DVB Logo
Home
မြန်မာသတင်း
ရွှေတိဂုံတွင် ထိုင်းအမျိုးသမီးထံက ကျပ် ၁သောင်းတန်ငွေစက္ကူအတုများ သိမ်းဆည်းရမိ
DVB
·
December 3, 2018
Donate to DVB

ရွှေတိဂုံစေတီတော်ကို လာရောက်ဖူးမျှော်တဲ့ ထိုင်းနိုင်ငံသူ တယောက်ဆီကနေ ငွေကျပ် တသောင်းတန်ငွေစက္ကူအတု အရွက် ၄၀ ကျော် သိမ်းဆည်းရမိခဲ့တယ်လို့ ရဲတပ်ဖွဲ့က ထုတ်ပြန်ပါ တယ်။

ဒီဇင်ဘာ ၁ ရက်၊ နေ့လယ်က ရွှေတိဂုံစေတီတော် အရှေ့ဘက်စောင်းတန်း ပြည်ပငွေကြေး ကောက်ခံရေးကောင်တာမှာ အသက် ၂၆ နှစ်အရွယ် ထိုင်းနိုင်ငံသူ မစ္စကန်တီကာဟာ အခွန်ဆောင်ဖို့ ငွေကျပ်  ၁၀,၀၀၀ တန်တရွက်ပေးခဲ့ရာမှာ စေတီတော်လုံခြုံရေးတာဝန်ရှိသူတွေက မသင်္ကာလို့ စစ်ဆေးခဲ့တာပါ။

စစ်ဆေးခဲ့ရာမှာ ထိုင်းအမျိုးသမီးထံကနေ ၁၀,၀၀၀ ကျပ်တန် ငွေစက္ကူအတု ၄ ရွက်၊ သူတည်းခိုနေတဲ့ လသာမြို့နယ် The Vibe Inn တည်းခိုခန်းမှာရှိတဲ့ ခရီးဆောင်အိတ်ထဲက ၁၀,၀၀၀ ကျပ်တန် ငွေစက္ကူအတု ၂၈ ရွက်၊ တည်းခိုခန်းခပေးချေထားတဲ့ ၁၀,၀၀၀ ကျပ်တန် ငွေစက္ကူအတု ၈ ရွက်၊ စုစုပေါင်း ၁၀,၀၀၀ ကျပ်တန် ငွေစက္ကူအတု ၄၁ ရွက်ကို သိမ်းဆည်း ရမိခဲ့ပါတယ်။

ဒါကြောင့် မစ္စကန်တီကာကို ဒဂုံမြို့မရဲစခန်းမှာ ဗဟိုဘဏ်ဥပဒေပုဒ်မ ၁၀၅/ ၁၀၆ နဲ့ အမှုဖွင့် အရေးယူထားတယ်လို့ ရဲတပ်ဖွဲ့က ထုတ်ပြန်ပါတယ်။

ပြီးခဲ့တဲ့ နိုဝင်ဘာ ၂၈ ရက်ကလည်း ရွှေတိဂုံစေတီတော် တောင်ဘက်စောင်းတန်း ပြည်ပငွေကြေး ကောက်ခံရေးကောင်တာမှာ စင်ကာပူနိုင်ငံသားဇနီးမောင်နှံကို  ကျပ်တသောင်း တန် ငွေစက္ကူအတု အရွက် ၄၀ ကျော်နဲ့ စစ်ဆေးတွေ့ရှိ အရေးယူခဲ့ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013