DVB Logo
Home
မြန်မာသတင်း
ဘာသာစုံဂုဏ်ထူး​ထွက်သည့်ကျောင်းသားတချို့ ဆေးတက္ကသိုလ်တက်ခွင့်မရ
DVB
·
December 3, 2018
ဘာသာစုံဂုဏ်ထူး​ထွက်သည့်ကျောင်းသားတချို့ ဆေးတက္ကသိုလ်တက်ခွင့်မရ
1 / 3
Donate to DVB

တက္ကသိုလ်ဝင်တန်းစာမေးပွဲမှာ ဘာသာစုံဂုဏ်ထူး​နဲ့  ထူးချွန်စွာ အောင်မြင်ခဲ့ကြ​သူတွေ အနေနဲ့ ဆန္ဒရှိတဲ့ တက္ကသိုလ်မှာ တက်ခွင့်မရခဲ့ဘဲ ပညာသင်ကြားခွင့် ဆုံးရှုံး နစ်နာ​နေတယ်လို့ ကျောင်းသားတွေ၊ မိဘတွေနဲ့ဆရာတွေက  ထုတ်ဖော်ပြောကြားလိုက်ပါတယ်။

ဒီဇင်ဘာ ၂ ရက်နေ့က မန္တလေးမြို့ လူထုစင်တာမှာ ကျောင်းသားတွေနဲ့ ကျောင်းသားမိဘတွေက  သတင်းစာရှင်းလင်းပွဲပြုလုပ်ပြီး မီဒီယာတွေကို ပြောကြားလိုက်တာပါ။

ပညာရေးဝန်ကြီးဌာနက ထုတ်​ပြန်​ခဲ့တဲ့ စနစ်သစ်တက္ကသိုလ်ဝင်ခွင့်ကြောင့် ၂၀၁၇-၁၈ ပညာသင်နှစ် တက္ကသိုလ်ဝင်စာမေးပွဲမှာ ဘာသာစုံ ဂုဏ်ထူးများစွာနဲ့ ထူးချွန်စွာ အောင်မြင်ခဲ့ကြတဲ့ ကျောင်းသား၊ ကျောင်းသူ ၂၁၇ ဦးဟာ အသက်မွေးဝမ်းကျောင်းတက္ကသိုလ်​တွေမှာ ပညာသင်ကြား ခွင့် ဆုံးရှုံး​နေရတယ်​လို့​ နစ်နာသူတွေက ပြောပါတယ်​။

၆ ဘာသာဂုဏ်​ထူးရှင်​​ စောကျော်ဇံလွင်ရဲ့ဖခင်​ ရန်ကုန်အနောက်ပိုင်းတက္ကသိုလ် သင်္ချာဌာနကတွဲဖက်ပါမောက္ခ ဦးစန်းလွင်က “ကျနော့်သားက ဘာသာစုံဂုဏ်ထူး အမှတ်ပေါင်း ၅၀၃ မှတ်ရတယ်။ သူ့အနေ့ ဆေးတက္ကသိုလ်မှာလည်း တက်ချင်တယ်။ ဒါ့ကြောင့်လည်း လျှောက်တဲ့ အချိန်က ဆေးတက္ကသိုလ် တခုပဲလျှောက်ခဲ့တယ်။ နောက်တော့ ဝင်ခွင့်မရဘူးဆိုပြီး ဖြစ်တယ်။ ကျောင်းတွေလိုက်စုံစမ်းတဲ့ အခါကျ မျက်နှာငယ်လေးနဲ့ ကျနော်ကိုယ်သားကိုယ်တောင် မကြည့်ရဲ ဘူးဗျာ”လို့ ​ ပြောပါတယ်​။

မြန်မာတနိုင်ငံလုံးက ဆေးတက္ကသိုလ် ၅ ခုမှာ ကျောင်းသားကျောင်းသူ ၂၀၀၀ ခေါ်ယူဖို့ အစိုးရက အစီအစဉ်ရှိပါတယ်​။ ဒီဇင်ဘာလ ၁၄ ရက်မှာ ခေါ်ယူမယ့် ကျောင်းသား အရေအတွက် စာရင်း​တွေထွက်မှာဖြစ်​ပြီး အရေအတွက်မပြည့်ခဲ့ပါက ထပ်တိုးပြီးခေါ်စေချင်တယ်လို့ ကျောင်းသူ ကျောင်းသား​တွေက​ ပြောပါတယ်​။

ကျောင်းသူ မအေးငြိမ်းငြိမ်းမော်က “သမီးက အမှတ် ၅၀၈ မှတ်နဲ့အောင်တယ်​လေ။ ဆေးကျောင်းလျှောက်တယ် မရဘူး။ သွားဆေးကို လျှောက်တယ်၊ ဒါလည်းမရဘူး။ သမီးကို ဘယ်တက္ကသိုလ်ကမှ လက်မခံဘူး။ အရမ်းခံစားရတယ်​ အဝေးသင်နဲ့ ရိုးရိုး ဝိဇ္ဇာ၊ သိပ္ပံ တက္ကသိုလ်ပဲ တက်ရမလိုဖြစ်နေတယ်။ သမီးအမေက ဝန်ထမ်း ပညာသင်ကြားလာတာကလည်း အခက်အခဲတွေ အများကြီးကြားမှာ သင်​ကြားခဲ့ရတာ”လို့ ပြောပါတယ်​။

အမျိုးသားပညာ​ရေး မဟာဗျူဟာစီမံကိန်း​ရေးဆွဲထားတာရှိတယ်။ အဲဒါကို ပညာ​ရေးဝန်​ကြီးက လုံးဝမသုံးဘဲထားတာဟာ အင်​မတန်​ဝမ်းနည်းစရာ ​ကောင်းတယ်​လို့ သတင်းစာရှင်းလင်းပွဲကို တက်​​ရောက်​လာတဲ့ ရတနာပုံတက္ကသိုလ်​ အင်္ဂလိပ်​စာဌာန ကထိက ဆရာဦးသုတက ​ဆိုပါတယ်​။

တက်လိုတဲ့ တက္ကသိုလ်​တွေမှာ တက်ခွင့်မရကြတဲ့ ကျောင်းသားတွေကို အဆင့်မြင့်ပညာ ဦးစီးဌာနအ​နေနဲ့ မန္တလေးမြို့နဲ့ ရန်ကုန်မြို့ကြီးက နိုင်ငံခြားဘာသာတက္ကသိုလ်၊ ကွန်ပျူတာ တက္ကသိုလ်၊ နည်းပညာတက္ကသိုလ်နဲ့ ပညာရေးတက္ကသိုလ်အပါအ၀င် စုစုပေါင်း ကျောင်း ၈ကျောင်းမှာပြန်​လည်​ လျှောက်ထားခွင့် ပြုထားပါတယ်​။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013