
ပဲခူးတိုင်း ပဲနွယ်ကုန်းမြို့မှာ ၉၈ ကြိမ်မြောက် အမျိုးသားအောင်ပွဲ အထိမ်းအမှတ်အဖြစ် ပဲနွယ်ကုန်းဒေသ စာသင်ကျောင်း ၅၄ ကျောင်းမှ အခြေခံ ဆရာ ဆရာမတွေ စာပေချစ်မြတ်နိုးသူတွေ ပူးပေါင်းပြီး စာအုပ်ဈေးရောင်းပွဲတော်နှင့် စာပေဟောပြောပွဲ ကျင်းပါတယ်။
“ဒီလိုပွဲမျိုး ကျင်းပချင်နေတာကြာပါပြီ။ အခုလို ဖုန်းတွေ တအားသုံးနေတဲ့ခတ်မှာ စာပေ ဗဟုသုတနဲ့ အလှမ်းဝေးနေတဲ့ မျိုးဆက်သစ်လူငယ်များအတွက် လွယ်လင့်တကူ ဝယ်လို့ရအောင် စာအုပ်တန်းလေးတွေ ပြုလုပ်ပေးထားပါတယ်။ ထူးခြားတာက ဒီပွဲကို အဓိက ဦးဆောင်ကျင်းပသူတွေက ပဲနွယ်ကုန်းဒေသရဲ့ အခြေခံပညာရေး မိသားစု၊ ဆရာ၊ ဆရာမတွေ ဖြစ်နေလို့ပါပဲ။ ဆရာ၊ ဆရာမတွေက သူတို့ရဲ့ တပည့်လေးတွေကို ကျောင်းစာတွေအပြင် ပြင်ပ ဗဟုသုတစာပေတွေ ရစေချင်လို့ ငွေကြေးအကုန်ကျခံ ကျင်းပပေးတာ သိပ်ချီးကျူး စရာကောင်းပါတယ်” လို့ ဆရာဦးခင်မောင်စိုး စာပေချစ်မြတ်နိုးသူများအဖွဲ့က ဆိုပါတယ်။
အမျိုးသားအောင်ပွဲအထိမ်းအမှတ်ပွဲတော်ကို ၂ ရက်ကျင်းပမှာဖြစ်ပြီး ဒီဇင်ဘာ ၁ ရက်နေ့ညမှာ အခြေခံပညာရေး မိသားစုများမှ အမျိုးသားရေး တေးသံသာတွေ၊ ကလေးတွေရဲ့ အကပဒေသာတွေနဲ့ ဖျော်ဖြေခဲ့ကြပါတယ်။
ဒီဇင်ဘာ ၂ ရက် တန်ဆောင်းမုန်းလပြည့်ကျော် ၁၀ ရက်နေ့ညမှာတော့ ဆရာနေဝင်းမြင့်၊ ဆရာဦးဘုန်း ဓာတု၊ ဆရာမ၊ ခင်ခင်ထူး တို့နဲ့ စာပေဟောပြောပွဲ ကျင်းပပေးသွားမှာဖြစ်ပြီး စာအုပ်ဈေးရောင်းပွဲတော်ကိုလည်း ၂ ရက်တိုင်တိုင် ကျင်းပရောင်းချပေးသွားမှာဖြစ်ပါတယ်။











