DVB Logo
Home
မြန်မာသတင်း
ရေနွေးပူလောင်းခံရသူနှင့် ရွှေဆိုင်ပိုင်ရှင် အပြန်အလှန်အမှုဖွင့်
DVB
·
November 30, 2018
ရေနွေးပူလောင်းခံရသူနှင့် ရွှေဆိုင်ပိုင်ရှင် အပြန်အလှန်အမှုဖွင့်
Donate to DVB

ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ပန်းတောင်းမြို့မှာ ရွှေဆိုင်ပိုင်ရှင် အမျိုးသမီးကြီးတဦးက ရွှေအပ်နှံထားတဲ့ အသက် ၃၀ ကျော်အရွယ် အမျိုးသမီးတဦးကို ရေနွေးပူနဲ့ လောင်းမှုဖြစ်ပွားပြီး ရဲစခန်းမှာ အပြန်အလှန် အမှုဖွင့်လိုက်ပါတယ်။

နိုဝင်ဘာ ၂၄ ရက်က ပန်းတောင်းမြို့၊ မင်းရပ်ကွက်မှာ ရွှေဆိုင်ဖွင့်ထားတဲ့ ဒေါ်ညွန့်ညွန့်က ရွှေထည်လာရွေးတဲ့ ဒေါ်မိုးသူဇာကို ရေနွေးပူနဲ့ လောင်းခဲ့တာနဲ့ ပတ်သက်ပြီး အမှုဖွင့် လိုက်တာလို့ ပန်းတောင်းမြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူးကျော်ဆန်းက ပြောပါတယ်။

“ဒီကိစ္စအတွက် ပန်းတောင်းမြို့မရဲစခန်းက နှစ်ဖက်စလုံးကို အမှုဖွင့်ပေးထားတယ်။ ရေနွေးနဲ့အပက်ခံရတဲ့ မိန်းကလေးက ငွေသွားချေးတာကို မပေးလို့ အိမ်ရှင်ကို စတင်ရန်လုပ်လို့ အိမ်ရှင်က လက်တုံ့ပြန်တာ။”

အမှုဖြစ်ပြီး နောက်တနေ့  နိုဝင်ဘာ ၂၅ ရက်မှာပဲ ဒေါ်မိုးသူဇာက ဒေါ်ညွန့်ညွန့်ကို  (ပ) ပုဒ်မ ၃၂၄ ဒဏ်ရာရစေမှုနဲ့ ရဲခစန်းမှာအမှုဖွင့်ထားသလို ဒေါ်ညွန့်ညွန့်ကလည်း ဒေါ်မိုးသူဇာကို ပုဒ်မ ၄၅၁ ပိုင်နက်ကျူးလွန်မှု၊ နာကျင်စေမှုပုဒ်မ ၃၂၃ နဲ့ ပြန်အမှုဖွင့်ထားပါတယ်။

ရေနွေးပူနဲ့ လောင်းခဲ့တဲ့ အသက် ၇၀ ကျော်အရွယ် ဒေါ်ညွန့်ညွန့်ဟာ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် တဦးရဲ့ မိခင်ဖြစ်ပါတယ်။ ဒီကိစ္စ လွှတ်တော်ကိုယ်စားလှယ်ကို ဖုန်းနဲ့ဆက်သွယ်ခဲ့ရာ ဖြေဆိုဖို့ ငြင်းဆန်ခံ့ပြီး သူ့အမေကိုလည်း မေးမြန်းခွင့်မပြုဘူးလို့ ဒီဗွီဘီကို ပြောပါတယ်။

ရွှေဆိုင်မှာ လက်စွပ်လုပ်ထားရာမှာ ရွှေရည်မပြည့်တာကြောင့် ပြန်အပ်ထားတဲ့ကိစ္စကို လာပြောချိန်မှာ အိမ်ရှင် ဒေါ်ညွန့်ညွန့်က ရေနွေးထည့်ထားတဲ့ ပုံးနဲ့ လောင်းချလိုက်တဲ့အတွက် တကိုယ်လုံးနီးပါး ရေနွေးပူလောင်သွားခဲ့တယ်လို့ ကာယယံရှင် ဒေါ်မိုးသူဇာက ပြောပါတယ်။

ရေနွေးပူလောင်တဲ့ ဒဏ်ရာတွေနဲ့ ပန်းတောင်းဆေးရုံမှာ ဆေးကုသမှု ခံယူခဲ့ရပြီး လက်ရှိမှာတော့ ဆေးရုံစရိတ် အခက်အခဲရှိနေလို့ ပတ်ဝန်းကျင် အကူအညီနဲ့ ဆေးကုနေရတယ်လို့ ဆိုပါတယ်။

ဒေါ်မိုးသူဇာရဲ့ ခင်ပွန်း ဦးစောမင်းအောင်ကတော့ ဆေးကုသစရိတ်နဲ့ လက်စွပ်ပြန်ရရင် ကျေနပ်တယ်လို့ ပြောပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013