DVB Logo
Home
မြန်မာသတင်း
ဘူးသီးတောင်မြို့နယ်တောင်ပိုင်းရှိ တိုင်းရင်းသားရွာများ နိုင်ငံတကာအကူအညီမရဖြစ်နေ
DVB
·
November 30, 2018
ဘူးသီးတောင်မြို့နယ်တောင်ပိုင်းရှိ တိုင်းရင်းသားရွာများ နိုင်ငံတကာအကူအညီမရဖြစ်နေ
Donate to DVB

ရခိုင်ပြည်နယ်၊ ဘူးသီးတောင်မြို့နယ်တောင်ပိုင်းရှိ တိုင်းရင်းသားကျေးရွာတွေမှာ  နိုင်ငံတကာအဖွဲ့အစည်းတွေထံက စာနပ်ရိက္ခာ ကူညီထောက်ပံ့မှုတွေ မရရှိကြဘူးလို့ ဒေသခံ ကျေးရွာ အုပ်ချုပ်ရေးမှူးတွေက ပြောပါတယ်။

ဘူးသီးတောင်မြို့နယ်ရှိ ဒုပြင်ရှည်ရွာ၊ ကျွဲရိုင်ခပ်ရွာ၊ ပအိုးသည်မရွာနဲ့ ငလန်းပြင်စတဲ့ တိုင်းရင်းသားကျေးရွာတွေကို အိုင်စီအာစီကြက်ခြေနီအဖွဲ့နဲ့ ကုလသမဂ္ဂရဲ့ ကမ္ဘာ့စားနပ်ရိက္ခာ အစီအစဉ် (WFP) ဆီကနေ စားနပ်ရိက္ခာ အထောက်အပံ့ တကြိမ်တခါမှ လာရောက် ထောက်ပံ့တာ မရှိသေးဘူးလို့  ငလန်းပြင် ကျေးရွာအုပ်ချုပ်ရေးမှူး ဦးမောင်နီကပြောပါတယ်။

"ကျနော်တို့ ကျေးရွာက ဘူးသီးတောင်နဲ့ ၁၀ မိုင်ကျော်ဝေးပါတယ်။ ကျနော်တို့ ကျေးရွာ အကြမ်းဖက်ဖြစ်စဉ်တွေကြောင့် စပါးကလည်း မစိုက်ပျိုးလိုက်နိုင်ဘူး။ ဒါကြောင့် ကျေးရွာသူ၊ ရွာသားတွေ စားဝတ်နေရေး အလွန်အခက်အခဲရှိနေကြတယ်။ ICRC နဲ့ WFP ကတော့ ကျနော်တို့ အနီးအနားက ဘင်္ဂါလီကျေးရွာတွေကိုသာ ရိက္ခာတွေ ထောက်ပံ့နေပေမယ့် ရခိုင်ရွာတွေကိုတော့ လှည့်တောင်မကြည့်တဲ့ အနေအထားမှာ ရှိနေပါတယ်။”

ငလန်းပြင် ကျေးရွာမှာ အိမ်ခြေ ၈၀ ခန့်ရှိပြီး လူဦးရေ ၄၀၀ ကျော်၊ ဒုပြင်ရှည်ကျေးရွာမှာ အိမ်ခြေ  ၅၀ လောက်ရှိပါတယ်။

ဒုပြင်ရှည်ကျေးရွာ အုပ်ချုပ်ရေးမှူး  ဦးကျော်သန်းဦးက “ဘင်္ဂါလီကျေးရွာတွေကိုတော့  ICRC နဲ့ WFP က ရိက္ခာထောက်ပံ့မှု ၁၀ ကြိမ်လောက်ရပြီးကြပါပြီ။ ကျနော်တို့ တိုင်းရင်းသားရွာ တွေကျတော့ တခါမှ မရသေးပါဘူး" လို့ ပြောပါတယ်။

မောင်တောခရိုင် ICRC ရုံးတာဝန်ခံ Carlo Crudeli ကတော့ ပြီးခဲ့တဲ့နှစ် သြဂုတ်လ ပဋိပက္ခဖြစ်ပွားချိန်ကတည်းက ကြက်ခြေနီအဖွဲ့ဟာ ရခိုင်ပြည်နယ်အတွင်း စားနပ်ရိက္ခာနဲ့ အခြား အထောက်အပံ့ပစ္စည်းတွေကို လူပေါင်း ၃ သိန်းနီးပါးအတွက် ကူညီထောက်ပံ့ခဲ့ပြီး ဖြစ်တယ်လို့ ပြောပါတယ်။

“ခုအချိန်မှာ လူပေါင်း ၁ သိန်းကျော် လစဉ် ရိက္ခာခွဲတန်းတွေကို လက်ဝယ်ရရှိနေကြပါတယ်။ အားလုံးကို ကူညီပေးဖို့ ဆိုတာ ကျနော်တို့အနေနဲ့ မနိုင်ဝန်ထမ်းသလို ဖြစ်နေပါတယ်။ ဒါကြောင့် ကျေးရွာတိုင်းသို့ ကွင်းဆင်းကာ အခက်ခဲဆုံး ဒုက္ခအများဆုံးရှိသူတွေကို သိရှိနိုင်အောင် အကဲဖြတ်ဆောင်ရွက်မှု လုပ်ငန်းတွေကို ပြုလုပ်ခဲ့ကြပါတယ်။ ကျနော်တို့ ဆုံးဖြတ်ရွေးချယ်မူပြုလုပ်တဲ့ စံချိန်၊ စံညွှန်းတွေက ဈေးသို့ သွားရောက်နိုင်တာ၊ အခြားသောရိက္ခာ ဝင်ငွေရှိတာ၊ ဆေးကုသရေးဌာနတွေကို သွားရောက်နိုင်တာနဲ့ သြဂုတ်လဖြစ်စဉ်ကြောင့် တိုက်ရိုက်ထိခိုက်ခံရသူတွေ ဟုတ်မဟုတ်တို့ပါဝင်ပါတယ်။ သြဂုတ်လအတွင်း ဒီကျေးရွာ ၄ ရွာသို့ နောက်ဆုံးသွားရောက်ခဲ့စဉ် ကူညီထောက်ပံရန်လိုအပ်တဲ့ အရေးပေါ်အခြေအနေအဖြစ် ကျနော်တို့ အနေနဲ့ မတွေ့ရှိခဲ့ပါ။”

လာမယ့် ၂၀၁၉ ခုနှစ်အတွက် စီမံကိန်းတွေကိုတော့ ခုအခါ ပြန်လည်သုံးသပ်နေပြီး လုပ်ငန်းတွေနဲ့ စီမံကိန်းတွေကို အာဏာပိုင်အဖွဲ့အစည်းတွေကို တင်ပြသွားမှာဖြစ်ပြီး အိုင်စီအာစီအနေနဲ့ လူမျိုးဘာသာမခွဲခြားဘဲ အားလုံးသောလူမှုအသိုင်းအဝိုင်းတွေကို ကူညီပေးသွားမယ်လို့လည်း ပြောပါတယ်။

ဗညား

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013