DVB Logo
Home
မြန်မာသတင်း
ကဗျာဆရာ မောင်ဆောင်းခ နယ်သာလန်သံရုံးကပေးသည့် လူ့အခွင့်အရေးဆုရရှိ
DVB
·
November 30, 2018
ကဗျာဆရာ မောင်ဆောင်းခ နယ်သာလန်သံရုံးကပေးသည့် လူ့အခွင့်အရေးဆုရရှိ
Donate to DVB

လွတ်လပ်စွာထုတ်ဖော် ပြောဆိုခွင့်လှုပ်ရှားမှုအဖွဲ့ - အသံအဖွဲ့ရဲ့ အမှုဆောင် ဒေါက်ရိုက်တာ ကဗျာဆရာ မောင်ဆောင်းခကို နယ်သာလန်သံရုံးက Myanmar Human Rights Tulip 2018  ဆုချီးမြှင့်လိုက်ပါတယ်။

မြန်မာနိုင်ငံမှာ လူ့အခွင့်အရေးဆိုင်ရာနဲ့ လွတ်လပ်စွာထုတ်ဖော်ပြောဆိုခွင့်အတွက်  ထူးချွန်ပြောင်မြောက်တဲ့ တိုက်တွန်းနှိုးဆော်မှုအတွက် ဆုချီးမြှင့်ရတာလို့ နယ်သာလန်သံရုံးက မောင်ဆောင်ခထံ ပေးပို့တဲ့စာမှာ ဖော်ပြထားပါတယ်။

နယ်သာလန်အနေနဲ့ လူ့အခွင့်အရေးအတွက် တိုက်ပွဲဝင်နေသူတွေကို နှစ်စဉ်ဆု ချီးမြှင့်ရာမှာ ဒါဟာ မြန်မာနိုင်ငံအတွက် ပထမဆုံး လူ့အခွင့်အရေးဆု ပေးအပ်ချီးမြှင့်တာ ဖြစ်ပါတယ်။

ဒီဆုကိုတော့ လွတ်လပ်စွာထုတ်ဖော်ခွင့်အတွက် ကာကွယ်မြှင့်တင်တဲ့အနေနဲ့ မောင်ဆောင်းခနဲ့ သူတည်ထောင်ထားတဲ့ အသံအဖွဲ့ကို ပေးအပ်ချီးမြှင့်တာလည်းဖြစ်ပါတယ်။ ဒီဆုကို လာမယ့် ဒီဇင်ဘာ ၁၁ ရက် ကျရောက်မယ့် နိုင်ငံတကာလူ့အခွင့်အရေးနေ့မှာ ပေးအပ်ချီးမြှင့်မှာဖြစ်ပါတယ်။

ဒီဆုကို ရရှိတဲ့အတွက် ၀မ်းသာဂုဏ်ယူကြောင်း ကဗျာဆရာမောင်ဆောင်းခက ပြောပါတယ်။

“ဒီဆုရတဲ့အတွက် ကျနော် အများအများကြီးဝမ်းသာပါတယ်။ နောက်တခုကကျတော့ ဒီဆုက ကျနော်တယောက်တည်း မဟုတ်ဘဲနဲ့ ကျနော်အပါအ၀င် အသံအဖွဲ့မှာ လုပ်ကိုင်ဆောင်ရွက်တဲ့ ကျနော့်ရဲ့ ရဲဘော်ရဲဘက်တွေရဲ့ ကြိုးစားအားထုတ်မှုနဲ့ အဲဒီရလဒ်တွေအပေါ်မှာ အသိအမှတ်ပြုတဲ့အနေနဲ့ ချီးမြှင့်တာဖြစ်တယ်လို့ ကျနော် နားလည်ပါတယ်။”

ဆုအနေနဲ့ကတော့ အမေရိကန်ဒေါ်လာ ၅၀၀၀ ရရှိမှာဖြစ်သလို တခြားနိုင်ငံတွေကိုလည်း သင်တန်းတွေ တက်ရောက်ခွင့်ရှိမယ်လို့ ကဗျာဆရာ မောင်ဆောင်းခက ပြောပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013