
ဘင်္ဂလားဒေ့ရှ်နိုင်ငံကို တရားမ၀င်ပို့ဆောင်မယ့် သိန်းပေါင်း ၁၅၄ သိန်းကျော် တန်ဖိုးရှိ ဆေးလိပ်ဖာများ ဖမ်းဆီးရမိခဲ့တယ်လို့ သိရပါတယ်။
ဒီဇင်ဘာ ၁ ရက်နေ့ မနက်ပိုင်းက မောင်တောမြို့နယ်မြောက်ပိုင်း သစ်တုံးနားခွဆုံ ကျေးရွာအနီး ကျော်ကစ္စပနဒီကုမ္ပဏီမှ ဆောက်လုပ်ထားတဲ့ လူမနေသေးတဲ့ နတလ နေအိမ်တလုံးကို နယ်မြေ ၂ အောင်ဇူစခန်းမှ တာဝန်ရှိသူတွေ သွားရောက်ရှာဖွေတဲ့အခါ Marble မျိုးအစား တံဆိပ်ပါ ဆေးလိပ်ဖာ (၈၇) ဖာ၊ Mansan တံဆိပ်ပါ ၁၃ ဖာနဲ့ Premiun Gold တံဆိပ် (၁၉) ဖာ ကာလတန်ဖိုး ကျပ်သိန်းပေါင်း ၁၅၄ သိန်းကျော်တန်ဖိုးရှိ ဆေးလိပ်ဖာတွေ ပိုင်ရှင်မဲ့ ဖမ်းဆီးရမိခဲ့တယ်လို့ အောင်ဇူးစခန်း တာန်ရှိသူတဦးက အတည်ပြုပြောကြားပါတယ်။
ဆေးလိပ်ဖာတွေရဲ့ ပိုင်ရှင်ကို ဖော်ထုတ်နိုင်ရေးအတွက် ဆက်လပ်ဆောင်ရွက်နေတယ်လို့ သိရပါတယ်။











