DVB Logo
Home
မြန်မာသတင်း
ရခိုင်တိုင်းရင်းသားများအတွက်လူမှုစောင့်ရှောက်ရေး ထောက်ပံ့ငွေကျပ် ၄၅၅ သိန်းကျော်ပေးအပ်
DVB
·
December 3, 2018
ရခိုင်တိုင်းရင်းသားများအတွက်လူမှုစောင့်ရှောက်ရေး ထောက်ပံ့ငွေကျပ် ၄၅၅ သိန်းကျော်ပေးအပ်
Donate to DVB

ရခိုင်ပြည်နယ်၊ မာန်အောင်မြို့နယ်ရှိ  ရခိုင်တိုင်းရင်းသားတွေအတွက် လူမှု ကာကွယ်စောင့်ရှောက်ရေး ထောက်ပံ့ပေးငွေကျပ် ၄၅၅ သိန်းကျော် ပေးအပ်လိုက်တယ်လို့ လူကယ်ပြန်ဌာန  ပြည်ထောင်စုဝန်ကြီးက သူ့ရဲ့ လူမှုကွန်ရက်မှာ သတင်းထုတ်ပါတယ်။

တည်ငြိမ်အေးချမ်းရေးနဲ့ ဖွံ့ဖြိုးတိုးတက်ရေးဟာ နိုင်ငံတော်ရဲ့ ဦးစားပေးလုပ်ငန်းဖြစ်တဲ့ အလျောက် ရခိုင်တိုင်းရင်းသားတွေအတွက် လူမှုကာကွယ်စောင့်ရှောက်ရေး ထောက်ပံ့ပေးတာနဲ့ ဘေးဒဏ်ခံ ဘက်စုံသုံးအဆောက်အဦ (Cyclone Shelter) ၁၀လုံးဆောက်လုပ်ပေးနေရာမှာ လက်ရှိ ၂လုံး ဆောက်လုပ် ပြီးစီး လွှဲပြောင်းပေးအပ်ပြီး ဖြစ်တယ်လို့လည်း ဆိုပါတယ်။

Cyclone Shelter ၂လုံးရဲ့ စုစုပေါင်း တန်ဘိုး ကျပ် ၂၅၉,၁၆၀,၀၀၀ ဖြစ်ပြီး လူမှုကာကွယ်စောင့်ရှောက်ရေးအတွက် ထောက်ပံ့ပေးငွေကျပ်စုစုပေါင်းကတော့ ကျပ် ၄၅, ၅၈၈,၁၀၀ ဖြစ်ပါတယ်။

Cyclone Shelterတွေကို သဘာဝဘေးဒဏ်ကျရောက်နိုင်တဲ့ ဒေသမှာ ပြည်သူလူထု စိတ်ဓာတ်လုံခြုံမှုရှိစေဖို့ ဆောက်ပေးနေတာဖြစ်ပြီး ဘေးဒဏ်ကျရောက်ခြင်းမရှိချိန်မှာ လူငယ်စင်တာ၊ မူလတန်းကြိုကျောင်း၊ မိခင်ဝိုင်း၊ စာကြည့်တိုက်၊ အစည်အဝေးခန်းမ စတဲ့ လူထု အခြေပြုလုပ်ငန်းတွေအတွက် အသုံးပြုနိုင်မယ်လို့ သိရပါတယ်။

ဓာတ်ပုံ- Dr Win Myat Aye

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013
ရခိုင်တိုင်းရင်းသားများအတွက်လူမှုစောင့်ရှောက်ရေး ထောက်ပံ့ငွေကျပ် ၄၅၅ သိန်းကျော်ပေးအပ်