DVB Logo
Home
မြန်မာသတင်း
ဗိုလ်ချုပ်အတ္ထုပ္ပတ္တိရုပ်ရှင်ကို အချိန်ကာလထက် အရည်အသွေး ဦးစားပေးရန် ညွှန်ကြား
DVB
·
December 2, 2018
ဗိုလ်ချုပ်အတ္ထုပ္ပတ္တိရုပ်ရှင်ကို အချိန်ကာလထက် အရည်အသွေး ဦးစားပေးရန် ညွှန်ကြား
Donate to DVB

ဗိုလ်ချုပ်အောင်ဆန်း အတ္ထုပ္ပတ္တိရုပ်ရှင်ရိုက်ကူးရေးအတွက် ၆ နှစ်ကျော်ကြာ စောင့်ဆိုင်းခဲ့ပြီဖြစ်လို့ အချိန်ကာလထက် ရုပ်ရှင်အရည်အသွေးကောင်းမွန်ရေးကိုပဲ အလေးထားဖို့ ဒါရိုက်တာ လူမင်းကို ညွှန်ကြားထားတယ်လို့ သာသနာရေးနဲ့ ယဉ်ကျေးမှု ပြည်ထောင်စုဝန်ကြီး သူရဦးအောင်ကိုက ပြောပါတယ်။

ဗိုလ်ချုပ်အောင်ဆန်း အတ္ထုပ္ပတ္တိရုပ်ရှင်ရိုက်ကူးထုတ်လုပ်ရေး လုပ်ငန်းကော်မတီရဲ့ သတ္တမအကြိမ် လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို အမျိုးသားကဇာတ်ရုံမှာ ဒီဇင်ဘာ ၂ ရက်နေ့  ပြုလုပ်ခဲ့ပြီး ဝန်ကြီးက ပြောကြားခဲ့တာပါ။

ဗိုလ်ချုပ်အောင်ဆန်းရုပ်ရှင်ကို မူလက ဒါရိုက်တာ မင်းထင်ကိုကိုကြီးကို ဇာတ်ညွှန်း ဒါရိုက်တာအဖြစ် တာဝန်ပေးထားပေမယ့် လက်ရှိမှာတော့ ဒီတာဝန်တွေကို သရုပ်ဆောင် လူမင်းက ပြောင်းလဲတာဝန်ယူထားပါတယ်။

ဗိုလ်ချုပ်အောင်ဆန်း အတ္ထုပ္ပတ္တိရုပ်ရှင်ကို ကျပ်သိန်းပေါင်း ၁ သောင်းခွဲ အကုန်ကျခံ ရိုက်ကူးမှာဖြစ်ပြီး ဇာတ်ကားကို ၂၀၁၉ ခုနှစ် ဒီဇင်ဘာမှာ ပြသနိုင်ဖို့ စီစဉ်ထားတာဖြစ်ပါတယ်။

ဗိုလ်ချုပ်ရုပ်ရှင်ကို ၂၀၁၂ ခုနှစ်က စတင်ရိုက်ကူးဖို့ စီစဉ်ခဲ့ပြီး ၂၀၁၅ ခုနှစ် ဗိုလ်ချုပ် နှစ် ၁၀၀ ရာပြည့် မွေးနေ့မှာ ပြသဖို့ ရည်ရွယ်ခဲ့ပေမယ့် ၆ နှစ်အတွင်း ၁၁ မိနစ်စာ ဇာတ်ဝင်ခန်းတခုပဲ ရိုက်ကူးနိုင်ခဲ့တာကြောင့် ဝေဖန်တာတွေ ရှိနေတာပါ။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013