DVB Logo
Home
မြန်မာသတင်း
မြန်မာ-နီပေါ နှစ်နိုင်ငံကုန်သွယ်မှုနှင့် ရင်းနှီးမြှုပ်နှံမှု ပူးပေါင်းရေး လက်မှတ်ထိုး
DVB
·
December 1, 2018
မြန်မာ-နီပေါ နှစ်နိုင်ငံကုန်သွယ်မှုနှင့် ရင်းနှီးမြှုပ်နှံမှု ပူးပေါင်းရေး လက်မှတ်ထိုး
Donate to DVB

နီပေါနိုင်ငံ ရောက်ရှိနေတဲ့ နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ဟာ မနေ့က နီပေါ သမ္မတ၊ ဝန်ကြီးချုပ်၊ ကွန်ဂရက် ပါတီဥက္ကဋ္ဌတို့နဲ့ သီးခြားစီတွေ့ဆုံပြီး နှစ်နိုင်ငံ ဘုရားဖူးခရီးသွား လုပ်ငန်းနဲ့ ရင်းနှီးမြှုပ်နှံမှု တိုးမြှင့်ရေး ကိစ္စရပ်တွေ ဆွေးနွေးခဲ့ကြပါတယ်။

နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်ဟာ နီပေါသမ္မတ မစ္စစ် ဘီဒီယာ ဒေဗီ ဘန်ဒါရီနဲ့ မနေ့မနက်ပိုင်းက ကတ္တမန္ဒူးမြို့ရှိ သမ္မတအိမ်တော်မှာ တွေ့ဆုံခဲ့ပါတယ်။

တွေ့ဆုံပွဲမှာ နှစ်နိုင်ငံ ဆက်ဆံရေး ပိုမိုတိုးတက်ခိုင်မြဲရေး၊ နှစ်နိုင်ငံပြည်သူများ အကြား ပိုမိုထိတွေ့ဆက်ဆံရေး၊ ဘုရားဖူးခရီးသွားလုပ်ငန်းမြှင့်တင်ရေးနှင့် နှစ်နိုင်ငံ ကုန်သွယ်ရေးနဲ့ ရင်းနှီးမြှုပ်နှံမှု တိုးမြှင့်ရေးဆိုင်ရာ ကိစ္စရပ်တွေကို အမြင်ချင်းဖလှယ် ဆွေးနွေးကြတယ်လို့ အတိုင်ပင်ခံရုံးက သတင်းထုတ်ပြန်ပါတယ်။

ဒီနောက် အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ဟာ နီပေါဝန်ကြီးချုပ် မစ္စတာ ကေ ပီ၊ ရှာမာ အိုလီနဲ့ ကတ္တမန္ဒူးမြို့ရှိ Hotel Annapurna မှာ ကျင်းပတဲ့ နှစ်နိုင်ငံ ဆွေးနွေးပွဲကို တက်ရောက်ခဲ့ပါတယ်။

ဆွေးနွေးပွဲမှာ နှစ်နိုင်ငံခေါင်းဆောင်များအကြား အပြန်အလှန် ချစ်ကြည်ရေးခရီးစဉ်တွေ ဆောင်ရွက်နိုင်ရေး၊ ဒီမိုကရေစီနဲ့ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်ဆိုင်ရာကိစ္စ၊ နှစ်နိုင်ငံကုန်သွယ်ရေးနဲ့ ရင်းနှီးမြှုပ်နှံမှုတိုးမြှင့်ရေးဆိုင်ရာကိစ္စ၊ နှစ်နိုင်ငံ ဆက်ဆံရေးနဲ့ ကဏ္ဍစုံမှာ ပူးပေါင်းဆောင်ရွက်မှု တိုးမြှင့်ရေးဆိုင်ရာ ကိစ္စရပ်တွေကို ဆွေးနွေးခဲ့ကြတယ်လို့ ဆိုပါတယ်။

ဒါအပြင် မြန်မာနဲ့ နီပေါ နိုင်ငံတို့အကြား ကုန်သွယ်မှုနဲ့ ရင်းနှီးမြှုပ်နှံမှု ပူးပေါင်းဆောင်ရွက်ရေးဆိုင်ရာ နားလည်မှုစာချွန်လွှာကို  ပြည်ထောင်စုဝန်ကြီး ဦးကျော်တင်နဲ့ နီပေါနိုင်ငံ နိုင်ငံခြားရေးဝန်ကြီး Mr. Pradeep Kumar Gyawali တို့က လက်မှတ်ရေးထိုးခဲ့ကြပါတယ်။

ဒါ့အပြင်    နီပေါဝန်ကြီးချုပ်ကို မြန်မာနိုင်ငံ လာရောက်လည်ပတ်ဖို့ အတိုင်ပင်ခံက ဖိတ်ကြားခဲ့တယ်လို့ သတင်းမှာ ဖော်ပြထားပါတယ်။

နှစ်နိုင်ငံ တွေ့ဆုံဆွေးနွေးပွဲကို နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ်နဲ့အတူ ပြည်ထောင်စုဝန်ကြီး ဦးမင်းသူနဲ့ ဦးကျော်တင်၊ ဒုတိယဝန်ကြီး ဦးအောင်ထူး၊ နီပေါဖက် ဒရယ်ဒီမိုကရက်တစ်သမ္မတနိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီးတွေ တာဝန်ရှိသူတွေ တက် ရောက်ခဲ့ကြပါတယ်။

နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ဟာ ညနေပိုင်းမှာလည်း နီပေါ ဝန်ကြီးချုပ်ဟောင်းနှင့် ကွန်ဂရက်ပါတီဥက္ကဋ္ဌ Mr. Sher Bahadur Deuba နဲ့ တွေ့ဆုံခဲ့ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013