DVB Logo
Home
မြန်မာသတင်း
မြန်မာ့ဆန်စပါး စံချိန်စံညွှန်းနှင့် အရည်အသွေးပြင်ဆင်ရေး ဆွေးနွေး
DVB
·
December 3, 2018
မြန်မာ့ဆန်စပါး စံချိန်စံညွှန်းနှင့် အရည်အသွေးပြင်ဆင်ရေး ဆွေးနွေး
Donate to DVB

မြန်မာ့ဆန်နဲ့စပါး စံချိန်စံညွှန်းနဲ့ အရည်အသွေးများ ပြင်ဆင်ရေးဆိုင်ရာဆွေးနွေးပွဲကို မြန်မာနိုင်ငံ ဆန်စပါးအသင်းချုပ်နဲ့ IFC တို့ ပူးပေါင်းပြီး ရန်ကုန်မြို့က ကုန်သည်စက်မှု အသင်းချုပ်မှာ ဒီနေ့မနက်က ကျင်းပပါတယ်။

မြန်မာ့ဆန်တွေ နိုင်ငံတကာနဲ့ ကုန်သွယ်မှုပြုရာမှာ အငြင်းပွားမှုတွေကို ရှောင်ရှားနိုင်အောင် ထပ်မံပြင်ဆင်ဖို့ ကြိုးစားလာတာပဲဖြစ်ပါတယ်။ အစိုးရက မြန်မာ့ဆန်နဲ့ ဆန်ထွက်ပစ္စည်းတို့ရဲ့ စံချိန်စံညွှန်းနဲ့ အရည်အသွေးသတ်မှတ်ချက်တွေကို ၂၀၁၄ ခုနှစ်အတွင်း အမိန့်ကြေညာစာ ထုတ်ပြန်ပေးထားပါတယ်။

စပါးနဲ့ ပတ်သက်တဲ့ စံချိန်စံညွှန်းနဲ့ အရည်အသွေးကတော့ ထုတ်ပြန်ထားခြင်းမရှိသေးပါဘူး။ အခုဆွေးနွေးပွဲမှာ ဆန်ရဲ့ စံချိန်စံညွှန်းနဲ့ အရည်အသွေးပြင်ဆင်ချက်တွေကို မူကြမ်းထွက်တဲ့အထိ ပြုစုထားပြီး စပါးအတွက် မူကြမ်းထွက်ဖို့ကတော့ ၃၅ ရာခိုင်နှုန်း ကျန်ရှိနေပါတယ်။ မူကြမ်းမှာ ဆန်အဆင့်အတန်းခွဲခြားရာမှာ အသုံးပြုတဲ့အသုံးအနှုန်းများ ဆန်ကွဲရဲ့အဆင့် အုပ်စုများ ခွဲခြားခြင်း စနစ် စတာတွေပါဝင်ပါတယ်။

ဒီဆွေးနွေးပွဲမှာ တောင်သူလယ်သမားတွေ စိုက်ပျိုးရေးဦးစီးဌာန စီးပွားကူးသန်းနဲ့ ဆန်စပါး စိုက်ပျိုးထုတ်လုပ်ရောင်းဝယ်ရေးလုပ်ငန်းက ကျွမ်းကျင်သူ ဝါရင့်ပညာရှင်တွေလည်း တက်ရောက် ဆွေးနွေးနေပါတယ်။

ဒီအလုပ်ရုံဆွေးနွေးပွဲကို ရန်ကုန်မြို့မှာ ပထမဆုံးကျင်းပတာဖြစ်ပြီး ဒုတိယအကြိမ်အဖြစ် ရှေးဟောင်းယဉ်ကျေးမှုဒေသဖြစ်တဲ့ပုဂံမှာ ကျင်းပသွားမှာပါ။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013