DVB Logo
Home
မြန်မာသတင်း
ပြင်ဦးလွင်တွင် လောင်းကစားဂိမ်းစက်များနှင့် လူ ၅၂ ဦးကို ဖမ်းဆီး
DVB
·
December 1, 2018
ပြင်ဦးလွင်တွင် လောင်းကစားဂိမ်းစက်များနှင့် လူ ၅၂ ဦးကို ဖမ်းဆီး
Donate to DVB

မန္တလေးတိုင်းဒေသကြီး ပြင်ဦးလွင်မြို့မှာ လောင်းကစားဂိမ်းစက်တွေနဲ့အတူ လူ ၅၂ ယောက်ကို ဖမ်းဆီးခဲ့တယ်လို့ ပြည်ထဲရေးက သတင်းထုတ်ပြန်ပါတယ်။

နိုဝင်ဘာလ ၂၉ ရက်နေ့ည ၉ နာရီလောက်မှာ မန္တလေးတိုင်းရဲတပ်ဖွဲ့ဝင်တွေ ပါဝင်တဲ့ ပူးပေါင်းအဖွဲ့က ပြင်ဦးလွင်မြို့၊ ရပ်ကွက်ကြီး (၁၀) ဌ/၂၄ရှိ တင်လင်းအေး (ခ) အားပါရဲ့ လောင်းကစားနေအိမ်ကို ဝင်ရောက်ရှာဖွေရာကနေ ဖမ်းဆီးမိခဲ့တာပါ။

သူနဲ့အတူ ဂိမ်းစက်ဝန်ထမ်း ၄ ဦး၊ လောင်းကစားနေတဲ့ ၄၈ ဦးတို့ကို လောင်းကစားဂိမ်းစက် ၄ လုံးနဲ့ ဆက်စပ် ပစ္စည်းတွေ၊ ငွေစာရင်းမှတ်တဲ့ စာအုပ် ၆ အုပ်၊ "ပိုက်ဆံပေးမှ အမှတ် ထည့်မည်နှင့် ၅ သိန်းရှုံးပါက အချိန် ၁ နာရီ ပိတ်သည်" စာသားများပါ ဗွီနိုင်း/စက္ကူဆိုင်းဘုတ် ၃ ခု၊ လက်ကိုင်ဖုန်း ၁၇ လုံး၊ ဆိုင်ကယ် ၂၄ စီး၊ ငွေ ၁,၀၁၄,၈၀၀ ကျပ်တို့နဲ့အတူ ဖမ်းဆီးရမိခဲ့တယ်လို့ ဆိုပါတယ်။

တင်လင်းအေးကို ပြင်ဦးလွင် မြို့မရဲစခန်း (ပ) ၆၅၁/၂၀၁၈၊ လောင်းကစားဥပဒေပုဒ်မ ၁၃(က)/ ၁၄(က) နဲ့ အမှုဖွင့်စစ်ဆေးနေတယ်လို့ သိရပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013