DVB Logo
Home
မြန်မာသတင်း
နမ္မတူမြစ်တွင်း မျောပါသွားသည့် ကိုရီးယားသူကို တပတ်ကျော်ကြာထိ ရှာမတွေ့သေး
DVB
·
November 30, 2018
နမ္မတူမြစ်တွင်း မျောပါသွားသည့် ကိုရီးယားသူကို တပတ်ကျော်ကြာထိ ရှာမတွေ့သေး
Donate to DVB

ရှမ်းပြည်မြောက်ပိုင်း သီပေါမြို့နယ် မိုးတေကျေးရွာအုပ်စုထဲမှာ ပြီးခဲ့တဲ့အပတ်က ကိုရီးယားနိုင်ငံက ကမ္ဘာလှည့်ခရီးသည်တဦး နမ္မတူမြစ်ထဲပျောက်ဆုံးသွားခဲ့ပြီး တာဝန်ရှိသူတွေ နေ့စဉ်နဲ့အမျှ ရှာဖွေကယ်ဆယ်ရေးတွေ လုပ်ဆောင်နေပေမယ့် ဒီနေ့ထိ ရှာလို့မတွေ့သေးပါဘူး။

အသက် ၄၅ နှစ်အရွယ် ကိုရီးယားနိုင်ငံသူ Miss Houng Hee Young Heo ဆိုသူမှာ ပြီးခဲ့တဲ့ နိုဝင်ဘာ ၂၃ ရက် မနက် ၉ နာရီခွဲလောက်က နမ္မတူမြစ်ထဲ ဘောကျွတ်ကွင်းနဲ့ စုန်ဆင်း ကစားစဉ် ရေစီးနဲ့အတူ ပျောက်ဆုံးသွားခဲ့တာလို့ သီပေါမြို့နယ်ရဲတပ်ဖွဲ့မှ ဒုရဲမှူး မြင့်ကျော်က ဒီဗွီ ဘီကို ပြောပါတယ်။

“ပျောက်သွားတဲ့နေရာက သီပေါနဲ့ နမ္မတူမြို့နယ်အစပ်၊ နမ္မတူမြစ်ရဲ့ မိုးတေချောင်းအပိုင်းမှာပေါ့။ သူက ချောင်းထဲကို ဘောကျွတ်ကွင်းနဲ့ ကူးခတ်နေတုန်း ရေစီးသန်လာပြီး မျောပါသွားတာ။ သတင်းရရချင်း ကျနော်တို့ ရှာဖွေရေးကယ်ဆယ်ရေး လုပ်ပါတယ်။ ရဲတပ်ဖွဲ့ပါတယ်၊ မီးသတ်တပ်ဖွဲ့၊ လ၀က၊ ကြက်ခြေနီ၊ ထွေအုပ်၊ ဟိုတယ်နဲ့ ခရီးသွားလုပ်ငန်းအေဂျင်စီ၊ ဟိုတယ်နဲ့ ခရီးညွှန်ကြားမှုအဖွဲ့၊ အဖွဲ့ပေါင်းစုံပူးပေါင်းပြီး လိုက်ရှာကြပါတယ်။ အခု ကိုရီးယားကောင်စစ်ဝန် အဖွဲ့လည်းရောက်နေတယ်၊ ရေနစ်သူရဲ့ အကိုလည်းရောက်လာပါပြီ။ နေ့ခင်းပိုင်းကို တောက်လျှောက်ရှာနေပါတယ်။ ညပိုင်းလည်း စက်လှေသမားတွေကို မှာထားတယ်ဗျ။ ချောင်း ကတော်တော်ရှည်တော့ အခက်အခဲရှိတယ်။ သူက ဒုဌ၀တီမြစ်ထဲစီးသွားတာ။ မိုးတေကနေ ဖြတ်ဆင်းလာရင် ရွာတွေလည်း အများကြီးပဲ။ တွေ့ရင်အကြောင်းကြားဖို့ ရှိသမျှရွာတွေအကုန် အကြောင်းကြားထားပါတယ်။ သူ့အကိုက တရားလိုလုပ်ပြီးတော့ ကျနော်တို့ရဲစခန်းမှာ လူပျောက်မှုနဲ့ အမှုဖွင့်ထားပါတယ်။”

နိုဝင်ဘာ ၂၃ ရက်နေ့က ရေထဲဆင်းသွားတဲ့ နိုင်ငံခြားသားက ၅ ဦးရှိကြောင်း၊ ဘယ်လ်ဂျီယံ နိုင်ငံသား ၂ ဦး၊ ပြင်သစ် ၁ ဦး၊ အီတလီ ၁ ဦးနဲ့ ပျောက်ဆုံးကိုရီးယားသူ ၁ ဦးဖြစ်တယ်လို့ ဆိုပါတယ်။

သီပေါကို လာလည်တဲ့ ကမ္ဘာလှည့်ခရီးသည်တွေအနေနဲ့ သီပေါမြို့ပေါ်တ၀ိုက်သာ လည်ပ တ်ခွင့်ရှိပြီး အခု ကိုရီးယားသူပျောက်ဆုံးတဲ့နေရာမှာ သီပေါနဲ့ မိုင်ပေါင်း ၄၀ ခန့်ကွာဝေးတဲ့ သက်ဆိုင်ရာက တားမြစ်ထားတဲ့နေရာတွေဖြစ်ကြောင်း၊ သူတို့အစီအစဉ်နဲ့ သူတို့သွားကြတာမို့ ထိန်းချုပ်မရဘူးလို့ ဒုရဲမှူးက ပြောသွားပါတယ်။

 

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013