွာမှာရှိပြီး နိုင်ငံခြား ခရီးသွားဧည့်သည်များကို လည်ပတ်ခွင့် ကန့်သတ်ထားတဲ့နယ်မြေလည်းဖြစ်ပါတယ်။  

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013