DVB Logo
Home
မြန်မာသတင်း
ပြောင်းလဲနေသည့် ယနေ့ သီးနှံဈေးနှုန်းများ
DVB
·
November 30, 2018
Donate to DVB

မတ်ပဲ

ရန်ကုန် ဘုရင့်နောင်ကုန်စည်ဒိုင်မှာ မတ်ပဲက တတန်ကို ၈၃၃၀၀၀ ပေါက်ဈေးရှိပြီး တတန်ကို ငွေကျပ် ၃၀၀၀၀ ဈေးကျဆင်းသွားပါတယ်။

ပဲစင်းငုံနီ

ပဲစင်းငုံနီကတော့ တတန်ကို ၈၀၀၀၀ ပေါက်ဈေးရှိပြီး တတန်ကို ငွေကျပ် ၂၈၀၀၀ ဈေးကျဆင်းသွားပါတယ်။

ပြောင်းဆံ

ပြောင်းဆံကတော့ ဒီနေ့မှာ တပိဿာကို ၅၅၅ ကျပ်ကနေ ၅၇၀ ပေါက်ဈေးရှိပြီး ၅ ကျပ် ဈေးကျဆင်းသွားပါတယ်။

အာလူး

အာလူးကတော့ ဒီနေ့မှာ တပိဿာကို ၂၀ ကျပ် ဈေးကျဆင်းသွားပြီး ဒီနေ့ပေါက်ဈေးက ၆၀၀ ကနေ ၉၀၀ ကျပ် ရှိပါတယ်။

ကုလားပဲ (မြကြေး)

အောင်လံကုန်စည်ဒိုင်မှာတော့ ကုလားပဲ (မြကြေး) အမျိုးအစားက တတင်းကို ၂၈၅၀၀  ကနေ ၂၉၀၀၀ ပေါက်ဈေးရှိပြီး တတင်းကို ၂၀၀၀ ကျပ် ဈေးတက်လာပါတယ်။

ဘိုကိတ်ပြာ

ဘိုကိတ်ပြာကတော့ တတင်းကို ၅၀၀ ကျပ် ဈေးတက်လာပြီး ဒီနေ့ပေါက်ဈေးက တတင်းကို ၁၉၅၀၀ ကျပ် ရှိပါတယ်။

ဝါ

ဝါကတော့ တပိဿာကို ၂၅ ကျပ် ဈေးတက်လာပြီး ဒီနေ့ပေါက်ဈေးက တပိဿာကို ၁၂၇၅ ကျပ်ကနေ ၁၃၂၅ ကျပ် ပေါက်ဈေးရှိပါတယ်။

ရွှေပဲသီး

အောင်ပန်းကုန်စည်ဒိုင်မှာတော့ ရွှေပဲသီးက တပိဿာကို ၁၈၀၀ ကျပ်ရှိပြီး တပိဿာကို ၇၀၀ ကျပ် ဈေးကျဆင်းသွားပါတယ်။

ဖော်ပြထားတဲ့ သီးနှံတွေထဲက မတ်ပဲကတော့ တပတ်အတွင်း ဈေးပြန်ကျဆင်းခဲ့ပါတယ်။ ပြီးခဲ့တဲ့အပတ်ကအထိ ဆက်တိုက်ဈေးတက်ခဲ့ပေမယ့် ဒီတပတ်မှာတော့ တင်ပို့မှုများပြီး အိန္ဒိယက ဈေးလျော့ဝယ်ယူမှုတွေကြောင့် ဖြစ်သလို ပဲဈေးကျမှာကို စိုးရိမ်နေတဲ့အတွက် တောင်သူတွေက အများအပြား ထုတ်ရောင်းနေကြလို့ ဈေးကျဆင်းသွားတာလည်း ဖြစ်ပါတယ်။ လက်ရှိမှာတော့ အိန္ဒိယနိုင်ငံနဲ့ နှစ်နိုင်ငံ သဘောတူပြီး ပဲရောင်းချမှုကို ဆောင်ရွက်နေပါတယ်။

အိန္ဒိယဘက်က တင်ပြထားတဲ့ ထုတ်လုပ်မှု ကုန်ကျစရိတ်အပြင် အမြတ်ရဲ့ ၃၀ ရာခိုင်နှုန်းအထိပေးပြီး ဝယ်ယူသွားမယ်ဆိုတဲ့ အချက်ကိုတော့ မြန်မာကုန်သည်တွေက သဘောတူညီမှု မရှိတာကိုလည်း တွေ့ရပါတယ်။

လက်ရှိ အိန္ဒိယနိုင်ငံရဲ့ လိုအပ်ချက်ကြောင့် မတ်ပဲက တလအတွင်း တတန်ကို ငွေကျပ် ၂ သိန်းကျော်အထိ ဈေးမြင့်တက်လာခဲ့ပါတယ်။

ပဲစင်းငုံနီကတော့ တပတ်အတွင်း ဈေးမြင့်တက်လာခဲ့ပါတယ်။ အိန္ဒိယနိုင်ငံမှာ ပဲစင်းငုံနီ ထွက်ချိန် မိုးခေါင်မှုကြောင့် ပဲအထွက်နှုန်း ကျဆင်းသွားခဲ့ပါတယ်။ ပဲအထွက်နှုန်း ကျဆင်းတဲ့အပြင် ပဲရောင်းချမှု နည်းတာကြောင့် ပြည်ပပဲကို ဝယ်ယူရတဲ့အတွက် မြန်မာ့ပဲစင်းငုံနီတွေ ဈေးတက်လာခဲ့တာလည်း ဖြစ်ပါတယ်။

လက်ရှိ အိန္ဒိယနိုင်ငံရဲ့ ရာသီဥတုက လွန်ခဲ့တဲ့ ၂၀၁၅ ခုနှစ်ကအတိုင်း ဖြစ်နေတဲ့အတွက် လာမယ့် ၂၀၁၉ ခုနှစ်မှာ ပဲစင်းငုံနီက ဈေးကွက်အခြေအနေ ကောင်းနိုင်တယ်လို့ ကုန်သည်တွေက သုံးသပ်နေကြပါတယ်။

ဖော်ပြထားတဲ့ သီးနှံဈေးနှုန်းတွေက အချိန်နဲ့အမျှ ပြောင်းလဲနိုင်ပါတယ်။

သတင်း – AMIA

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013