DVB Logo
Home
မြန်မာသတင်း

ဇန်န၀ါရီ အောင်ဘာလေ ထီပေါက်မဲ သိန်းပေါင်း ၃၅၀၀ ခန့် လာမထုတ်သေး

DVB
·
December 1, 2018
ဇန်န၀ါရီ အောင်ဘာလေ ထီပေါက်မဲ သိန်းပေါင်း ၃၅၀၀ ခန့် လာမထုတ်သေး
Donate to DVB

ပြီးခဲ့တဲ့ ဇန်ဝါရီလမှာ ဖွင့်ခဲ့တဲ့ ၁၀ ကြိမ်မြောက် အောင်ဘာလေထီဖွင့်ပွဲ ပေါက်မဲတွေကနေ ကျပ်သိန်းပေါင်း ၃၅၀၀ လောက်ကို လာမထုတ်သေးဘူးလို့ အောင်ဘာလေသိန်းဆုဌာနခွဲက ကြေညာပါတယ်။

၂၀၁၈ ဇန်နဝါရီ ၁ ရက်မှာ ၁၀ ကြိမ်မြောက် ကျပ် ၅၀၀ ထီဖွင့်ပွဲမှာ ပေါက်ခဲ့တဲ့ ကျပ်သိန်း ၁၀၀၀ ဆု အပါအဝင် ဆုမဲပေါင်း ၂၀၀ ကျော်ကို လာမထုတ်သေးတာပါ။

ဍ - ၄၈၀၈၉၀ နံပါတ်နဲ့ ပေါက်တဲ့ ကျပ်သိန်း ၁၀၀၀ တဆုအပါအဝင် ကျပ်သိန်း ၅၀၀ တဆု၊ ကျပ်သိန်း ၃၀၀ ဆု ၄ ဆု၊ သိန်း ၅၀ ဆု ၃ ဆု၊ သိန်း ၃၀ ဆု ၄ ဆု၊ ၁၀ သိန်းဆု ၄ ဆု၊ ၃ သိန်းဆု ၁၂ နဲ့ ကျပ် ၂ သိန်းဆု ၁၉၁ ဆု ဖြစ်ပါတယ်။

စုစုပေါင်း ဆုငွေက ကျပ် ၃၄၂၈ သိန်းကို လာမထုတ်သေးတာဖြစ်ပြီး ဒီဆုတွေကို ဒီဇင်ဘာ ၂၈ ရက်နောက်ဆုံးထား ထုတ်ဖို့နဲ့ မထုတ်ဘူးဆိုရင်တော့ နိုင်ငံတော်ဘဏ္ဍာအဖြစ် သိမ်းယူမယ်လို့လည်း ကြေညာပါတယ်။

လာမထုတ်သေးတဲ့ ဆုတွေကို မြို့နယ်အခွန်ဦးစီးရုံးတွေမှာ ကြေညာထားပြီး ရန်ကုန်နဲ့ မန္တလေး အောင်ဘာလေ သိန်းဆုဌာနခွဲတွေမှာ ဆုလက်မှတ်ပြ တောင်းခံနိုင်တယ်လို့လည်း ဆိုပါတယ်။

ထီဖွင့်ပွဲတွေကနေ ကျပ်သိန်း ၁၀၀၀ ဆုကြီးတွေအပါအဝင် ဆုပေါင်း ၁ သောင်းဝန်းကျင် လာမထုတ်တာ ရှိနေတယ်လို့ အောင်ဘာလေသိန်းဆုဌာနခွဲရဲ့ ကြေညာချက်တွေအရ သိရပါတယ်။

၂၀၁၈ ဘဏ္ဍာနှစ်  ၆ လတာ ကာလအတွင်းမှာ ထီပေါက်ပြီး လာမထုတ်တဲ့ ဆုမဲတန်ဖိုးက  ကျပ်သိန်းပေါင်း ၄၂,၀၀၀ လောက်ရှိတယ်လို့လည်း သိရပါတယ်။

Support DVB
Live
DVB Donate
မြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013