DVB Logo
Home
မြန်မာသတင်း
တာခွတိုးဂိတ်သစ်ကို YBS 90 ကားဝင်တိုက်၍ မီးလောင်၊ ခရီးသည် ၁၇ ဦး ဒဏ်ရာရ
DVB
·
December 3, 2018
တာခွတိုးဂိတ်သစ်ကို YBS 90 ကားဝင်တိုက်၍ မီးလောင်၊ ခရီးသည် ၁၇ ဦး ဒဏ်ရာရ
Donate to DVB

ရန်ကုန်တိုင်း၊ တိုက်ကြီးမြို့နယ်၊ တာခွကျေးရွာအုပ်စု ရန်ကုန်-ပြည်ကားလမ်းပေါ်မှာ မက်(စ်)မြန်မာကုမ္ပဏီက အသစ်ဆောက်လုပ်နေတဲ့ တိုးဂိတ်ကို ဒီဇင်ဘာ ၃ ရက် နေ့လယ်ပိုင်းက YBS 90 မီနီဘတ်တစ်စီးဘရိတ်ပေါက် ဝင်တိုက်ခဲ့အတွက် မီးလောင်ခဲ့ပြီး ကားပေါ်ပါခရီးသည် ၁၇ ဦးဒဏ်ရာရရှိခဲ့တယ်လို့ တိုက်ကြီးမြို့နယ် မီးသတ်ဦးစီးဌာနက သိရပါတယ်။

တိုက်ကြီးမြို့နယ် ဒုမီးသတ်ဦးစီးအရာရှိ ဦးနိုင်ဦးက "ကားက ရန်ကုန်ကနေ တိုက်ကြီးကို ပြန်လာတာဖြစ်ပြီး ဘရိတ်ပေါက်ပြီး ဝင်တိုက်တယ်လို့ ယူဆရတယ်။ ကားပေါ်မှာခရီးသည် အယောက် ၂၀ ကျော်ပါလာတာ၊ ထိခိုက်ဒဏ်ရာရသူ ၁၇ ဦးရှိပြီး တိုက်ကြီးမြို့နယ် ပြည်သူဆေးရုံကို ပို့ဆောင်ထားတယ်။ ဖြစ်တာကနေ့လယ် ၁၂ နာရီကျော်ကျော်လောက် ဖြစ်တာ။ ကျနော်တို့မီးသတ်ဦးစီးဌာနက မီးသတ်ယာဉ် ၂ စီးနဲ့သွားရောက် မီးငြိမ်းသတ်ခဲ့တယ်။ ၁ နာရီကျော်လောက်မှာ မီးငြိမ်းသတ်နိုင်ခဲ့တယ်။ ပျက်စီးဆုံးရှုံးမှုတန်ဖိုးကို ၁၈ သိန်းလောက် ခန့်မှန်းထားပြီး ယာဉ်မောင်းကိုအရေးယူဆောင်ရွက်နိုင်ဖို့ ပြုလုပ်နေတယ်”လို့ ပြောပါတယ်။

ယာဉ်တိုက်မှုကြောင့် ထိခိုက်ဒဏ်ရာရသူတွေကို တိုက်ကြီးမြို့၊ မြောင်းတကာကျေးရွာ၊ ဥတိုကျေးရွာနဲ့ မှော်ဘီ G-T-C ကျောင်းမှာ အရေးပေါ်အသက်ကယ်ယာဉ် ၇ စီးနဲ့ တိုက်ကြီး ဆေးရုံကို ပို့ဆောင်ပေးခဲ့ပြီး တိုက်ကြီးဆေးရုံမှ ရန်ကုန်ပြည်သူဆေးရုံကို အရေးပေါ် လူနာ ၄ ဦး ပို့ဆောင်ပေးခဲ့တယ်လို့ တိုက်ကြီးမြို့နယ် နိဗ္ဗာန်ချမ်းသာမင်္ဂလာအသင်းက ကိုဇော်မင်းက ပြောပါတယ်။

တိုက်ကြီးတိုးဂိတ်ကို တိုက်ကြီးမြို့နယ် ရွာတန်းရှည်ကျေးရွာမှာ အရင်တိုးဂိတ်အဟောင်း ရှိပြီး တိုက်ကြီးမြို့နယ် ပြည်သူတွေက ပြောင်းရွှေ့ပေးဖို့ ဆန္ဒပြတဲ့အတွက် တာခွကျေးရွာမှာ အသစ်တည်ဆောက်နေတာဖြစ်ပါတယ်။

သတင်း  - မေသွယ်

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013