DVB Logo
Home
မြန်မာသတင်း
အဖေ့ရဲ့ခြေလက်တွေ မတုတ်နှောင်ဘဲ လွတ်လွတ်လပ်လပ် ပျံသန်းခွင့်ပြုပါ (ရုပ်သံ)
DVB
·
December 1, 2018
အဖေ့ရဲ့ခြေလက်တွေ မတုတ်နှောင်ဘဲ လွတ်လွတ်လပ်လပ် ပျံသန်းခွင့်ပြုပါ (ရုပ်သံ)
Donate to DVB

နိုင်ငံရေးယုံကြည်ချက်ကြောင့် မကြာခဏ ဖမ်းဆီးထောင်ချခံခဲ့ရသူ ငြိမ်းချမ်းရေးကဗျာဆရာကြီး ဆရာမောင်အောင်ပွင့်က သူကွယ်လွန်ရင် ခြေလက်တွေ မတုတ်နှောင်ဘဲ လွတ်လွတ်လပ်လပ် ပျံသန်းခွင့်ပြုဖို့ မှာကြားခဲ့တယ်လို့ သမီးဖြစ်သူက ပြောပါတယ်။

နိုဝင်ဘာ ၃၀ ရက်နေ့က နေအိမ်မှာကွယ်လွန်သွားခဲ့တဲ့ ငြိမ်းချမ်းရေးကဗျာဆရာကြီး ဆရာမောင်အောင်ပွင့်က သူကွယ်လွန်တဲ့အချိန်မှာ ဓလေ့ထုံးတမ်းအရ လက်နဲ့ခြေတွေကို တုပ်နှောင်တာ မလုပ်ဖို့မှာ သမီးဖြစ်သူ မလုံမငြိမ်းချမ်းကို မကွယ်လွန်ခင်မှာကြားခဲ့တာပါ။

ဆရာကြီးမောင်အောင်ပွင့်ဟာ ကျောင်းဆရာ၊ စာပြင်ဆရာ၊စာအုပ်ဟောင်းရောင်းသူ၊ မောနီတာသတင်းရေးသူ၊ အေဗွီမီဒီယာကဖြန့်ချိတဲ့ ဗွီဒီယိုအစီစဉ်ထုတ်လုပ်သူ၊ မြန်မာ ဗွီဒီယိုမဂ္ဂဇင်း ဦးဆောင်ထုတ်လုပ်သူအဖြစ်လည်းလုပ်ကိုင်ခဲ့ပါတယ်။ သူ့ရဲ့ငြိမ်းချမ်းရေးကဗျာတွေ သူ့ရဲ့နိုင်ငံရေးယုံကြည်ချက်ကြောင့်လည်း နိုင်ငံရေးအသိုင်းအဝိုင်းကြားကျော်ကြားပါတယ်။

ဆရာကြီးဟာ ငြိမ်းချမ်းရေး ကဗျာတွေရေးသားခဲ့သလို မိသားစုတွေနဲ့ လူငယ်တွေကိုလည်း ငြိမ်းချမ်းရေးနဲ့ပတ်သက်ပြီး ဆုံးမမှာကြားလေ့ရှိပါတယ်။

ဆရာကြီးမောင်အောင်ပွင့်ဟာ ပြည်တွင်းကပေးအပ်တဲ့ ကဗျာစာပေဆုတွေရရှိခဲ့သလို နိုင်ငံတကာကပေးအပ်တဲ့ ဆုတွေလည်းရရှိခဲ့ပါတယ်။ ၂၀၁၇ ခုနှစ်မှာတော့ နယ်သာလန်နိုင်ငံသား ဒါရိုက်တာနှစ်ဦးက ဆရာကြီး ဦးအောင်ပွင့်ရဲ့ဘဝကိုအခြေခံပြီး မြန်မာပုံပြင်စာအုပ် Burma Story Book အမည်နဲ့ မှတ်တမ်းရုပ်ရှင်ရိုက်ကူးထုတ်လုပ်ခဲ့ပါတယ်။

ဒီဇင်ဘာ ၂ ရက်နေ့ မနက်ဖြန် မနက် ၁၀ နာရီမှာတော့ အမျိုးသားနေ့အခမ်းအနားနဲ့ ကဗျာဆရာကြီး မောင်အောင်ပွင့်ဂုဏ်ပြုနှုတ်ဆက်အလွမ်း အခမ်းအနားကို ဆရာ့ရဲ့ဈာပန အခမ်းအနားမှာ ပြုလုပ်မှာဖြစ်ကာ နိုင်ငံရေးမိတ်ဆွေတွေ ကဗျာစာပေအနုပညာရှင်တွေ တက်ရောက်ပြီး အမှတ်တရကဗျာတွေ ရွတ်ဆိုကြမှာပါ။

ကဗျာဆရာကြီး မောင်အောင်ပွင့် နာရေးကို ရန်ကုန်တိုင်း ဝန်ကြီးချုပ်ဦးဖြိုးမင်းသိန်းလည်း ဒီနေ့ညနေပိုင်းက လာရောက်သတင်းမေးခဲ့ပြီး အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ရဲ့ ဝမ်းနည်းကြောင်း သဝဏ်လွှာကို ပေးအပ်ခဲ့ပါတယ်။

ဆရာမောင်အောင်ပွင့်သမီး မလုံမငြိမ်းချမ်း ပြောကြားချက် အပြည့်အစုံရုပ်သံကြည့်ရန်

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013