DVB Logo
Home
မြန်မာသတင်း
ကမ္ဘာ့ခုခံအားကျဆင်းမှု ကူးစက်​​ရောဂါ တိုက်​ဖျက်​​ရေး​နေ့ မန္တ​လေးတွင် ကျင်းပ (ဓာတ်ပုံ)
DVB
·
December 1, 2018
ကမ္ဘာ့ခုခံအားကျဆင်းမှု ကူးစက်​​ရောဂါ တိုက်​ဖျက်​​ရေး​နေ့ မန္တ​လေးတွင် ကျင်းပ (ဓာတ်ပုံ)
1 / 8
Donate to DVB

မန္တ​လေး မ​နော်​ရမ္မာန်​ဟစ်​တိုင်​ကွင်းမှာ ကမ္ဘာ့ခုခံအားကျဆင်းမှု တိုက်​ဖျက်​​ရေး​နေ့ အထိမ်းအမှတ် အခမ်းအနား​ကို ဒီဇင်​ဘာ ၁ ရက်​​နေ့မနက်​က ကျင်းပခဲ့ပါတယ်​။

“ဒီရောဂါကို အမျိုးသားရေးတာဝန်တရပ်အနေနဲ့ တိုက်ဖျက်စေချင်တယ်။ ဘာလို့လဲဆိုရင် ဒီရောဂါက အရင်က မြန်မာန်ုင်ငံမှာ တော်တော်ပေါခဲ့ပါတယ်။ အခု အသိပညာပေးဆောင်ရွက်မှုတွေနဲ့ အားကစားနဲ့ ကျန်းမာရေးဝန်ကြီးဌာန​တွေရဲ့ ဦးဆောင်မှုနဲ့အတူ နိုင်ငံတကာ မိတ်ဖက်အဖွဲ့အစည်းတွေ ယူနီဆက်တို့ WHO တို့နဲ့ ပူးပေါင်းဆောင်ရွက်မှုနဲ့ အတော်အတန်သင့် ထိမ်းနိုင်နေပါပြီ” လို့ မန္တလေးတိုင်းဒေသကြီး ဝန်ကြီးချုပ်က ပြောပါတယ်။

အခမ်းအနားကို မန္တလေးတိုင်း​ဒေသကြီးအစိုးရအဖွဲ့ ဒေါက်​​တာ​ဇော်​မြင့်​​မောင်​နဲ့ အစိုးရအဖွဲ့ဝင်​ ဝန်​ကြီးတွေ၊ မန္တ​လေးတိုင်း​ဒေသကြီးပြည်​သူ့ကျန်းမာ ​ရေးဦးစီးဌာနမှူေ​ဒေါက်​တာ သန်းသန်းမြင့်တို့ တက်​​ရောက်​ခဲ့ကြပါတယ်။

ခုခံအားကျဆင်းမှုရောဂါ ကူးစက်ရောဂါတိုက်ဖျက်ရေးနေ့ အခမ်းအနားမှာ HIV/AIDS အသိပညာပေး ပြခန်းတွေနဲ့ NGO/INGO အဖွဲ့အစည်းတွေက ဖွင့်လှစ်​ပြသထားတဲ့ အသိပညာပေးပြခန်း​ပေါင်း ၇၀​ ကျော် ​ဖွင့်လှစ်​ပြသထားပါတယ်​။

Support DVB
Live
DVB Donate
မြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013