DVB Logo
Home
မြန်မာသတင်း
ကျောက်မဲတွင် နွားတင်ယာဉ်တန်းအပစ်ခံရ၊ လူ ၃ ဦးဒဏ်ရာရ
DVB
·
November 30, 2018
ကျောက်မဲတွင် နွားတင်ယာဉ်တန်းအပစ်ခံရ၊ လူ ၃ ဦးဒဏ်ရာရ
1 / 5
Donate to DVB

ရှမ်းပြည်မြောက်ပိုင်း ကျောက်မဲခရိုင်ထဲမှာ မနေ့ညက နွားတွေတင်ဆောင်လာတဲ့ ယာဉ်တန်းကို လက်နက်ကိုင်အဖွဲ့တဖွဲ့က ပစ်ခတ်ခဲ့လို့ လူ ၃ ဦး ဒဏ်ရာရသွားပါတယ်။

ကျောက်မဲ- မန္တလေးသွား ပြည်ထောင်စုလမ်းမကြီးပေါ်မှာ နိုဝင်ဘာ ၂၉ ရက်ည ၉ နာရီကျော်လောက်က နွားတင်ယာဉ်တန်းမှ ရှေ့ဆုံးကား ၁ စီး အပစ်ခံရတာဖြစ်ပြီး ဒဏ်ရာရသူတွေကို ကျောက်မဲဆေးရုံ ပို့ဆောင်ပေးခဲ့တယ်လို့ ကျောက်မဲ ဇီဝိတဒါန လူမှုကူညီရေးအသင်း ဥက္ကဋ္ဌ ဦးတင်မောင်သိန်းက ဒီဗွီဘီကို ပြောပါတယ်။

“ဖြစ်တဲ့နေရာကတော့ ကျောက်မဲနဲ့ ၆ မိုင်လောက်ဝေးတဲ့ ပေါက်အင်းလေးရွာ လမ်းခွဲမှာပါ။ ကုန်တင်ကား ၅ စီးက နွားတွေတင်လာတာ၊ ရှေ့ဆုံး ၁ စီးအပစ်ခံရပြီးတော့ အဲဒီမှာ လုံခြုံရေးယူတဲ့ တပ်မတော်သားတွေနဲ့ အမည်မသိ လက်နက်ကိုင်အဖွဲ့ တိုက်ပွဲဖြစ်တယ်။ ပစ်ခတ်မှုက တော်တော်လေးများပါတယ်။ လက်နက်ကိုင်အဖွဲ့က နောက်ဆုတ်သွားပြီး အခြေအနေငြိမ်တော့မှ ဒဏ်ရာရသူတွေ သွားခေါ်ရတယ်။ ဒဏ်ရာရတာက ၃ ယောက်ပေါ့။ သူတို့ ကျည်ဆန်က ပါးကိုဖောက်ဝင်တာရှိတယ်၊ တင်ပါးနဲ့ ခြေထောက်တွေမှာလည်း ထိတယ်၊ အသက်အန္တရာယ်တော့ မစိုးရိမ်ရပါဘူး။”

ဒဏ်ရာရသူ ၃ ဦးကတော့ ယာဉ်မောင်း ဦးသန်းတင်၊ ယာဉ်နောက်လိုက် ကိုငယ်လေး နဲ့ ဦးမောင်မောင်တို့ ဖြစ်ပါတယ်။

ကျောက်မဲခရိုင်ထဲမှာ အရင်က နွားတွေ သယ်ဆောင်မယ်ဆိုရင် လက်နက်ကိုင်အဖွဲ့တွေကို ဆက်ကြေးပေး မှောင်ခိုသယ်ဆောင်ကြရတာပါ။ မနှစ်ကတော့ အစိုးရက အခွန်ဆောင်ခိုင်ပြီး နွားတွေ တရားဝင်သယ်ဆောင်ခွင့်ပြုလိုက်တာကြောင့် နွားကုန်သည်တွေဟာ တရားဝင်   လမ်းကြောင်းကနေ သယ်ဆောင်ကြပေမယ့် အခုလိုချောင်းမြောင်းပစ်ခတ်တာကို အမြဲခံနေရတယ်လို့ ဦးတင်မောင်သိန်းက ပြောပါတယ်

ဓာတ်ပုံ - Tin Maung Thein

 

 

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013